• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အမ်းမြို့တွင် ဆန္ဒပြ၍ ဖမ်းဆီးခံရသူ ၇ ဦး ငွေ ၈ သောင်း ဒဏ်ဆောင်စေ၍ ပြန်လွှတ်

by ဧရာဝတီ
25 February 2021
in သတင်း
A A
ဖေဖော်ဝါရီ ၉ ရက်က အမ်းမြို့တွင် ဆန္ဒထုတ်ဖော်နေကြစဉ် / KoMyoLwin Ann / Facebook

ဖေဖော်ဝါရီ ၉ ရက်က အမ်းမြို့တွင် ဆန္ဒထုတ်ဖော်နေကြစဉ် / KoMyoLwin Ann / Facebook

5k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် အမ်းမြို့၌ စစ်အာဏာရှင်စနစ်ကို အလိုမရှိဟု ဆန္ဒပြမှုကြောင့် တရားစွဲခံထားရသည့် ဒေသခံ ၇ ဦးကို ဖေဖော်ဝါရီလ၂၄ ရက်တွင် အမ်းမြို့နယ်တရားရုံးက တဦးလျှင် ငွေဒဏ် ၈ သောင်းကျပ်စီ အမိန့်ချလိုက်ကြောင်း သတင်း ရရှိသည်။

၎င်းတို့ ၇ ဦးမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြသဖြင့် အမ်းမြို့နယ် ယာယီအုပ်ချုပ်ရေးမှူး ဦးရွှေ အေးက သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀(က) နှင့် အမ်းမြို့နယ် ရဲတပ်မှူးတို့က ငြိမ်းစုချမ်းစွာ စု ဝေးခြင်းနှင့် စီတန်း လှည့်လည်မှုဆိုင်ရာ ပုဒ်မ ၁၉ တို့ဖြင့် မြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများထံ က သိရသည်။

RelatedPosts

ဆူဒန်သို့ ပြည်နှင်ခံရသည့် ရွှေ့ပြောင်းများ အမေရိကန် ဆက်ထိန်းချုပ်ရန် တရားသူကြီး အမိန့်ချ

ဆူဒန်သို့ ပြည်နှင်ခံရသည့် ရွှေ့ပြောင်းများ အမေရိကန် ဆက်ထိန်းချုပ်ရန် တရားသူကြီး အမိန့်ချ

21 May 2025
290
ရန်ကုန် အလုပ်သမားတွေ ဆန္ဒပြမှု သဘောတူညီမှုရရှိ (ရုပ်/သံ)

ရန်ကုန် အလုပ်သမားတွေ ဆန္ဒပြမှု သဘောတူညီမှုရရှိ (ရုပ်/သံ)

21 May 2025
6
ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

21 May 2025
117

အမ်းမြို့ခံ ကိုမျိုးလွင်က “ဘေးစီမံပုဒ်မကို ငွေဒဏ် ၅ သောင်းကျပ်နဲ့ ငြိမ်းစုစီပုဒ်မကို ကျတော့ ၃ သောင်းကျပ် ဆိုတော့ အားလုံး တယောက်ကို ငွေကျပ် ၈ သောင်းစီ ဒဏ်ငွေကျခံစေဖို့ မြို့နယ်တရားရုံးက အမိန့်ချလိုက်တာ ဖြစ်တယ်” ဟု ပြောသည်။

အမိန့်ချခံရသည့် ၇ ဦးမှာ ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ်ကျောင်းသား/သူများအဖွဲ့ (Chin University Students In Rakhine State -CURS) မှ မိုင်ရတနာအောင်၊ ဆလိုင်းမင်းထိုက်အောင်တို့နှင့်အတူ အခြား အမ်းဒေသခံများဖြစ်ကြ သည့် မိုင်တင်ချိုချိုထွေး၊ မောင်မျိုးအောင်၊ စိုးကလျာထွန်း၊ သန်းမြခိုင်၊ ဒေါ်ပုမ တို့ ဖြစ်ကြောင်း သိရသည်။

လွတ်မြောက်လာသူ မိုင်ရတနာအောင်၏ မိခင် ဒေါ်တင်တင်အောင်က “ဒဏ်ငွေ ၈ သောင်း ပေးခဲ့ရတယ်။ မနေ့ ညနေ ၄ နာရီကျော်လောက်ကနေပြီးတော့ ကျမ သမီး အိမ်ကို ရောက်နေပါပြီ။ ကျန်တဲ့လူတွေလည်း အကုန် လွတ်ပါတယ်။ အခုလို လွတ်လာကိုပဲ ဝမ်းသာပါတယ်။ ပြောစရာတော့ ဘာမှမရှိတော့ပါဘူး” ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၉ ရက်က ၎င်းတို့ကို တပ်မတော် အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း ဗီနိုင်းများကို ကိုင်ဆောင်ကာ အမ်း မြို့ပေါ်တွင် မြို့ခံ ၃၀၀ ကျော်တို့က လမ်းလျှောက်ဆန္ဒပြခဲ့ရာတွင် ရဲတပ်ဖွဲ့နှင့် တပ်မတော်က တားဆီးကာ လူစုခွဲခဲ့ပြီး နောက်တွင် လိုက်လံ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အလားတူ ဖေဖော်ဝါရီ ၁၆ ရက်တွင်လည်း သံတွဲမြို့ပေါ် ဆန္ဒပြပွဲ၌ ရဲတပ်ဖွဲ့က အကြမ်းဖက်လူစုခွဲခဲ့ပြီးနောက် ကျောင်းသား များအပါအဝင် လူငယ် ၄ ဦး ဖမ်းဆီးခံခဲ့ရပြီး၊ လက်ရှိအချိန်အထိ သံတွဲမြို့မ ရဲစခန်းတွင် ချုပ်နှောင်ထားကာ မည်သည့် ဥပဒေနှင့် အမှု ဖွင့်လှစ်ထားသည်ကိုမူ တိတိကျကျ မသိရကြောင်း မိသားစုဝင်များက ပြောသည်။

