နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နိုင်ငံရေး အကျဉ်း သားများကို လွှတ်ပေးသည့်အထဲတွင် နိုင်ငံတော်ပုန်ကန်မှုဖြင့် နှစ်ရှည် ထောင် ဒဏ်ချမှတ်ခံထားရသူ ဒေါက် တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့လည်း ပါဝင်ခဲ့သည်။
ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့သည် အင်းစိန်အကျဉ်းထောင်ကနေ ယနေ့ မနက် ၁၁ နာရီ ၂၀ မိနှစ်ခန့်က လွတ်မြောက် လာခြင်း ဖြစ်ကြောင်း ၎င်းနှင့် ကိုယ်တိုင် ဖုန်းပြောလိုက်ရသူ မိသားစုဝင်များက ပြောသည်။
ဒေါက်တာအေးမောင်၏ မိတ်ဆွေဦးအောင်သန်းဝေက “ သူ ( ဒေါက်တာ အေးမာင် ) နဲ့ ကိုဝေဟင်အောင်တို့လွတ်ပါပြီ။ ကျနော်နဲ့ တိုက်ရိုက် ဖုန်းပြောလိုက်ရတယ်။ ဘယ်လိုလွတ် လာတယ်ဆိုတာတော့ ကျနော်လည်း မသိဘူး။ သူပဲသိပါလိမ့်မယ်။ ” ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့ ပြည်ထောင်စုနေ့တွင် အကျဉ်းထောင် ၊ အချုပ်ထောင် ၊ စခန်းအသီး သီးတွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား/သူ ၂၃၃၁၄ ဦးတို့ အား ပြစ်ဒဏ် လွတ်ငြိမ်း ချမ်းသာခွင့်ပြုလိုက်ကြောင်းလည်း နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က လက်မှတ် ထိုးက ယနေ့ ထုတ်ပြန်ထားသည်။
ထိုထုတ်ပြန်ချက်တွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ ( ၁ ) အရ “ နောက် တကြိမ် ပြစ်မှုထပ်မံကျုးလွန် ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ဖြစ် ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ”ဟူသော စည်းကမ်း သတ်မှတ်ချက် များဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များ အပေါ် လျော့ပေါ့၍ ပြစ် ဒဏ်လွတ်ငြိမ်း ချမ်း သာခွင့်ပြုလိုက်ကြောင်းလည်း ဖော်ပြ ထားသည်။
ယနေ့ အကျဉ်းသားများကို လွတ်ပေးသည့်အထဲတွင် စစ်တွေအကျဉ်းထောင်မှ အကျဉ်း သား ၂၃၁ ဦး ပါဝင်ခဲ့ရာ ၎င်းအထဲတွင် တပ်မတော်က ခွင့်မဲ့ပျက်ကွက်မှုဖြင့် ပြစ်ဒဏ် ချခံရသူများ ၊ မူယစ်ဆေးဝါးမှုဖြင့် ပြစ်ဒဏ်ချခံရသူများနှင့် မွတ်စလင်များလည်း ပါဝင် ကြော င်း သိရသည်။
ပြီးခဲ့သော ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို ၌ကျင်းပသော ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ဝမ်းနည်းမှု အထိမ်းအမှတ် စာပေ ဟော ပြောပွဲနှင့် ပတ်သက်ပြီး ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင် အောင် တို့၏ ဟောပြောချက်များသည် ဥပဒေနှင့် မလွတ်ကင်းဟုဆိုကာ NLD အစိုးရနိုင်ငံ တော်အကြည် ညို ပျက်စေမှုပုဒ်မ ၅၀၅ (ခ) ၊ နိုင်ငံတော်ပုန် ကန် မှုပုဒ် မ ၁၂၂ တို့ နှင့်အမှုဖွင့်တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် နှစ်၂၀ ချမှတ်ခဲ့သည်။
You may also like these stories:
နိုင်ငံ့ ဝန်ထမ်းများ လုပ်ငန်းခွင် ပြန်ဝင်ရန် အာဏာသိမ်းခေါင်းဆောင်ပြော
မဲရလဒ်ပြောင်းရေး ဖိအားပေးရန် ရွေး/ကော် ဥက္ကဋ္ဌများကို ဖမ်းဆီးဟု သံသယရှိ
မြန်မာ့စစ်ခေါင်းဆောင် ၁၀ ဦးကို အမေရိကန် ဒဏ်ခတ်အရေးယူ