လူထုသန်းချီပါဝင်တဲ့ ၂ ငါးလုံး ပြည်လုံးကျွတ် အထွေထွေသပိတ် စတင်
စစ်အာဏာသိမ်းဆန့်ကျင်ရေး လူထုသန်းနဲ့ချီ ပါဝင်ချီတက်နေကြတဲ့ နှစ်ငါးလုံး (၂၂၂၂၂) အထွေထွေ သ ပိတ်မှောက် ဆန္ဒပြပွဲကြီး ယနေ့စတင်လိုက်ပြီဖြစ်ပြီး နိုင်ငံတဝန်း မြို့အသီးသီးမှာလည်း လူထုစုဝေးချီတက်တာ တွေ ပြုလုပ်လျှက်ရှိပါတယ်။
အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ၂၂ ရက်တာကာလအတွင်း အင်တာနက် ဆက်သွယ်ရေးဖြတ်တောက်တာတွေ၊ လက်နက်အင်အားပြ ခြိမ်းခြောက်တာတွေ၊ ညဘက်အိမ်ထဲ ဝင်ရောက်ဖမ်းဆီးတာတွေကစလို့ ဆန္ဒပြလူထုကို ပစ်ခတ်သတ်ဖြတ်ကာ ဖြိုခွဲတဲ့အထိ ပြုလုပ်နေပေမယ့် လူထုဆန္ဒပြမှုဟာ လျော့ကျသွားခြင်းမရှိဘဲ စစ်အာဏာရှင် ကို ဆက်လက်ဆန့်ကျင်နေကြပါတယ်။
ယနေ့ ရန်ကုန်မြို့မှာဆိုရင်လည်း သမိုင်းဝင်မယ့် လူထုချီတက်ပွဲကို အလုပ်တွေ၊ ဈေးတွေ၊ ဆိုင်တွေပိတ်ကာ ဌာန စုံ၊အလွှာစုံက စစ်ကြောင်းတွေဟာ အထွေထွေ သပိတ်မှောက်ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ဖို့ ဆူးလေလမ်းဆုံ၊ မြေနီ ကုန်းလမ်းဆုံ၊ လည်းတန်းလမ်းဆုံနဲ့ သံရုံးတွေအသီးသီးရှေ့ကို မနက်အစောပိုင်းထဲက ချီတက် စုဝေးနေကြပါ တယ်။
အထွေထွေ သပိတ်ရဲ့ တောင်းဆိုချက်တွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် ဖမ်း ဆီးထားတဲ့သူတွေကို အမြန်ဆုံးလွှတ်ပေးဖို့၊ ၂၀၂၀ ရွေးကောက်ပွဲ လူထုဆန္ဒမဲရလဒ်ကို အသိအမှတ်ပြုဖို့၊ အာဏာ သိမ်းစစ်ကောင်စီက ရွေးကောက်ခံအစိုးရထံ အာဏာပြန်ပေးဖို့၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးတိုင် ဖျက်သိမ်းဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီရရှိရေးတို့ ဖြစ်ပါတယ်။
တဖက်ကလည်း ဌာနဆိုင်ရာဝန်ထမ်းတွေက ပြုလုပ်နေတဲ့ ပြည်သူ့အာဏာဖီဆန်ရေး(CDM) လှုပ်ရှားမှုတွေဟာ ဆက်လက်အရှိန်မြှင့်လျှက်ရှိသလို အစိုးရယန္တယားတွေ နှေးကွေးရပ်တန့်လာတဲ့အတွက် အာဏာသိမ်း စစ် ကောင်စီဟာ CDM လှုပ်ရှားနေတဲ့ ပြည်သူ့ဝန်ထမ်းတွေကို ဖိအားပေးခြိမ်းခြောက်တာ ၊ ဖမ်းဆီးတာတွေကို ပစ်မှတ်ထားလုပ်ဆောင်လျှက် ရှိပါတယ်။
ပြည်သူလူထုအပေါ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ဒီလိုမျိုး ခြိမ်းခြောက်တာ၊ ဖမ်းဆီးတာတွေနဲ့ ၎င်းတို့ရဲ့ လက် ဝေခံ မသမာသူတွေရဲ့ ရန်ပြုလာနိုင်မယ့် ဘေးအန္တရာယ်တွေကို ကာကွယ်ဖို့အတွက် ရပ်ကွက်၊ ဒေသအလိုက် ပြည်သူ့လုံခြုံရေးအဖွဲ့တွေကို လူထုကိုယ်တိုင်ဖွဲ့ထားရပြီး ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အစီအစဉ်တရပ်ကို လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ယနေ့မှာပဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
You may also like these stories: