သတင်း

မှော်ဘီမှာ ညဘက်ဖမ်းမိတဲ့ ရဲနှင့် အရပ်သားကို ပုဒ်မ ၂ ခုနှင့် အရေးယူ

ယမန်နေ့ညပိုင်းက မှော်ဘီမြို့နယ်တွင် ဆေးခြောက်နဲ့အတူ ဖမ်းမိခဲ့သည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် အရပ်သားတဦးတို့ အား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ၊ မူးယစ်ဆေးဝါးတို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မှော်ဘီမြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးရွှေဌေးက ပြောသည်။

ရဲမှူးရွှေဌေးက “အဲဒီမှာပါတဲ့ ရဲနှစ်ယောက်လုံး မြို့နယ်ထဲက ရဲအမှန်ပါပဲ၊ အခု ရဲစည်းကမ်းအရရော၊ မူးယစ် ဥပ ဒေနဲ့ရော အရေးယူထားပါပြီ၊ ကျနော်တို့ တပ်ဖွဲ့ဝင်တွေက တာဝန်အရ သွားကြတာပါခင်ဗျာ၊ အကြောင်းမဲ့ သွားကြတာ မရှိပါဘူး” ဟု ပြောသည်။

ဒေသခံများ၏ အဆိုအရ ကနဦးတွင် လူ ၄ ဦးမှ ကားတစီးဖြင့် ဝင်ရောက်လာခြင်းဖြစ်ပြီး ဖမ်းမိချိန်တွင် ရဲတပ်ဖွဲ့ ဝင်တဦးနှင့် ရဲသတင်းပေးဟုယူဆရသူ တဦးတို့အား တွေ့ရှိရပြီး ကားပေါ်ရှိ လွယ်အိတ်အတွင်းမှ လက်ထိပ်၊ ဆေး ခြောက်နှင့် ဓားမြောင်တချောင်း၊ လောက်လေးဂွ တလက်တို့ကို တွေ့ခဲ့ကြောင်း ပြောကြသည်။

ဖမ်းမိသူ နှစ်ဦးအား လူထုက ထိန်းသိမ်းမေးမြန်းနေစဉ် နယ်ထိန်းဆိုသူတဦး ထပ်မံရောက်ရှိလာခဲ့သည့် ၃ ဦးလုံး အား မေးမြန်ကြစဉ် မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ရဲအင်အား ၂၀ ခန့်ဖြင့် ရောက်ရှိလာသည့်အတွက် ၎င်းတို့ ၃ ဦးအား ည တွင်းချင်းပင် ရဲတပ်ဖွဲ့ထံသို့ အပ်နှံခဲ့ကြကြောင်း ဒေသခံတဦးကပြောသည်။

ဖမ်းဆီးရာတွင် ပါဝင်သူ ပြည်သူတဦးက “လာတာက ၄ ယောက်မှာ တယောက်ကတော့ လွတ်သွားတယ်၊ ပထမ က လူ ကြီးတွေက ရဲလက်မအပ်ဖို့ ဆုံးဖြတ်ကြတယ်။ အဲဒီအချိန်မှာ သူတို့ကို အသွင်ယူထားတဲ့သူ တယောက် ယောက်က ရိုက်လိုက်ရင် ရပ်ကွက်က ဝိုင်းရိုက်ပါတယ်ဆိုပြီး မလိုလားအပ်တဲ့ အနေအထားမျိုးဖြစ်လာနိုင်တယ်၊ အဲအတွက် သူတို့ကို ရဲလက်အပ်လိုက်တာပါ” ဟု ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍လည်း လွှတ်တော်ကိုယ်စားလှယ်များနှင့် ချိတ်ဆက်ကာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ထံသို့ သတင်းပေးပို့ထားပြီဖြစ်ကြောင်းလည်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် ဆန့်ကျင်ဆန္ဒပြသူများအား ညအချိန် ဝင်ရောက်ဖမ်းဆီးခြင်း၊ ထောင်မှလွတ်လာသူအ ချို့အား အသုံးချကာ ဆူပူမှုဖြစ်စေရန် ဖန်းတီးမည်ဆိုသည့် သတင်းများကြောင့် ပြည်သူများအနေဖြင့် လုံခြုံရေး ကိုယ်တိုင် တာဝန်ယူနေရပြီး မြို့နယ်အချို့တွင် မူးယစ်ဆေးသုံးစွဲထားဖွယ် ယူဆရသူအချို့ကိုလည်း ဖမ်းဆီးရမိခဲ့ သည်။

မှော်ဘီမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဦးက “ကျနော်တို့မြို့နယ်မှာဖြစ်တာ တခြားနေရာတွေနဲ့ မတူဘူး၊ ရဲတပ်ဖွဲ့ဝင်တွေပါနေတယ်။ ဘာပဲဖြစ်ဖြစ် အားလုံးက သတိဝိရိယနဲ့ ဆောင်ရွက် နေရတာပေါ့၊ ရပ်ကွက်တွေ ရွာတွေမှာလည်း လုံခြုံးရေးအဖွဲ့တွေ ဖွဲ့ဖို့တိုင်ပင်နေကြတယ်” ဟု ပြောသည်။

ပြည်သူအချို့ကလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေသည့် ပုံရိပ်အား လူထုမှ လူစု လူဝေးဖြင့် အကြမ်းဖက်နေသည့်သဖွယ် ပုံရိပ်ဖျက်ဆီးရန်နှင့် ဝါဒဖြန့်ချိရေးအတွက် အသုံးချခံမဖြစ်စေရန် ယခုကဲ့ သို့ ရပ်ကွက်အတွင်း ဖမ်းမိထားသူများအား ဝိုင်းဝန်းရိုက်နှက် နှိပ်စက်ခြင်းများ မပြုလုပ်ကြဘဲ နောက် ကွယ်မှ ခိုင်းစေမှုများရှိမရှိ သက်သေအထောက်အထားများ မေးမြန်ရယူကာ ရဲတပ်ဖွဲ့ထံသို့ အပ်နှံရန် တိုက်တွန်းလျှက်ရှိ သည်။

ယင်းဖြစ်ရပ်များသည် ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) က အကျဉ်းသားများ လွတ်ငြိမ်းချမ်းသားပေးပြီး နောက် ညပိုင်းကစတင်ကာ ဖြစ်ပွားလာခြင်းဖြစ်ပြီး လတ်တလောတွင် ရပ်ကွက်အလိုက် ရပ်/ရွာ လုံခြုံရေးအဖွဲ့ များ ဖွဲ့စည်းလျှက်ရှိနေကြသည်။

You may also like these stories:

မြန်မာ့စစ်အာဏာသိမ်းမှု ညွှန်ကြားသူများအပေါ် ဘိုင်ဒင် အရေးယူပိတ်ဆို့

တပ်မတော် အာဏာသိမ်းမှု အပေါ် နယူးဇီလန်နဲ့ သြစတြေးလျ ပြောပြီ

Loading