တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝှမ်း စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများ အရှိန်မြင့် လာနေသော်လည်း ရခိုင်ပြည်နယ်တွင် သံတွဲခရိုင်တခုလောက်သာ လှုပ်ရှားမှုများ ပြုလုပ်လျက် ရှိသည်။
ရခိုင်လူထုသည် ပြီးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် စစ်ဘေး၊ စစ်ဒဏ်ကို ဆိုးရွားစွာ ခံ စားခဲ့ကြရသဖြင့် ယခုလို စစ်အာဏာ သိမ်းလိုက်ခြင်းသည် ထပ်မံဆိုးရွာစရာ အကြောင်းမရှိ ဟူသည့် အတွေးများ ပြည်သူ လူထုအကြား ဖြစ်ပေါ်နေသည်ဟု ကျောက်ဖြူ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသင်းမှ ကိုထွန်းကြည်က ပြောသည်။
၎င်းက “ရခိုင်ပြည်နယ်ရဲ့ အနေအထားက အာဏာမသိမ်းရင်လည်း စစ်အုပ်ချုပ်ရေးအောက်မှာ ရှိနေတယ်။ အာဏာသိမ်း ရင်လည်း စစ်အုပ်ချုပ်ရေးအောက်မှာ ရှိနေတယ်ဆိုတာ ပြည်သူတွေကြားမှာ အဲဒီ သတင်းစကားကို ကြားရတယ်။ အဲဒီ အ တွက်ကြောင့် လူထုလူပ်ရှားမှုတွေ၊ လူထုပေါက်ကွဲမှုတွေက တခြားပြည်နယ်တွေလို မတွေ့ရဘူူး” ဟု ၎င်းက သုံးသပ် ပြော ဆိုသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးမှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကလည်း ဒီမိုကရေစီ အပြောင်းအလဲတွင် ရခိုင်အနေဖြင့် အကျိုးခံစားခွင့် မရခဲ့သောကြောင့် လူထု မျှော်လင့်ချက်ခြင်း မတူညီကြောင်း၊ ပြည်မမှလူများက ၎င်းတို့ ရ ရှိနေသော ဒီမိုကရေစီအခွင့်အရေးကို ဆုံးရှုံးသွားခြင်း ဖြစ်သော်လည်း ဒီမိုကရေစီ အစိုးရလက်ထက်တွင် ဆုံးရှုံးမှု များစွာ ရှိခဲ့သည့် ရခိုင်လူထုအတွက် စစ်အာဏာသိမ်းခြင်းသည် လက်ရှိ အခြေအနေထက် ပိုမို ဆိုးရွားသွားမည်မဟုတ် ဟူသော အမြင်များ ရှိနေကြောင်း ပြောသည်။
ထိုသို့သော အမြင်၊ ခံယူချက်များကြောင့် ရခိုင်ပြည်နယ်အတွင်း သံတွဲ၊ တောင်ကုတ်၊ ဂွ၊ မာန်အောင်၊ အမ်း စသည့် မြို့နယ် များမှအပ ကျန်မြို့နယ်များတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများ မမြင်တွေ့ရခြင်း ဖြစ်သည်ဟုလည်း သုံး သပ်ပြောဆိုကြသည်။
သို့သော် စစ်အာဏာရှင်စနစ်ကို ဘုံရန်သူအဖြစ် သတ်မှတ်ကာ တိုင်းရင်းသား ပြည်သူတရပ်လုံးနှင့် လက်တွဲ တိုက်ပွဲဝင်ရ မည်ဟု ခံယူထားသည့် ရခိုင်လူငယ်များလည်း ရှိသည်။
ယနေ့ သံတွဲမြို့ ဆန္ဒပြပွဲတွင် ပါဝင်သူ မကေဇင်ဦးက “ကျမတို့ကတော့ စစ်အာဏာသိမ်းတဲ့အပေါ် လုံးဝ လက်မခံဘူး။ စစ် အာဏာရှင်တွေကို ဗုံးခိုကျင်းထဲက လူတွေလည်း ဗုံးခိုကျင်းထဲက ထွက်ဖို့အတွက် တိုက်ပွဲဝင်ရမယ်။ ဒီတိုက်ပွဲပြီးမှ တိုင်း ရင်းသားအရေး ဆက်လက်တိုက်ပွဲ ဝင်ရမယ်။ အဲဒီလိုပဲ နားလည်တယ်” ဟု ပြောသည်။
ရန်ကုန်မြို့ပေါ်ရှိ ရခိုင်တိုင်းရင်းသား လူငယ်များကလည်း တခြားတိုင်းရင်းသားနှင့်အတူ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ် ရှားမှုများတွင် ပူးပေါင်းပါဝင်လျက် ရှိသည်။
ရခိုင်ပြည်နယ်အတွင်း မြို့နယ်အတော်တော်များ၌ စစ်အာဏာရှင် ဆန့်ကျင်သည့် ဆန္ဒပြပွဲများ မဖြစ်ပွားစေရန် အာဏာပိုင် များက အထူးစောင့်ကြည့်ပြီး စီမံဆောင်ရွက်နေမှုများ ရှိနေသောကြောင့် တခြား တိုင်းနှင့်ပြည်နယ်များလောက် ဆန္ဒပြမှု များ မရှိခြင်း ဖြစ်သည်ဟူသော ပြောဆိုမှုများလည်း ထွက်ပေါ်နေသည်။
လက်ရှိတွင်လည်း ရခိုင်ပြည်နယ်အတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်နေသူများထဲမှ တချို့ကို သဘာ ဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပေဒ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေများဖြင့် အမှု ဖွင့် ဖမ်းဆီးခံရမှုများ ရှိနေကြောင်း သိရသည်။
တဖက်တွင်လည်း ရခိုင်ပြည်နယ်အတွင်း အင်အားကြီး ပါတီတခုဖြစ်သော ရခိုင်အမျိုးသားပါတီ (ANP) ပါတီ ထိပ် ပိုင်းခေါင်းဆောင်များ အာဏာသိမ်း တပ်မတော်က ဖွဲ့စည်းလိုက်သော အစိုးရအဖွဲ့တွင် ဝင်ရောက်ပြီး ပူးပေါင်းပါဝင်ခဲ့ခြင်း အပေါ် ဝေဖန်မှုများ မြင့်တက်လျက် ရှိသည်။
တပ်မတော် ခေါင်းဆောင်များသည် အာဏာ သိမ်းယူပြီးသည့် နောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း၌ ဒေသတွင်း သွားလာမှု များအပေါ် ကန့်သတ်တားမြစ်ခြင်းများကို ဖြေလျော့ပေးခဲ့သလို နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသည့် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် တို့ကိုလည်း ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့် ပြု ခဲ့သည်။
ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တပ်မတော်က နိုင်ငံတော်၏ အချုပ်အခြာ အာဏာ ၃ ရပ်စလုံးကို သိမ်းယူပြီး ပြည်သူက ရွေး ကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ ခေါင်းဆောင်များနှင့် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးဆိုင်ရာ တက် ကြွလှုပ်ရှားသူများကို ဖမ်းဆီးထိန်းသိမ်းခဲ့သည့်အတွက် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး အပါအဝင် တိုင်းနှင့်ပြည်နယ် အ သီးသီးတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အရှိန်အဟုန်ဖြင့် ပြုလုပ်လျက်ရှိသည်။
You may also like these stories:
ဒေါက်တာ မေဝင်းမြင့်နှင့် ဦးအောင်ကြည်ညွန့်တို့ ရှိမည်ထင်၍ NLD ရုံးချုပ်ကို ဝင်ရှာ
ယနေ့ ဖွင့်လှစ်ခဲ့သော စစ်တပ်ပိုင်ဘဏ်တချို့ ငွေထုတ်သူများပြား၍ ပြန်ပိတ်ရ