သတင်း

မန္တလေး မီးရထားဝန်ထမ်း အိမ်ရာဝင်းကို စစ်တပ်နှင့် ရဲ ပစ်ခတ်မှု ၂ဦး ဒဏ်ရာရ

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့အတွင်း စစ်အာဏာရှင် လက်အောက် အလုပ်လုပ်ဘဲ ဆန္ဒပြလှုပ်ရှားမှု (Civil Disobedience Movement- CDM) လုပ်ဆောင်နေသည့် မီးရထား ဝန်ထမ်းများနေအိမ်ကို ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်းက ရဲတပ်ဖွဲ့နှင့် တပ်မတော်၊ တပ်ဖွဲ့ဝင်များက အင်အားဖြင့် ပစ်ခတ်ကာ အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

အကြမ်းဖက် တိုက်ခိုက်မှုကြောင့် မီးရထား သန့်ရှင်းရေး ဝန်ထမ်း အိမ်ဝင်းအတွင်းမှ ဝန်ထမ်း ၁ ဦး၊ မီးရထား သံလမ်းအနီး ရှိ ပရဟိတ ဓါရီအသင်းမှ အသင်းသား ၁ ဦး ကျည်ထိဒဏ်ရာ တချက်စီ ရရှိပြီး ပရဟိတအသင်း၏ ယာဉ်၂ စီးလည်း ထိ ခိုက်သွားသည်။

မီးရထားသန့်ရှင်ရေး ဝန်ထမ်းတဦးဖြစ်သည့် ကိုအောင်မျိုးဦးက “မနေ့က သူတို့ ဝင်လာတော့ ကျနော်တို့က ဘာလုပ်မလို့ လဲ လှမ်းမေးတာမပြောဘဲ ဝင်လာပြီး သေနတ်တွေနဲ့ လှမ်းပစ်တာ ကျနော်တို့ ရှောင်ပြီးပြေးတော့ အိမ်ထဲထိ လိုက်ပစ်တာ။ အိမ်ထဲမှာ ကလေးတွေနဲ့ ကိုယ်ဝန်သည်တွေ ရှိတယ် မပစ်ပါနဲ့ ပြောလည်း မရဘူး။ အဲဒီမှာ ကျနော့်ခြေထောက် လာမှန် တာပါ” ဟု ပြောသည်။

ရဲတပ်ဖွဲ့နှင့် တပ်မတော်၊ တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား ၃၀ နှင့် အထက်က ဒိုင်းများ ကာရံကာ ညာသံပေး ရောက်လာ ပြီး CDM ပြုလုပ်နေသည့် ဝန်ထမ်းအိမ်ရာနှင့် မီးရထား သံလမ်းတလျှောက်ရှိ အချက် ၅၀ နှင့်အထက် ပစ်ခတ်ခြင်း၊ မျက် ရည်ယိုဗုံးများ ခြံဝင်းအတွင်းသို့ ပစ်ဖောက်ခြင်းများ ပြုလုပ်ကာ အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကိုအောင်မျိုးဦးက “သူတို့က မျက်ရည်ယိုဗုံးတွေကို အိမ်တွေထဲထိ လိုက်ပစ်တာပါ။ ဒီမှာ နေကြတာ မီးရထား သန့်ရှင်းရေး အဖွဲ့က လူတွေပါ။ မနေ့က သူတို့ ပစ်ခတ်လို့ ကျန်ခဲ့တဲ့ ကျည်ခွံတွေ ကျနော်တို့ ကောက်ထားတယ်။ မျက်ရည်ယိုဗုံးက လည်း မသုံးရသေးတဲ့တလုံး ကောက်ရထားတယ်” ဟု ပြောသည်။

ရဲတပ်ဖွဲ့နှင့် တပ်မတော်၊ တပ်ဖွဲ့ဝင်များက မီးရထားဝန်ထမ်းများကို လာရောက် တိုက်ခိုက်သည့် အချိန်သည် ပုဒ်မ ၁၄၄ အရ ည ၈ နာရီကျော် မှ မနက် ၄ နာရီအထိ လမ်းပေါ်မထွက်ရအချိန်ဖြစ်သည်။

၎င်းတို့သည် မီးရထားဝန်ထမ်းများ နေအိမ်များကိုသာ ပစ်ခတ်ခြင်း မဟုတ်ဘဲ မီးရထားသံလမ်း နံဘေးရှိ ပရဟိတ ဓါရီ အသင်းရုံးအတွင်းသို့လည်း ပစ်ခတ်ခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့ရသူများက ပြောသည်။

ကျည်ထိဒဏ်ရာ ရရှိထားသည့် ပရဟိတ ဓါရီအသင်းသား ကိုကျော်ဖြိုးဝေက “ကျနော်တို့က ရုံးထဲ ထမင်းဝိုင်း စားနေကြ တာ။ သူတို့က မီးရထားဝင်းဘက်ကို ဖြိုခွင်းတာမှာ ကျနော်တို့ ရုံးအုတ်တံတိုင်းကိုပါ ကျော်ပြီး ပစ်တာ။ လူတော့ ကျော်ဝင် မလာပေမယ့် သေနတ်ကတော့ အုတ်တံတိုင်းပေါ် တင်ပြီး ပစ်တာ၊ ကျနော်တို့ ရုံး ဆိုင်းဘုတ်က ပေ ၂၀လောက်တောင် ရှိမယ် ဆိုင်းဘုတ်ကြီးရော အကုန်တင်ထားတာပါ။ သူတို့ ပစ်လိုက်တဲ့ ကားမှာလည်း နောက်မှာ စာတွေ အကုန် ရေးထား ပါတယ်”ဟု ပြောသည်။

ပရဟိတ ဓါရီ အသင်း၏ ကား ၂ စီးအနက် တစီးမှာ ကျည် ၁၄ ချက် ထိမှန်ကာ ကားမှန်များလည်း ကွဲသွားပြီး ကျန် ကား ၁ စီးမှာလည်း ကားဘော်ဒီတွင် ကျည်ထိထားသည်ဟု ကိုကျော်ဖြိုးဝေက ဆိုသည်။

မန္တလေးမြို့မှ မီးရထားဝန်ထမ်းများသည် ဖေဖော်ဝါရီ ၈ ရက်ကတည်းက CDM လှုပ်ရှားမှု လုပ်နေခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၁၇ ရက်တွင် မန္တလေးမှ အထက်မြန်မာပြည်ဘက်သို့ မီးရထား စက်ခေါင်းထွက်ရန်၊ မောင်းပေးရန် ဖိအားပေး လာရာမှ တင်းမာမှု စတင်ခဲ့ခြင်း ဖြစ်သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြသူများက မီးရထား သံလမ်းတလျှောက်တွင်လည်း သစ်သားတုံးများ၊ သစ်ကိုင်း များ တင်ကာ အတားအဆီးများ ပြုလုပ်ထားကြသည်။

ပစ်ခတ်ခံရ၍ ဒဏ်ရာရရှိသူတဦးနှင့် ပစ်ခတ်ခံရသည့် ပရဟိတယာဉ် (ဓာတ်ပုံ – လူမှုကွန်ရက်)

CDM ပြုလုပ်နေသည့် မီးရထား စက်ခေါင်းမောင်းနှင်သူ ၄ ဦးကို မီးရထားရုံးအတွင်း ရဲနှင့် စစ်သားများက ဖမ်းဆီးကာ သေ နတ်ဖြင့် ချိန်ပြီး မီးရထားထွက်ရန် ဖိအားပေးနေကြောင်း မီးရထားဝန်ထမ်းများက ပြောဆိုကြသဖြင့် အဆိုပါ ဝန်ထမ်းများ နှင့် ပတ်ဝန်းကျင်မှ ဒေသခံများက ဖမ်းဆီးထားသူများကို လွှတ်ပေးရန် ဝိုင်းဝန်းဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

မီးရထားဝင်းအတွင်းမှ ဆန္ဒပြနေသူများကြားထဲသို့ ကျောက်ခဲနှင့်လုံးပြီး စာရွက်တရွက်ပစ်ပေးခဲ့ရာ စာထဲတွင် “စက်ခေါင်း မောင်း ၄ ယောက် စာရေးရုံးခန်းမှာ ထိန်းသိမ်း၊ ထွက်မည့် စက်ခေါင်း RBE-4031 ၊ ဒူးထောက် သေနတ်နဲ့ ချိန်ထား” ဟု ရေးသားထားသည်။

ညနေ ၆ နာရီခွဲခန့်တွင် အထက်မြန်မာပြည် မြန်မာ့မီးရထား၏ အထွေထွေမန်နေဂျာ၊ ဦးမျိုးဝင်းက စက်ခေါင်းမောင်းသူ ၄ ဦးကို ဖမ်းဆီးထားခြင်း မရှိကြောင်း၊ မီးရထား ထွက်မည့်ကိစ္စမှာလည်း လမ်းတလျှောက် သံလမ်းနှင့် ဘူတာများကို စစ် ဆေးရန်၊ ဝန်ထမ်းများ မရှိတော့သည့် အခြေအနေတွင် ဘူတာရုံများရှိ ဆက်သွယ်ရေး စက်များ အခြေအနေများကို ကြည့် ရန်အတွက် ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

ဦးမျိုးဝင်းက ထိုသို့ ဖြေရှင်းသော်လည်း မီးရထား ဝန်ထမ်းများနှင့် ဒေသခံများက မီးရထားထွက်သည်မှာ တပ်မတော်၊ တပ် ဖွဲ့ဝင်များ၏ ရိက္ခာများကို သယ်ယူရန် သွားမည်ဟု သံသယရှိကာ ငြင်းခုံမှုများ ဖြစ်ပွားခဲ့သည်။

ငြင်းခုံမှုဖြစ်ပွားနေသည့်နေရာမှ လူစုကွဲသွားခဲ့သော်လည်း ည ၈ နာရီခွဲခန့်တွင် ရဲတပ်ဖွ့ဲနှင့် တပ်မတော်၊ တပ်ဖွဲ့ဝင်များက ရောက်ရှိလာပြီး ပစ်ခတ်သွားခြင်း ဖြစ်သည်။

You may also like these stories:

ကျီးလန့်စာ စားနေရတဲ့ ပြည်သူများ ဘဝ

ဝင်ငွေအခက်အခဲဖြစ်လာမည့် CDM ဝန်ထမ်းများကို ပံ့ပိုးကူညီရေး စတင်

Did you find apk for android? You can find new Free Android Games and apps.
Loading