တပ်မတော်က အာဏာသိမ်းယူလိုက်ပြီးနောက် ရခိုင်ပြည်နယ် အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မာန်အောင်မြို့နယ်များ အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ပြီး ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူတို့ကို ဖမ်းဆီးချုပ်နှောင် ထားမှုများ ရှိနေသည်။

You may also like these stories:

စစ်ကောင်စီတွင် ဦးဇော်အေးမောင်ပါဝင်ခြင်းမှာ ပါတီမူနှင့် ကွဲလွဲမှု မရှိဟု ANP ပြော

စစ်ကောင်စီ ဖွဲ့စည်းထားသည့် UEC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ ALD မတက်

ပူတာအိုတွင် ဆန္ဒပြသူများကို ပုဒ်မအမျိုးမျိုးတပ် တရားစွဲ

Your Thoughts …
Tags: ငြိမ်းစုစီငွေဒဏ်စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလူငယ်သဘာဝဘေးအမ်းမြို့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အမ်းမြို့

အမ်းမြို့

by ဧရာဝတီ
3 November 2024
9.3k

အမ်းမြို့သည် လေးဘက်၊ လေးမျက်နှာ၌ တောင်စွယ် တောင်ကုန်းများဖြင့် ဝန်းရံလျက်ရှိ၍ ထိုတောင်စွယ် တောင်ကုန်း တို့သည် သစ်ပင်တောအုပ်များဖြင့် ဖုံးလွှမ်းကာ မှိုင်းမှိုင်းညို့ညို့ ရှိနေသဖြင့် ရှုမျှော်ခင်း သာယာသည်။

စွမ်းသေးရဲ့လား

စွမ်းသေးရဲ့လား

by မသီတာ(စမ်းချောင်း)
7 April 2025
3.1k

တပ်ထဲက တပ်မှူး၊ တပ်သား လူစွမ်းကောင်းတွေ လိုနေပါတယ်။

ငလျင်က မင်းအောင်လှိုင်အတွက် သံတမန်ရေး အမြတ်ထွက်

ငလျင်က မင်းအောင်လှိုင်အတွက် သံတမန်ရေး အမြတ်ထွက်

by ဧရာဝတီ
3 April 2025
3.1k

မင်းအောင်လှိုင် ယခု BIMSTEC ထိပ်သီးဆွေးနွေးပွဲတက်ခြင်းသည် ထိုင်း၊ အိန္ဒိယတို့နှင့် ပိုမိုထိတွေ့ဆက်ဆံခြင်းကဲ့သို့ သံတမန်ရေး အခွင့်အလမ်း ပိုမိုရခြင်းဖြစ်သည်။

ငလျင်ဒဏ်ကြားက မန္တလေးကို ကူကြပါ

ငလျင်ဒဏ်ကြားက မန္တလေးကို ကူကြပါ

by ကံ့ကော်
29 March 2025
2.9k

ကူရာကယ်ရာမဲ့ မန္တလေးသူ မန္တလေးသားတွေရဲ့ ဖြစ်ရပ်တွေကို ဆိုရှယ်မီဒီယာ ကနေတဆင့် တွေ့မြင်ကြရတယ်၊ မြို့ပျက်ကြီးတခုလို ပျက်စီးသွားတဲ့ မန္တလေးမြို့အခြေအနေကို တွေ့မြင်ရတယ်။

သဘာဝဘေး အာမခံရောင်းချမှု ယာယီရပ်

သဘာဝဘေး အာမခံရောင်းချမှု ယာယီရပ်

by ဧရာဝတီ
29 April 2025
2.1k

ငလျင်သင့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း စသည့် ဒေသများတွင် အထွေထွေအာမခံ (General Insurance) ဖြစ်သည့် ကား၊ အိမ်၊ အဆောက်အဦ၊ စက်ရုံများ သဘာဝဘေး အာမခံထားရှိခြင်းကို ပုဂ္ဂလိကအာမခံ ကုမ္ပဏီများက ရောင်းချမှု ယာယီရပ်ဆိုင်းထားကြောင်း...

လိပ်ပြာလုံချင်သူ ခါရာနှင့် တွေ့ဆုံခြင်း

လိပ်ပြာလုံချင်သူ ခါရာနှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
5 January 2025
1.6k

အဲဒီလိုမျိုး ရက်ရက်စက်စက် သတ်ဖြတ်နေတာကို သူတို့ ကြည့်ရက်နိုင်တယ်ဆိုရင် ဒါက ပြည်သူတွေ အပေါ်မှာ စေတနာရှိတာ မဟုတ်ဘူး။ သူတို့ပြောနေတဲ့စကား ပြည်သူတွေက ထမင်းရှင်တွေ ဘာတွေဆိုတာ အလကားပဲ အဓိပ္ပာယ် မရှိဘူး

Next Post
အမေရိကန်သံရုံးရှေ့ ဆန္ဒဖော်ထုတ်နေကြသော အလုပ်သမားများ / CTUM

ဆန္ဒပြ အလုပ်သမားများကို ဖိအားပေး ခြိမ်းခြောက်မှုများ ရပ်တန့်ရန် ILO သတိပေး

၂၀၂၁ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က သံတွဲမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည့် ဒေသခံများ

ဆန္ဒပြ၍ ဖမ်းခံရသည့် သံတွဲဒေသခံ ၄ ဦး မိသားစုနှင့် တွေ့ခွင့်မရ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.2k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

2 days ago
2.3k

Most Read

  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate