သတင်း

မြန်မာကို ပေးနေသည့် ဖွံ့ဖြိုးရေး အကူအညီများ ဂျပန် ဖြတ်ရန် စဉ်းစားနေ

Want create site? Find Free WordPress Themes and plugins.

မြန်မာအစိုးရကို အထောက်အပံ့ပေးနေသည့် ဂျပန်အစိုးရ၏ အကူအညီများကို ဖြတ်တောက်ရန် ရှိနေသည်ဟု ဂျပန်မှ လာသော သတင်းများက ဆိုသည်။

ဂျပန်အစိုးရ သတင်းရင်းမြစ်များကို ကိုးကား၍ အဆာဟိရှင်ဘွန်း သတင်းစာက ဂျပန်၏ တရားဝင်ဖွံ့ဖြိုးရေး အကူအညီ Official Development Assistance (ODA) များကို ရပ်တန့်ရန် ရှိနေပြီး တွေ့ဆုံညှိနှိုင်းမှုများမှတဆင့် ဒီမိုကရေစီကျသော အဖြေဆီသို့ ဦးတည်လုပ်ဆောင်ရန် မြန်မာစစ်ကောင်စီကို စည်းရုံးသိမ်းသွင်းရန် ဂျပန်အစိုးရက လုပ်ဆောင်ရန် ရှိကြောင်း ရေးသားသည်။

ကျိုဒိုသတင်းဌာနကလည်း ဂျပန်အစိုးရ သတင်းရင်းမြစ်များကို ကိုးကားပြီး အကူအညီသစ်များ မထောက်ပံ့တော့ဟု ရေးသည်။

ယင်းသတင်းများနှင့်ပတ်သက်ပြီး ရိုက်တာသတင်းဌာနက ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ကဆုနိုဘု ကဘိုကို မေးမြန်းရာ “သတင်းမမှန်”ကြောင်း ပြောသော်လည်း မူဝါဒ အပြောင်းအလဲဖြစ်နိုင်ခြေကို လမ်းဖွင့်ထားပေးသည်။

“မြန်မာပြည်အတွက် စီးပွားရေး အကူအညီတွေနဲ့ပတ်သက်လို့ အခြေအနေတွေကို အစွဲကင်းကင်းနဲ့ ကျနော်တို့ သေသေချာချာ စောင့်ကြည့်နေပြီး ဆုံးဖြတ်သွားပါမယ်”ဟု ကဆုနိုဘု ကဘိုက ဖြေကြားသည်။

ဂျပန်သည် မြန်မာပြည်၏ အဓိက အလှူရှင်နိုင်ငံဖြစ်ပြီး လွန်ခဲ့သော နှစ်များအတွင်း ဂျပန်ကုမ္ပဏီများက မြန်မာပြည်အတွင်း ကျယ်ပြန့်စွာ ရင်းနှီးမြှုပ်နှံလာခဲ့ကြသည်။

အကယ်၍ မြန်မာနှင့် ဆက်ဆံရေးများ လျှော့ချလိုက်ပါက တရုတ်ဘက် ယိမ်းသွားမည်ကို ဂျပန်က စိုးရိမ်နေသည်။

သို့ရာတွင် မြန်မာပြည်တွင်းနှင့် ပြည်ပရှိ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၏ ဖိအားကိုလည်း ဂျပန် ရင်ဆိုင်နေရသည်။

Human Rights Watch နှင့် Justice for Myanmar အဖွဲ့က ဂျပန်နိုင်ငံခြားရေးဝန်ကြီးထံသို့ လူ့အခွင့်အရေးကို လေးစားရန်နှင့် ရွေးကောက်ခံအစိုးရသို့ အာဏာပြန်လွှဲပေးရေး မြန်မာစစ်ကောင်စီအား ဖိအားပေးရန် ယနေ့ ကြာသပတေးနေ့တွင် တောင်းဆိုထားသည်။

ဖေဖော်ဝါရီ ၂၄ ရက်က ရန်ကုန်ရှိ ဂျပန်သံရုံးရှေ့ သွားရောက် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ခဲ့ပြီး နောက်ပိုင်း ဆန္ဒပြသူများက ပြန်လည်ထွက်ခွါသွားခဲ့ကြသဖြင့် ပဋိပက္ခကို ရှောင်လွှဲလိုက်နိုင်ခဲ့သည်။

You may also like these stories:

စစ်အာဏာသိမ်းမှုက စီးပွားရေးလုပ်ငန်းများအတွက် မိုင်းကွင်းတခုဖြစ်လာ

အာဏာသိမ်း စစ်ကောင်စီက ခန့်သည့် အုပ်ချုပ်ရေးမှူးများ ကန့်ကွက်ဆန္ဒပြခံနေရ

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရန် ဦးဝဏ္ဏမောင်လွင် ဘန်ကောက်မြို့သို့ ရောက်ရှိ

Did you find apk for android? You can find new Free Android Games and apps.
Loading