အာဏာသိမ်း စစ်ကောင်စီ၏ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ရတ်နိုမာဆူဒီနှင့် တွေ့ဆုံရန် ထိုင်းနိုင်ငံဘန်ကောက်မြို့ ဒွန်းမောင်းလေဆိပ်သို့ ရောက်ရှိနေသည်။
၎င်းအား ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဒွန်ပရာမတ် ဝီနိုင်က ဒွန်းမောင်းလေဆိပ်တွင် ကြိုခဲ့ပြီး၊ ဦးဝဏ္ဏ
မောင်လွင်၏ အစီအစဉ်မှာ နေပြည်တော်ခရီးစဉ် ဖျက်သိမ်းလိုက်သည့် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ရတ်နိုမာဆူဒီနှင့် တွေ့ဆုံရန်ဖြစ်ကြောင်းသိရသည်။
Reuters သတင်း၏ အဆိုအရ အဆိုပါ နိုင်ငံခြားရေး ဝန်ကြီးနှစ်ဦး ထိုင်း အမှတ် ၆ လေတပ်စခန်းတွင် တွေ့ဆုံမည်ဟု သိရသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီသည် အာဏာသိမ်းစစ်ကောင်စီကို ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးရန် တောင်းဆိုသည်ဟု ကြေညာချက်ထုတ်သော်လည်း မြန်မာလူထုကဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက်တွင် “စစ်ကောင်စီအနေဖြင့် လူထုဆန္ဒကို လိုက်နာရန် “ပြောင်းလဲ ပြောဆိုခဲ့သည်။
ယနေ့တွင် နေပြည်တော်သို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး လာရောက်မည်ဟု မူလက သတင်းထွက်ခဲ့သော်လည်း ၎င်း၏ ခရီးစဉ်ကို ဖျက်သိမ်းကာ ဘန်ကောက်မြို့တွင်သာ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဖြင့် တွေ့ဆုံမည်ဖြစ်သည်။