• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ့အရေး “အလွန်အမင်း စိုးရိမ်”ဟု အင်ဒိုနီးရှားနှင့် စင်ကာပူ ပြော

by ဧရာဝတီ
19 February 2021
in သတင်း
A A
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီနှင့် စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန် / စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီနှင့် စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန် / စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန

26.2k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ၏ အခြေအနေကို “အလွန်အမင်း စိုးရိမ်” ကြောင်း အင်ဒိုနီးရှားနှင့် စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးများက ထုတ်ဖော်ပြောကြားလိုက်ပြီး မြန်မာ့အရေး ဆွေးနွေးရန် အာဆီယံ အရေးပေါ်အစည်းအဝေးခေါ်ယူရေး အဆိုပြုချက်ကို ထောက်ခံလိုက်ကြသည်။

စင်ကာပူမှ လာသော သတင်းများအရ အဆိုပါ ပူးတွဲကြေညာချက်ကို ဖေဖော်ဝါရီ ၁၈ ရက် ၂ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံအပြီး ထုတ်ပြန်ကြေညာခြင်း ဖြစ်ကြောင်း သိရသည်။

“သူတို့က အခြေအနေများအပေါ် အလွန်အမင်း စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။ ထို့အပြင် ဒီမိုကရေစီ အကူးအပြောင်းသို့ ပြန်လှည့်ရန် လမ်းကြောင်းတခုအပါအဝင် မြန်မာနိုင်ငံရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းသော သဘောတူညီချက်တခုဆီ ဦးတည်လုပ်ကိုင်ရန်နှင့် အဖွဲ့အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုကို ထိန်းထားရန် မျှော်လင့်ကြောင်းလည်း ထုတ်ဖော်ပြောဆိုသည်”ဟု စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြေညာချက်က ဆိုသည်။

စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်က အဖွဲ့အစည်း အားလုံးက အစွမ်းကုန် ချုပ်တည်းထားကြရန် တိုက်တွန်းပြီး တင်းမာမှုများကို လျှော့ချရန်လည်း တိုက်တွန်းသည်။

“လက်နက်မဲ့အရပ်သားများကို အကြမ်းမဖက်ရန် အထူးသဖြင့် မည်သည့်အခြေအနေတွင်မဆို ကျည်အစစ်များဖြင့် ပစ်ခတ်ခြင်း မပြုသင့်ကြောင်း သူက ပြောကြားသည်”ဟု ကြေညာချက်က ရေးသည်။

စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်သည် အင်္ဂါနေ့က လွှတ်တော်တွင် မိန့်ခွန်းပြောရာတွင် ဖမ်းဆီးခံ သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုခဲ့ပြီး သို့မှသာ စစ်ကောင်စီနှင့် ဆွေးနွေးနိုင်မည်ဟု ပြောဆိုခဲ့သည်။

ထို့ပြင် ယခင်လို ကျယ်ပြန့်သော ဒဏ်ခတ်ပိတ်ဆို့မှုများ မပြုလုပ်ရန်နှင့် ယင်းသည် သာမန်ပြည်သူလူထုကို အထိနာစေလိမ့်မည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

သို့ရာတွင် မြန်မာပြည်ရှိ အာဏာသိမ်းမှု ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများက စီးပွားရေးကိုသော စောင်းပေးခဲ့ကြောင်း ဝေဖန်ကာ စင်ကာပူ ကုန်အမှတ်တံဆိပ်များကို သပိတ်မှောက်ရန် လူမှုကွန်ရက်တွင် လှုံ့ဆော်နေကြသည်။

“စင်ကာပူက ပစ်မှတ်မဟုတ်ဘူး။ မြန်မာပြည် ဒီမိုကရေစီလှုပ်ရှားမှုရဲ့ မိတ်ဆွေမဟုတ်ရင်တောင် ရန်သူတော့ မလုပ်သင့်ဘူး”ဟု အမည်မဖော်လိုသော ရန်ကုန်အခြေစိုက် ဝါရင့်သတင်းစာဆရာတဦးက မှတ်ချက်ပေးသည်။

ဝန်ကြီး ၂ ဦးသည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့သော မြန်မာနိုင်ငံအရေးကို ဒေသတွင်း နိုင်ငံ ၁၀ နိုင်ငံပါဝင်သော အာဆီယံအသင်းတွင် ဆွေးနွေးရန် ဝန်ကြီးအဆင့် အစည်းအဝေး အမြန်ဆုံး ခေါ်ယူရေး ဆွေးနွေးသဘောတူကြကြောင်းလည်း သိရသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီ၏ စင်ကာပူခရီးစဉ်သည် အာဆီယံအသင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသော ဘရူနိုင်းနိုင်ငံသို့ မြန်မာ့အရေး ဆွေးနွေးရေး ထောက်ခံပေးရန် သွားရောက်တိုက်တွန်းအပြီး ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဆွေးနွေးရေး မလေးရှားကလည်း ထောက်ခံထားသည်။

သို့သော် အသင်းဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်မစွက်သည့် အာဆီယံ၏ မူဝါဒကြောင့် အသင်းဝင်အားလုံး မြန်မာ့အရေး အရေးပေါ်ဆွေးနွေးပွဲ ခေါ်ယူရေး ကျိုးပမ်းချက်မှာ စိန်ခေါ်မှုများ ရှိနိုင်သည်။

You may also like these stories:

RelatedPosts

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
34
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
59
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
50

စင်္ကာပူ ကုန်အမှတ်တံဆိပ်များ သပိတ်မှောက်ရန် လှုံ့ဆော်လာကြ

အာဏာသိမ်း စစ်ကောင်စီက လူ ၅၀၀ နီးပါး ဖမ်းဆီးချုပ်နှောင်ထား

မသန်စွမ်းသူအား ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် ရဲနှင့် စစ်တပ် ရှုတ်ချခံနေရ

Your Thoughts …
Tags: စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးစစ်အာဏာသိမ်းမြန်မာ့အရေးအင်ဒိုနီးရှားအာဆီယံ အရေးပေါ်အစည်းအဝေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.4k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီလား

ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီလား

by Andrew Selth
20 July 2023
11.8k

အနောက်တိုင်းမှ မူဝါဒချမှတ်သူများအတွက် အရေးပါနေဆဲဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် တခါကကဲ့သို့ သြဇာမရှိတော့ပေ။

ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်

ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်

by ဝေမင်းထွန်း
19 July 2023
9.6k

ယခု မြန်မာစစ်တပ်၏ ထိုးနှက်ရန်ကြိုးစားမှုကို လူထုနှင့် တော်လှန်ရေးအင်အားစုများကြား ယိမ်းယိုင်မှုရှိသည်ကို မတွေ့ရပေ။

စစ်အုပ်စုက ရှေးရိုးအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ဖဲအဖြစ် ထုတ်သုံး

စစ်အုပ်စုက ရှေးရိုးအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ဖဲအဖြစ် ထုတ်သုံး

by အောင်ဇော်
17 July 2023
5.6k

စစ်ကောင်စီက မည်သည့်အတွက် မစ္စတာ ဒွန်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးသနည်း၊ မည်သည့်အတွက် ယခုအခါမှ တွေ့ခွင့်ပေးသနည်း

စစ်တပ်ကို ဘယ်လိုပြင်ဖွဲ့ကြမလဲ

စစ်တပ်ကို ဘယ်လိုပြင်ဖွဲ့ကြမလဲ

by ဉာဏ်လင်း
26 February 2024
4.7k

ဥပဒေကို လိုက်နာသော၊ အရပ်သား အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိသော၊ ပြည်သူလူထုကို ကာကွယ်သော၊ နိုင်ငံရေးကင်းရှင်းသော တပ်မတော်တရပ် လိုအပ်သည်

Next Post
၂၀၂၀ မတ်လက နေပြည်တော်တွင် ပြုလုပ်သည့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲ အခမ်းအနား

အမြန်ဆုံး ညှိနှိုင်းရန် မဟန ဆရာတော်ကြီးများ အကြိမ်ကြိမ် မေတ္တာရပ်ခံ

ဖေဖော်ဝါရီ ၁၇ ရက် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်မြို့လည် ဆန္ဒပြပွဲ/ဧရာဝတီ

ဒီတကြိမ် လူထုအရေးတော်ပုံ အောင်မြင်မလား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved