သတင်း

ယနေ့ ဖွင့်လှစ်ခဲ့သော စစ်တပ်ပိုင်ဘဏ်တချို့ ငွေထုတ်သူများပြား၍ ပြန်ပိတ်ရ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံရှိဘဏ်များကို ဖေဖော်ဝါရီ ၁၅ ရက်တွင် လုံခြုံရေးများထားရှိ၍ ဖွင့်လှစ်ကြရန် စီစဉ်ထားသော်လည်း ယနေ့ ဖွင့်လှစ်ခဲ့သည့် စစ်တပ်ပိုင်ဘဏ်တချို့တွင်လည်း ငွေထုတ်သူများပြားခဲ့သဖြင့် ပြန်လည်၍ ပိတ်ခဲ့ရကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ မြဝတီဘဏ်များကို ယနေ့မနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်ယူသူများပြားခဲ့သဖြင့် ဘဏ်တာဝန်ရှိသူများ က ထွက်၍ ဖြေရှင်းခဲ့ရပြီးနောက် လက်ရှိ ဖြစ်ပေါ်နေသော ကိုဗစ်ရောဂါကြောင့် နေ့လယ် ၁၂ နာရီတွင် ဘဏ်ပိတ်မည်ဖြစ် ပြီး နောက်နေ့ နံနက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ယင်းဘဏ်များက ကြေညာခဲ့သည်။

ရန်ကုန်မြို့ရှိ မြဝတီဘဏ် ရုံးချုပ်မှ တာဝန်ရှိသူတဦးက “ဒီနေ့က ဘဏ်ဖွင့်ပါတယ်။ ဒါပေမယ့် ငွေထုတ်သူများတဲ့အတွက် နေ့လယ် ၁၁ လောက်မှာ ပြန်ပိတ်ခဲ့တာပါ။ မနက်ဖြန်မှာတော့ ဖွင့်မှာပါ” ဟု ပြောဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်း စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီ ၁၅ ရက်တွင် ဘဏ်များ လုံခြုံရေးများရယူ၍ ဖွင့်လှစ်အတွက် ညွှန်ကြားထားသော်လည်း ယနေ့တွင် ပုဂ္ဂလိကဘဏ်အားလုံး ပိတ်ထားလျက်ရှိပြီး ဘဏ်ဝန်ထမ်းများအနေဖြင့် CDM လှုပ် ရှားမှုတွင် ပါဝင်နေကြသဖြင့် ဝန်ထမ်းမရှိသဖြင့် ပိတ်ထားရကြောင်း ယင်းဘဏ်များ၏ တာဝန်ရှိသူတချို့က ပြောဆိုထား သည်။

ရန်ကုန်မြို့ရှိ KBZ ဘဏ် ဝန်ထမ်းတဦးက “ကျနော်တို့ဘဏ်ခွဲတွေအားလုံး ပိတ်ထားပါတယ်။ ပိတ်ထားတဲ့အကြောင်းနဲ့ ငွေထုတ်လိုသူတွေအတွက် နီးစပ်ရာ ATM စက်တွေမှာ ထုတ်ယူနိုင်တဲ့အကြောင်းကိုလည်း ဝက်ဘ်ဆိုက်မှာ အကြောင်း ကြားထားပါတယ်” ဟု ပြောသည်။

ယနေ့တွင် ဘဏ်များ ဖွင့်လှစ်ပါက ပြည်သူများက ငွေများထုတ်ယူရမည်ကို စိုးရိမ်နေသည့်အတွက် ပုဂ္ဂလိကဘဏ်များက ပိတ်ထားကြခြင်းဖြစ်ကြောင်း ပြောဆိုမှုများလည်းရှိနေသလို၊ မြန်မာ့စီးပွားရေးဘဏ်များတွင် စစ်တပ်က လုံခြုံရေးများချ ထားသည့်အပြင် ငွေထုတ်ယူမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများဘဏ်မှ တာဝန်ရှိသူတဦးက ဘဏ်တွင်အပ်နှံထားသည့်ငွေများအတွက် စိတ်မပူကြရန်၊ မြန်မာနိုင်ငံ တွင် ဘဏ်များ ဒေဝါလီခံခြင်း မရှိခဲ့သလို စနစ်တကျ ဖျက်သိမ်းခြင်းမျိုးသာ ရှိခဲ့ကြောင်း အပ်နှံထားသည့် ငွေများကို ပြန် လည် ထုတ်ပေးသည့်အတွက် ငွေကြေး ဆုံးရှုံးမှုမျိုး မရှိနိုင်ကြောင်းနှင့် မိမိတို့လက်ထဲတွင်ထားခြင်းထက် ဘဏ်တွင် ထားခြင်းက ပိုစိတ်ချရကြောင်း ဘဏ်များတွင် စုပြုံတိုး၍ အပ်ထားသည့်ငွေများကို ပြန်မထုတ်ကြရန်၊ ကောလဟလများကို မယုံကြည်ကြရန်လည်း သူ၏ လူမှုကွန်ရက် Facebook page မှတဆင့် ပြောကြားထားသည်။

ဘဏ်များကို ယာယီပိတ်ထားသော်လည်း ATM နှင့် မိုဘိုင်းလ် Banking ဝန်ဆောင်မှုများကို အင်တာနက်လိုင်းများ အဆင် ပြေနေသရွေ့ ဆက်လက် ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း ပုဂ္ဂလိကဘဏ်တခုက အကြီးတန်းအရာရှိတဦးက ဆို သည်။

သို့သော် ပုဂ္ဂလိကဘဏ်များပြန်လည် ဖွင့်လှစ်မည့်နေ့ကို ကြေညာထားခြင်း မရှိသေးသလို၊ သက်ဆိုင်ရာ ဘဏ်များ အသင်းနှင့် ဗဟိုဘဏ်တို့က ညွှန်ကြားချက်တစုံတရာလည်း ထုတ်ပြန်ထားခြင်း မရှိသေးပေ။

လက်ရှိတွင် ပြည်တွင်း ပုဂ္ဂလိဘဏ်များအပြင် အစိုးရပိုင် မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများလည်း CDM လှုပ်ရှားမှုများတွင် ပါဝင်နေကြလျက်ရှိသည်။

You may also like these stories:

ကုန်သွယ်ရေးလုပ်ငန်းတချို့ ယာယီ ရပ်

CDM လှုပ်ရှားမှုတွင် ဝန်ထမ်းများပါဝင်နေကြ၍ ပုဂ္ဂလိကဘဏ်တချို့ ပိတ်ထား

Did you find apk for android? You can find new Free Android Games and apps.
Loading