• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

CRPH ကုလ အထူးသံတမန်များအဖြစ် ဒေါက်တာဆာဆာနှင့် ဦးထင်လင်းအောင်ကို တာဝန်ပေး

by ဧရာဝတီ
23 February 2021
in သတင်း
A A
CRPH၏ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန်ခန့်အပ်ခံရသည့် ဒေါက်တာဆာဆာ / Kanpetlet University Students Organization

CRPH၏ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန်ခန့်အပ်ခံရသည့် ဒေါက်တာဆာဆာ / Kanpetlet University Students Organization

39.9k
VIEWS
Share on FacebookShare on Twitter

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)က ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန်အဖြစ် ဒေါက်တာဆာဆာ နှင့် CRPH ၏ နိုင်ငံတကာ ဆက်ဆံရေး ကိုယ်စားလှယ်အဖြစ် ဦးထင်လင်းအောင်အား ခန့်အပ် တာဝန်ပေးလိုက်သည်။
ဖေဖော်ဝါရီ ၂၂ ရက်စွဲပါ CRPH ၏ ထုတ်ပြန်ချက်အရ ဒေါက်တာဆာဆာ အနေဖြင့် CRPH ကိုယ်စား ကုလသမဂ္ဂဆိုင်ရာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်ဟု သိရသည်။

ဒေါက်တာဆာဆာသည် ချင်းတောင်တန်းဒေသ တိုးတက်ရေးကို ဆောင်ရွက်ခဲ့သူ တဦးဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင် စက်တင်ဘာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသို့ ဝင်ရောက်ပြီး ချင်းပြည်နယ် ရွေးကောက် ပွဲ အောင်နိုင်ရေးအဖွဲ့၌ ပါဝင်ကာ စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီသည် ချင်းပြည်နယ်၌ မဲဆန္ဒနယ် ၃၉ နေရာအနက် ၃၆ နေရာ စံချိန်တင် အနိုင်ရရှိခဲ့သည်။

RelatedPosts

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

15 June 2025
938
စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကုလသမဂ္ဂနဲ့ အာဆီယံ ဘယ်လိုမြင်လဲ (ရုပ်/သံ)

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကုလသမဂ္ဂနဲ့ အာဆီယံ ဘယ်လိုမြင်လဲ (ရုပ်/သံ)

15 June 2025
77
အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

15 June 2025
915

CRPH ၏ နောက်ထပ် ထုတ်ပြန်ချက် တခုမှာ ကမ္ဘာ့ကုလသမဂ္ဂ၊ နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရန်၊ နိုင်ငံအချင်းချင်း ဆက်သွယ်ဆောင်ရန်အတွက် CRPH ၏ နိုင်ငံတကာ ဆက်ဆံရေးရုံးကို အမေ ရိကန် ပြည်ထောင်စု၊ မေရီလန်းပြည်နယ်တွင် ၂၀၂၁ ဖေဖော်ဝါရီမှ စတင်၍ ဖွင့်လှစ်သွားမည်ဟူ၍ ဖြစ်သည်။

ထို့ပြင် CRPH ၏ နိုင်ငံတကာ ဆက်ဆံရေး ကိုယ်စားလှယ်အဖြစ် ဦးထင်လင်းအောင်ကို ခန့်အပ်တာဝန်ပေးပြီး ဖြစ်သလို နိုင်ငံတကာ ရေးရာကိစ္စများ ဆောင်ရွက်နိုင်ရန်အတွက် သင့်လျော်သော ပုဂ္ဂိုလ်များကို ဆက်လက် တာဝန်ပေးအပ်သွား မည်ဟုလည်း ဆိုထားသည်။

ဦးထင်လင်းအောင်သည် ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ် ဇာတိသားဖြစ်ပြီး ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်း သားဟောင်း တဦးလည်း ဖြစ်သည်။ ၁၉၉၆၊ ၁၉၉၈ ကျောင်းသား လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူ တဦးဖြစ်ပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်သားဟောင်း တဦးလည်း ဖြစ်သည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကာလအတွင်း နိုင်ငံရေး လှုပ်ရှားမှုများကြောင့် စစ်တပ်၏ ဖမ်းဆီးမှုမှ လွတ်မြောက် ရေး ပြည်ပကို ထွက်ခွာခဲ့ပြီးနောက် ၂၀၀၈ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိခဲ့သည်။

ဦးထင်လင်းအောင်သည် မေရီလန်းတက္ကသိုလ်မှ ကွန်ပျူတာကွန်ရက်နှင့် လုံခြုံရေးဆိုင်ရာ သိပ္ပံဘွဲ့ (Science in Computer Network and Security) ရရှိခဲ့ပြီး ယခုအခါ Network and System Administrator အဖြစ် မေရီလန်းတွင် အလုပ်လုပ်ကိုင်ကာ မိသားစုနှင့်အတူ နေထိုင်လျက် ရှိသည်။

CRPH က ခန့်အပ် တာဝန်ပေးလိုက်သည့် နိုင်ငံတကာဆက်ဆံရေး ကိုယ်စားလှယ်သည် CRPH ၏ ထုတ်ပြန်ကြေညာချက် များ၊ ပေါ်လစီ၊ သဘောထားများကို နိုင်ငံတကာတွင် ၎င်းတို့ကိုယ်စား ပြောနိုင်ရန်၊ တွေ့နိုင်ရန်အတွက် ကိုယ်စားပြုရွေးထား သည့် သဘောမျိုး ဖြစ်ကြောင်း Equality Myanmar ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက သုံးသပ်ပြောဆိုသည်။

ထို့ပြင် CRPH သည် လွှတ်တော်ကို ကိုယ်စားပြုသည့် အဖွဲ့ဖြစ်ရာ ၎င်းတို့ ခန့်အပ်တာဝန်ပေးလိုက်သည့် ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် အနေဖြင့်လည်း တရားဝင်ဖြစ်မှု (Legitimacy) အားနည်းသည့်အတွက် ကုလသမဂ္ဂ ထိုင်ခုံတွင် ဝင်ထိုင်ရန် မလွယ်ဘဲ ကုလသမဂ္ဂရှိ နိုင်ငံများ၊ အစိုးရများ၊ ကိုယ်စားလှယ်များကို ပြင်ပတွင်တွေ့ပြီး မြန်မာ့အရေးနှင့် ပတ်သက်၍ လော် ဘီ လုပ်ရန်အတွက်သာ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဦးအောင်မျိုးမင်းက “ဘာကြောင့်လဲဆို ဒီဘက်အဖွဲ့ကနေ ကိုယ်စားပြုတယ်။ ဒါပေမယ့် တကယ့် အစိုးရတရပ်အတွက်ကို ကိုယ်စားပြုတာ မဟုတ်တဲ့အတွက် ကုလသမဂ္ဂရဲ့ အစည်းအဝေးတွေထဲမှာ ကိုယ်စားပြုပြီး ဝင်ခွင့်တော့ မရှိဘူး။ ဒါပေမယ့် ကိုယ်စားပြုပြီးတော့ သံတမန်တွေ ပြောတဲ့ဟာမှာတော့ နည်းနည်းလေး လုပ်ပိုင်ခွင့် (mandate) ကတော့ ရှိသွားတဲ့ သဘောမျိုးပေါ့” ဟု ပြောသည်။

တပ်မတော်က အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် အစိုးရအဖွဲ့ဝင် အားလုံးကို ဖမ်းဆီးလိုက်ရုံသာမက ၂၀၂၀ ရွေးကောက်ခံ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၄၀၀ ကျော်ကိုလည်း နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာအတွင်း အကျယ်ချုပ် ချုပ်ထားခဲ့သည်။

ထို့နောက် အာဏာသိမ်း တပ်မတော်က ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအား စည်ပင်ရိပ်သာမှ ဖယ်ရှားရန် နှင့် နေရပ်အသီးသီးသို့ ပြန်ရန် ဖိအားပေးမှုများ ပြုလုပ်ခဲ့သော်လည်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက ပြည် သူ့တာဝန်များကို ထမ်းဆောင်ပါမည် ဖြစ်ကြောင်း စုဝေးကာ ကျမ်းသစ္စာပြုပြီးနောက် ပြည်ထောင်စုလွှတ်တော် ကိုယ် စားပြုကော်မတီ (CRPH) ကို ဖေဖော်ဝါရီ ၅ ရက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ပေါင်း ၃၀၀ ကျော် ပါဝင်သည့် CRPH ကော်မတီက အာဏာသိမ်း စစ်ကောင်စီကို လက်နက်အားကိုးဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့အား ဖြုတ်ချခဲ့သည်ဟု ဆိုကာ နိုင်ငံတော် ပုန်ကန်မှုဖြင့် တရားစွဲနိုင်ရန် ပြင် ဆင် ဆောင်ရွက်မှုများ ရှိသလို စစ်ကောင်စီကလည်း CRPH အဖွဲ့ဝင်များအား အမှုဖွင့်ပြီး ဖမ်းဝရမ်း ထုတ်ထားသည်။

You may also like these stories:

စစ်တပ်ပိုင် မြဝတီဘဏ် ငွေလက်ကျန်နည်းလာ၍ ထုတ်ပေးရန် အခက်အခဲဖြစ်လာ

ရခိုင်တွင် စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရေး ကြိုတင်ဆောင်ရွက်ရန် ညွှန်ကြား

ရခိုင်တွင် စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရေး ကြိုတင်ဆောင်ရွက်ရန် ညွှန်ကြား

Your Thoughts …
Tags: CRPH/ကုလသမဂ္ဂဒေါက်တာဆာဆာအထူးသံတမန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အထူးသံတမန် လာသော်လည်း မြန်မာ့ငြိမ်းချမ်းရေး အာဆီယံ အားထုတ်မှု မရေရာ

အထူးသံတမန် လာသော်လည်း မြန်မာ့ငြိမ်းချမ်းရေး အာဆီယံ အားထုတ်မှု မရေရာ

by ဧရာဝတီ
27 February 2025
3.4k

စစ်ကောင်စီခေါင်းဆောင်နှင့် တွေ့ဆုံရန် အထူးသံတမန်က မည်သည့်အတွက် ရှောင်ရှားသည်ကို မသိရပေ။

အာဆီယံအသိုက်အဝန်းသို့ ပြန်ဝင်ရန် မြန်မာ မျှော်မှန်း

အာဆီယံအသိုက်အဝန်းသို့ ပြန်ဝင်ရန် မြန်မာ မျှော်မှန်း

by Kavi Chongkittavorn
19 February 2024
2.7k

မစ္စတာ ဟွန်ဆန်ပေးသည့် အကြံကို သတိပြုမိရန် စစ်ကောင်စီသည် အချိန် သုံးနှစ်ယူခဲ့ရသည်။

နျူကလီးယား သဘောတူညီချက် အပေါ်  NUG ဘာပြောလဲ (ရုပ်/သံ)

နျူကလီးယား သဘောတူညီချက် အပေါ် NUG ဘာပြောလဲ (ရုပ်/သံ)

by ဧရာဝတီ
7 March 2025
1k

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အတွင်း ၂ နိုင်ငံ သဘောတူညီချက် ၁၀ ချက်ထဲမှာ နျူကလီးယား လျှပ်စစ်ထုတ်လုပ်ရေး စက်ရုံငယ်တခု တည်ဆောက်ဖို့ဆိုတဲ့ သဘောတူညီချက် ပါဝင်ပါတယ်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်းကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်ခန့်

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်းကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်ခန့်

by ဧရာဝတီ
6 April 2024
963

၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှု အဆိုးဆုံးအခြေအနေ ရောက်နေစဉ် ထိုရာထူးနေရာ လစ်လပ်နေသည်မှာ ၁၀ လကြာပြီ ဖြစ်သည်။

အင်အားကြီးနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို ကစားကွင်းလုပ်လို့မရဘူး (ရုပ်/သံ)

အင်အားကြီးနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို ကစားကွင်းလုပ်လို့မရဘူး (ရုပ်/သံ)

by ဧရာဝတီ
17 December 2024
415

စစ်ကောင်စီက ၂၀၂၅ ခုနှစ်မှာ ကျင်းပဖို့စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲ ဖြစ်ပြီး အဲ့ဒီရွေးကောက်ပွဲကို ထောက်ခံတဲ့နိုင်ငံတွေဟာ အကြမ်းဖက်ခြင်းကို ထောက်ခံအားပေးတာလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဆာဆာက ပြောလိုက်ပါတယ်။

အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တွေကို ဒေါက်တာဆာဆာ ဘာပြောခဲ့လဲ  (ရုပ်/သံ)

အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တွေကို ဒေါက်တာဆာဆာ ဘာပြောခဲ့လဲ (ရုပ်/သံ)

by ဧရာဝတီ
10 March 2025
254

အမေရိကန်နိုင်ငံရဲ့ အကူအညီတွေ ပြန်လည်ရရှိရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာက အမေရိကန်အစိုးရ တာဝန်ရှိသူတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

Next Post
စစ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့ ဆရာဝန်တွေရဲ့ အဖြူရောင်လှုပ်ရှားမှု (ရုပ်/သံ)

စစ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့ ဆရာဝန်တွေရဲ့ အဖြူရောင်လှုပ်ရှားမှု (ရုပ်/သံ)

ယနေ့ ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားသံရုံးရှေ့တွင် ဆန္ဒပြနေသူများ / ဧရာဝတီ

ရန်ကုန်တွင် လုံခြုံရေး တားဆီးမှုများရှိသော်လည်း ပြည်သူများ ဆက်လက်ဆန္ဒပြ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

4 days ago
4.9k

Most Read

  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate