• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြစ်ကြီးနားက ဆန္ဒပြလူထု လေးခွဖြင့် ပစ်ခတ်ကာ လူစုခွဲခံရ

by ဧရာဝတီ
18 February 2021
in သတင်း
A A
မြစ်ကြီးနားမြို့ပေါ်တွင် ယနေ့မနက်မြင်တွေ့ရသည့် လုံခြုံရေး တပ်ဖွဲ့များ  / Alita/Facebook

မြစ်ကြီးနားမြို့ပေါ်တွင် ယနေ့မနက်မြင်တွေ့ရသည့် လုံခြုံရေး တပ်ဖွဲ့များ / Alita/Facebook

8.4k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင်ကို အလိုမရှိကြောင်း ဆန့်ကျင် ဆန္ဒပြနေသည့် လူထုကို ရဲနှင့် စစ်သား များက လေးခွဖြင့် ပစ်ခတ်ကာ လူစုခွဲခံခဲ့ရကြောင်း သတင်းရရှိသည်။ 

မြစ်ကြီးနားမြို့မှ ဒေသခံများက အာဏာသိမ်း တပ်မတော်ကို အလိုမရှိကြောင်း၊ ဒီမိုကရေစီစနစ်ကိုသာ အလိုရှိကြောင်း  ကြွေးကြော်ပြီး ထိုင်သပိတ် ပြုလုပ်ခြင်း၊ မြို့ပေါ်လမ်းမများတွင် လှည့်လည်ကာ ချီတက် ဆန္ဒပြခြင်းတို့ကို ပြုလုပ်နေသည်မှာ ၁၁ ရက် ရှိပြီဖြစ်ပြီး မြစ်ကြီးနား တမြို့လုံး လမ်းပေါ်ထွက် ဆန္ဒပြသူဦးရေ တသောင်းခန့် ရှိသည်။ 

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
128
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
168
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
538

မြစ်ကြီးနားမြို့မှ ဒေသခံ ဦးထွယ်အောင်က “ဒီနေ့ နေ့လည် ၁၁ နာရီလောက်မှာ လေးခွတွေနဲ့ပစ်ပြီး လူစုခွဲတယ်။ ပစ်တဲ့ နေရာက အ.ထ.က (၁) ကျောင်းနဲ့ ရန်ကြီးအောင်ဘက်သွားတဲ့ လမ်းဆုံနားကနေ လှမ်းပစ်တာ၊ သွေးထွက်သံယို မဖြစ်ကြ ပေမယ့် လူတော်တော်များများတော့ လေးခွစာ မိကြတယ်” ဟု ပြောသည်။ 

မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြနေသည့် ဒေသခံများသည် အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ အမြန်ဆုံးဖော်ဆောင်ရေး၊ ၁၉၄၇ ပင်လုံကတိကဝတ်ကို အကောင်အထည်ဖော်ပေးရေး၊ မတရားဖမ်းဆီးခံ ထားရသည့် နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်းလွှတ်ပေးရေး၊ စစ်အာဏာရှင်ကို ဆန့်ကျင်၍ အလုပ်မဆင်းသည့် CDM လှုပ်ရှားမှုကို ထောက်ခံကြောင်း စသည်ဖြင့် ကြွေးကြော်ပြီး ဆန္ဒပြနေကြခြင်း ဖြစ်သည်။ 

မြစ်ကြီးနားမြို့ပေါ်တွင် ယနေ့မနက်မြင်တွေ့ရသည့် လုံခြုံရေး တပ်ဖွဲ့များ (ဓာတ်ပုံ – Alita/Facebook)

ဦးထွယ်အောင်က “ဒီနေ့ မနက်ပိုင်းကတည်းက လူစုမရအောင် ဆန္ဒပြစုရပ် ဘူတာကြီးနဲ့ မနောဥယျာဉ်မှာ ရဲနဲ့ စစ်တပ်က အများကြီး ပိတ်ဆို့ထားတာ။ နောက်လူစုခွဲတော့ ဖမ်းဆီးခံရသူတွေလည်း ရှိတယ်။ မနက်က ကားဆရာတယောက်၊ ကွမ်း ယာဆိုင်က တဦးရှိတယ်” ဟု ပြောသည်။ 

နံနက် ၈ နာရီ ဝန်းကျင်ကတည်းက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်ဖွဲ့ဝင်များနှင့် မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအင် အား စုစုပေါင်း ၁၀၀ ခန့်က ဆန္ဒပြလူထု စုဝေးသည့် မီးရထားဘူတာဝန်းရှေ့နှင့် မနောဥယျာဉ်တို့တွင် ပိတ်ဆို့ကာ လူမစု နိုင်အောင် လုပ်ဆောင်ခဲ့သည်။ 

နံနက် ၁၀ နာရီဝန်းကျင်တွင် ဆန္ဒပြစစ်ကြောင်းတခု၌ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း၊ ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ် ထွန်းရေး စသည့် ကြွေးကြော်သံများ လွှင့်နေသည့် လော်စပီကာနှင့် အသံချဲ့စက်များ တပ်ဆင်ထားသည့် မော်တော်ယာဉ် ကို တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက တားဆီးကာ ကားဆရာနှင့် ဆရာတော် တပါးကို ဖမ်းဆီး ခေါ်ဆောင်သွားသည်။ 

မြစ်ကြီးနားမြို့ပေါ်တွင် ယနေ့မနက်ပိုင်းက ဆန္ဒပြလူထု (ဓာတ်ပုံ – KBC/Facebook)

နေ့လည် ၁၁ နာရီဝန်းကျင်တွင် ထိုင်သပိတ် ပြုလုပ်နေသည့် အ.ထ.က (၁) ကျောင်းအနီးသို့ ရဲနှင့် စစ်သားများ ရောက် လာပြီး လေးခွဖြင့် ပစ်ခတ်ကာ လူစုခွဲခြင်း၊ မြန်မာ့စီးပွားရေးဘဏ်အနီး ဆန္ဒပြနေသည့် ဒေသခံများကို ပိတ်ဆို့ခြင်းများ ပြု လုပ်ခဲ့သည်။ 

ရဲတပ်ဖွဲ့နှင့် စစ်သားများက ဆန္ဒပြနေသည့် ဒေသခံများကို လူစုခွဲနေချိန် မြန်မာ့စီးပွားရေးဘဏ်အနီးရှိ ကွမ်းယာဆိုင်ပိုင်ရှင် ကိုလည်း ဓါတ်ပုံရိုက်သည်ဟု ပြောဆိုကာ လူမြင်ကွင်း၌ပင် ဖမ်းဆီးပြီး အချုပ်ကားပေါ်သို့ တင်ကာ ခေါ်ဆောင်သွားသည်။

ထိုသို့ ဖမ်းဆီးခံရသူများ ရှိသော်လည်း ၎င်းတို့ကို မည်သည့်နေရာတွင် ချုပ်နှောင်ထားကြောင်း မသိရသည့်အပြင် လက်ရှိ အချိန်တွင် ဖမ်းဆီးခံရသူများ ပြန်လွတ်လာခြင်း ရှိမရှိကိုလည်း ဧရာဝတီက အတည်ပြုနိုင်ခြင်း မရှိသလို မြစ်ကြီးနားမြို့နယ်၊ ရဲတပ်ဖွဲ့ထံ မေးမြန်းရန် ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။  

မြစ်ကြီးနားမြို့အတွင်း ဆန္ဒပြလူထုကို အကြမ်းဖက် နှိမ်နင်းခြင်းများ မပြုလုပ်စေရန်၊ ဖမ်းဆီးခံရသူများ ရှိပါကလည်း ပြန် လွှတ်ပေးရန် ညှိနှိုင်းမှုများ ပြုလုပ်ပေးသည့် ကြားခံ ရပ်မိရပ်ဖအဖွဲ့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG) ကို မေးမြန်းသော်လည်း ယနေ့ ဖမ်းဆီးခံရသူဦးရေ အတိအကျကို မသိရှိပါဟု ပြောသည်။  

မြစ်ကြီးနားမြို့ပေါ်တွင် ယနေ့မနက်ပိုင်းက ဆန္ဒပြလူထု (ဓာတ်ပုံ – KBC/Facebook)

PCG မှ ဦးလမိုင်ဂွမ်ဂျာက “ဘူးဂါးကုမ္ဗဏီမှာ အခင်းဖြစ်တုန်းက ခြေထောက်ဒဏ်ရာထိတဲ့ လူနာကို သွားခေါ်နေတုန်း အခင်းက ဖြစ်သွားတာ။ ကျနော်တို့ ပြန်ရောက်တော့ ဘုန်းကြီးတပါးနဲ့ အသံချဲ့စက်တင်ပြီး မောင်းတဲ့ ဒရိုင်ဘာတယောက် ဖမ်းခံရတယ်လို့ ကြားသိရပါတယ်” ဟု ပြောဆိုသည်။ 

နေပြည်တော်၊ မန္တလေး၊ မော်လမြိုင်မြို့တို့တွင် ရဲနှင့် စစ်သားများက လူထုကို အကြမ်းဖက်နှိမ်နင်းခြင်း ပြုလုပ်သဖြင့် တော် လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်သည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ကချင်လူထုကို သွေးထွက် သံယို ဖြစ်အောင် မလုပ်ရန် PCG မှတဆင့် သတင်းစကားပါးကာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ပြောဆိုထားသည်။ 

ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် လူထုကို လမ်းမပေါ်တွင် ပိတ်ဆို့ခြင်း မဖြစ်စေရေး သက်ဆိုင်ရာဌာနများက ကူညီပေးကြရန် PCG က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တွေ့ဆုံကာ ပြောဆိုထားသည်ဟု သိရသည်။ 

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက်ကမူ လူထု ဆန္ဒပြရာ၌ KIA ဘက်မှ ဝင်မပါရန်၊ လူထုဘက်က ဆန္ဒပြကာ ဆူပူခြင်း များ ပြုလုပ်ပါက ကျည်အစစ်ဖြင့် ဖြိုခွင်းမည်ဟု ပြန်လည် အကြောင်းပြန်ထားကြောင်း ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။ 

မြစ်ကြီးနားမြို့ပေါ်တွင် ယနေ့မနက်ပိုင်းက ဆန္ဒပြလူထု (ဓာတ်ပုံ – KBC/Facebook)

၎င်းက “ဒီမနက် ဖြစ်သွားတဲ့ အခင်းအကျင်းကို ကြည့်ရင် လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်တဲ့ လူတွေကို လမ်းပေါ် မထွက်အောင် ဆက်တားမြစ်မယ့် သဘောလို့ တွေ့ရတယ်။ မနက်ဖြန်လည်း တပ်က၊ ရဲက ဒီလို တားရင် ပြည်သူလူထု ဘယ်လို ဖြစ်လာမလဲ မသိဘူး။ လူထုက အတိုက်အခံလုပ်ပြီး ရှေ့ထွက်လာရင် ကျနော်တို့ ကြိုမတွေးဝံ့ပါဘူး။ ထိခိုက်ဒဏ် ရာရတာ သေကြေပျက်စီးတာ ဖြစ်လာနိုင်တယ်လို့ ကျနော်တို့ သုံးသပ်တယ်” ဟု ဆိုသည်။ 

ဖေဖော်ဝါရီ ၁၃၊ ၁၄ ရက်ကလည်း မြစ်ကြီးနားမြို့ တမြို့လုံးကို မီးပေးနေသည့် ဘူးဂါးလျှပ်စစ်ရုံးများကို ရဲနှင့်စစ်သားများက ဝင်ရောက်နေရာယူရာ လူထုက မီးဖြတ်မည်ကို စိုးရိမ်သဖြင့် လျှပ်စစ်ရုံးများကို ပြန်ဝိုင်းကာ ရုံးအတွင်းမှ ထွက်သွားပေး ရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။ 

ထို့နောက် ဖေဖော်ဝါရီ ၁၄ ရက်၊ ည ၉ နာရီခန့်တွင် တင်းမာမှု ဖြစ်လာပြီး ရဲနှင့် စစ်သားများက မျက်ရည်ယိုဗုံး၊ အသံဗုံး၊ မီးခိုးဗုံးများ ဖောက်ခွဲခြင်း၊ ရာဘာကျည်များဖြင့် ပစ်ခတ်ခြင်း ပြုလုပ်ကာ လူစုခွဲခဲ့သဖြင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိ ခဲ့သည်။ 

အဆိုပါ ဖြစ်စဉ်ကို တိုက်ရိုက် သတင်းထုတ်လွှင့်နေသည့် သတင်းထောက် ၅ ဦးကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဖမ်း ဆီးခဲ့သောကြောင့် PCG က သတင်းထောက်များကို ပြန်လွှတ်ပေးရန် သွားရောက်ညှိနှိုင်းခဲ့ရာ နောင်တွင် လူထုကို ဆူပူမှု ဖြစ်စေမည့် သတင်းထုတ်လွှင့်ခြင်း မပြုရန်၊ သတင်းမီဒီယာ ကျင့်ဝတ်နှင့်အညီ သတင်းထုတ်လွှင့်ရန် ခံဝန်ကတိ လက်မှတ် ထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့သည်။

You may also like these stories:

မသန်စွမ်းသူအား ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် ရဲနှင့် စစ်တပ် ရှုတ်ချခံနေရ

အာဏာသိမ်း စစ်ကောင်စီက လူ ၅၀၀ နီးပါး ဖမ်းဆီးချုပ်နှောင်ထား

စင်္ကာပူ ကုန်အမှတ်တံဆိပ်များ သပိတ်မှောက်ရန် လှုံ့ဆော်လာကြ

Your Thoughts …
Tags: စစ်အာဏာရှင်ဆန္ဒပြမြစ်ကြီးနားလေးခွအ.ထ.က(၁)
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နမ်ဆန်ယန်သို့ စစ်ကူလာသည့် စစ်ကြောင်း အတိုက်ခံရပြီး ပြန်ဆုတ်ခွာ

နမ်ဆန်ယန်သို့ စစ်ကူလာသည့် စစ်ကြောင်း အတိုက်ခံရပြီး ပြန်ဆုတ်ခွာ

by ဧရာဝတီ
15 September 2023
8.9k

အလားတူ မြစ်ကြီးနား စစ်ကြောင်းသည်လည်း ဝိုင်းမော်မြို့ တောင်ဘက် ဒဘတ်ယန်ရွာ၌ KIA နှင့် KPDF တို့၏ တိုက်ခိုက် မှုကြောင့် အကျအဆုံးများကာ ရှေ့မတိုးနိုင်ဘဲ ရပ်နေပြီး သေဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင် အချို့၏ အလောင်းများကို စက်တင်ဘာ ၁၀ရက်က...

ဈာပနများက ဖော်ပြသော စစ်အာဏာရှင်တို့၏ သဘောထား အမှန်

ဈာပနများက ဖော်ပြသော စစ်အာဏာရှင်တို့၏ သဘောထား အမှန်

by ဇုန်းရိန်
13 June 2024
5.9k

သူရဦးတင်ဦး၏ နာရေးကြော်ငြာကိုလည်း စစ်ကောင်စီထိန်းချုပ် သတင်းစာ၏ စာမျက်နှာတခုတွင် မထင်မရှား ထည့်သွင်းပေးခဲ့သည်။

မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

by ဧရာဝတီ
21 September 2023
5.1k

လုံခြုံရေး အဖြစ် လိုက်ပါဆောင်ရွက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ရထားလမ်း ဘေးဝဲယာမှ ကျေးရွာများအား စစ်ကြောင်းထိုး ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများလည်း ပြုလုပ်နေ

စစ်ကောင်စီက မြစ်ကြီးနား-ဗန်းမော် လမ်းကြောင်းကို စစ်ဆင်ရေးလုပ်နေ

စစ်ကောင်စီက မြစ်ကြီးနား-ဗန်းမော် လမ်းကြောင်းကို စစ်ဆင်ရေးလုပ်နေ

by ဧရာဝတီ
2 September 2023
5k

၂ နာရီကျော်မှာ လေယာဉ်နဲ့ လာကြဲသွားတယ်။ အဲဒီဘက်မှာတိုက်နေတဲ့ KIA နဲ့ ကျောင်းသားတပ်မတော် (ABSDF) ဘက်မှာတော့ ထိခိုက်မှုမရှိပါဘူး

ဝိုင်းမော်ရှိ ရွှေညောင်ပင် ခမရ ၃၂၁ကို KIA သိမ်း

ဝိုင်းမော်ရှိ ရွှေညောင်ပင် ခမရ ၃၂၁ကို KIA သိမ်း

by ဧရာဝတီ
22 May 2024
2.7k

ဝိုင်းမော်- လိုင်ဇာလမ်းပေါ်ရှိ ခမရ ၃၂၁ကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ မြစ်ကြီးနားဘက်မှ ဝိုင်းမော်မြို့ဘက်သို့ လက်နက်ကြီးများဖြင့် အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့သလို၊ လိုင်ဇာမြို့ကိုလည်း လေကြောင်းမှ ၃ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း

မြစ်ကြီးနား-ဗန်းမော်လမ်းတလျှောက် KIA ထိုးစစ်ဆင်

မြစ်ကြီးနား-ဗန်းမော်လမ်းတလျှောက် KIA ထိုးစစ်ဆင်

by ဧရာဝတီ
7 March 2024
2.5k

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးတလျှောက်ရှိ စစ်ကောင်စီ တပ်စခန်းများနှင့် ကာကင်းစခန်းငယ်များအား ယနေ့ နံနက်ပိုင်းမှစတင်ကာ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များက တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

Next Post
လူစိမ်းတအုပ် ဝင်ရောက် တိုက်ခိုက်မှု ဗဟန်းရပ်ကွက်နေပြည်သူများ ဒဏ်ရာရ (ရုပ်/သံ)

လူစိမ်းတအုပ် ဝင်ရောက် တိုက်ခိုက်မှု ဗဟန်းရပ်ကွက်နေပြည်သူများ ဒဏ်ရာရ (ရုပ်/သံ)

မြစ်ကြီးနားတွင် ဆန္ဒပြမည့်နေရာများ၌ တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ ပိတ်ဆို့နေရာယူထားစဉ်

မြစ်ကြီးနားတွင် ဆန္ဒပြမည့် ဆရာ/ဆရာမများကို ရိုက်နှက်လူစုခွဲကာ ဖမ်းဆီး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.9k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate