• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လွှတ်တော်ကိုယ်စားပြုကော်မတီများ ဖွဲ့စည်းမှု အရေးယူမည်ဟု ရွေးကော်သစ်ထုတ်ပြန်

by ဧရာဝတီ
26 February 2021
in သတင်း
A A
အာဏာသိမ်း စစ်ကောင်စီက ခန့်သည့် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌသစ် ဦးသိန်းစိုး / ဧရာဝတီ

အာဏာသိမ်း စစ်ကောင်စီက ခန့်သည့် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌသစ် ဦးသိန်းစိုး / ဧရာဝတီ

10.9k
VIEWS
Share on FacebookShare on Twitter

လွှတ်တော်အသီးသီး၏ ကိုယ်စားပြုကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှုများကို အရေးယူမည်ဖြစ်ကြောင်း အာဏာသိမ်း စစ်ကောင်စီက ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဖေဖော်ဝါရီ ၂၅ ရက်စွဲဖြင့် သတင်း ထုတ်ပြန်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိသည်ဟုဆိုကာ တပ်မတော်က စွပ်စွဲထားမှုကို UEC အသစ်က စုံစမ်း စစ်ဆေး နေစဉ် လွှတ်တော်ကိုယ်စားပြုကော်မတီများ ဖွဲ့စည်းခြင်း၊ အစည်းအဝေးများ ပြုလုပ်ခြင်း၊ အသိပေး ကြေညာချက်များ ထုတ်ပြန်ခြင်း၊ ကိုယ်စားလှယ်များ ခန့်အပ်တာဝန်ပေးခြင်း စသည့် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေခြင်း သည် တည်ဆဲဥပဒေအရ တရားဝင်ခြင်း မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

RelatedPosts

သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

20 May 2025
333
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 May 2025
1.1k
တရုတ် စွက်ဖက်မှုနှင့် လားရှိုး အလှည့်အပြောင်း – အပိုင်း ၂ (ရုပ်/သံ)

တရုတ် စွက်ဖက်မှုနှင့် လားရှိုး အလှည့်အပြောင်း – အပိုင်း ၂ (ရုပ်/သံ)

20 May 2025
19

ထို့ပြင် လွှတ်တော်ကိုယ်စားပြု ကော်မတီများ၏ ထုတ်ပြန်ကြေညာချက်များသည် တရားဥပဒေစိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားရေး နှင့် အများပြည်သူ အေးချမ်းသာယာရေးကို အန္တရာယ် ဖြစ်စေနိုင်ကြောင်း တွေ့ရှိရသဖြင့် ဆက်လက် ဆောင်ရွက်ခြင်း မပြု ရန်၊ ဆက်လက်ဆောင်ရွက်နေပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဟုလည်း အသိပေးထား သည်။

ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီး တပ်မတော်က အာဏာသိမ်းလိုက်သည့်နေ့တွင် သမ္မတဦးဝင်းမြင့်၊ အတိုင် ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့ဝင်အားလုံးကို ဖမ်းဆီးလိုက်ရုံသာမက ၂၀၂၀ ရွေးကောက်ခံ ပြည်ထောင် စု လွှတ်တော်ကိုယ်စားလှယ် ၄၀၀ ကျော်ကိုလည်း လွှတ်တော်ခေါ်မရအောင် နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာအတွင်း အကျယ်ချုပ် ချုပ်ထားခဲ့သည်။

ထို့နောက် အာဏာသိမ်း တပ်မတော်က ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များအား စည်ပင်ရိပ်သာမှ ဖယ်ရှားရန် နှင့် နေရပ်အသီးသီးသို့ ပြန်ရန် ဖိအားပေးမှုများ ပြုလုပ်ခဲ့သော်လည်း ကိုယ်စားလှယ်များက ပြည်သူ့တာဝန်ကို ထမ်းဆောင် မည်ဖြစ်ကြောင်း စုဝေးကာ ကျမ်းသစ္စာပြုပြီးနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ကို ဖေဖော်ဝါရီ ၅ ရက်တွင် ဖွဲ့စည်းခဲ့သည်။

CRPH ဖွဲ့စည်းပြီး မရှေးမနှောင်းပင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင်လည်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စား လှယ်များက ပြည်နယ်/တိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီများ ဖွဲ့စည်းကြောင်း ထုတ်ပြန် ကြေညာခဲ့ကြသည်။

စစ်ကောင်စီက CRPH ကော်မတီဝင်များကို သက်ဆိုင်ရာ နယ်မြေရဲစခန်းများတွင် အမှုဖွင့်ထားပြီး ဖမ်းဝရမ်းထုတ်ထား သလို ယခုအခါ စစ်ကောင်စီက ဖွဲ့စည်းလိုက်သည့် UEC ကပါ လွှတ်တော်အသီးသီး၏ ကိုယ်စားပြုကော်မတီများနှင့် လုပ်ဆောင်ချက်များကို အရေးယူမည်ဖြစ်ကြောင်း ထပ်မံအသိပေး ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

ပဲခူးတိုင်းဒေသကြီးမှ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် တဦးက “သူတို့လည်း သူတို့ဆောင်ရွက်စရာရှိတာ ဆောင် ရွက်သလို ဒီဘက်ကလည်း ကျနော်တို့က ဥပဒေနဲ့ညီတဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက် ဆောင်ရွက်စရာရှိတာ ဆောင် ရွက်နေပါတယ်” ဟု ပြောဆိုထားသည်။

CRPH သည် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ်မပြုဘဲ ၎င်းတို့ကိုသာ အသိ အမှတ်ပြုရေး ဆောင်ရွက်နေသလို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့ကလည်း CRPH ကိုယ်စား နိုင်ငံတကာနှင့် ဆက် သွယ်ဆောင်ရွက်နိုင်မည့် ကုလအထူးသံတမန်နှင့် နိုင်ငံတကာဆက်ဆံရေး ကိုယ်စားလှယ်များကို ခန့်အပ်လိုက်သည်။

ထို့ပြင် နိုင်ငံသားများ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို စုပေါင်းအားဖြင့် ကာကွယ်နိုင်ရန် ကြားကာလပြည်သူ့ အုပ်ချုပ်ရေး အစီအစဉ်ကို CRPH က ထုတ်ပြန်ထားပြီး တချို့ဒေသများတွင်လည်း CRPH ကို ထောက်ခံသည့် လူထုက စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ကော်မရှင်အသစ်က ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း လွှတ်တော် အားလုံးနှင့် ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းများ ရပ်ဆိုင်းထားပြီး လွှတ်တော်များ၏ သက်တမ်း ကုန်ဆုံးသည့် အခါ သက်ဆိုင်ရာ လွှတ်တော်များသည် အလိုအလျောက် ဖျက်သိမ်းပြီး ဖြစ်သည်ဟု မှတ်ယူကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည့် ၂၀၂၀ ရွေးကောက်ရလဒ်သည် ပယ်ပျက်သွားပြီဟုလည်း ယင်းကော်မရှင်၏ ဥက္ကဋ္ဌ ဦးသိန်းစိုးက ယနေ့ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ပြောဆိုခဲ့ သည်။

သို့သော်လည်း တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း ဖြစ်ပေါ်နေသည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အတည်ပြုပေးရန်၊ မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒကို လေးစားရန်နှင့် ပြည် သူ့အစိုးရကို အာဏာပြန်ပေးရန် တောင်းဆိုလျက် ရှိသည်။

You may also like these stories:

CRPH ကုလ အထူးသံတမန်များအဖြစ် ဒေါက်တာဆာဆာနှင့် ဦးထင်လင်းအောင်ကို တာဝန်ပေး

Your Thoughts …
Tags: CRPHUECရွေးကောက်ပွဲ ကော်မရှင်လွှတ်တော်ကိုယ်စားပြု ကော်မတီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
31.6k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

အကျပ်အတည်းများကြားက ဗလောင်းဗလဲ စစ်ကောင်စီ

အကျပ်အတည်းများကြားက ဗလောင်းဗလဲ စစ်ကောင်စီ

by ဝေမင်းထွန်း
26 August 2023
11.2k

မြန်မာစစ်တပ်တွင် မူမရှိချေ။ ၎င်းတို့တွင် အကျိုးစီးပွားသာရှိကြ၏။ ၎င်းတို့ အာဏာခိုင်မြဲရေးကိုသာ ရှေးရှုကြ၏။

မြဝတီနှင့် ကရင်စစ်မျက်နှာ အလှည့်အပြောင်း

မြဝတီနှင့် ကရင်စစ်မျက်နှာ အလှည့်အပြောင်း

by အေးချမ်းဆု
11 April 2024
11.2k

ကရင်စစ်မျက်နှာရှိ ဖာပွန်၊ မြဝတီ စစ်နယ်နှစ်ခုအနက် တခုကိုသာ ထိုးစစ်ဝင်နိုင်သည်။

စစ်အာဏာသိမ်း ၃ နှစ်ပြည့် NUG သို့ အိတ်ဖွင့်ပေးစာ

စစ်အာဏာသိမ်း ၃ နှစ်ပြည့် NUG သို့ အိတ်ဖွင့်ပေးစာ

by ဉာဏ်လင်း
27 January 2024
10.9k

တော်လှန်ရေးတရပ်သည် စစ်ရေးချည်းသက်သက်ဖြင့် အလုပ်မဖြစ်နိုင်ပေ။ စစ်ရေးနှင့် နိုင်ငံရေး “မျှခြေ” ရှိရန် လိုအပ်ပါသည်။

NUG ကိုယ်တွင်းက နတ်ဆိုး

NUG ကိုယ်တွင်းက နတ်ဆိုး

by David Scott Mathieson
7 March 2024
5.8k

NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန (MOHAI) ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနမှတဆင့် လွန်စွာ စိုးရိမ်စရာကောင်းသည့် ကြေညာချက်တစောင်ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

တော်လှန်ရေးလမ်းဆုံ သို့မဟုတ် နိုင်ငံတော်သစ် ထူထောင်မလား ပြိုကွဲမလား

တော်လှန်ရေးလမ်းဆုံ သို့မဟုတ် နိုင်ငံတော်သစ် ထူထောင်မလား ပြိုကွဲမလား

by Dr. Paul Lim
7 August 2024
5.5k

စစ်ကောင်စီပြိုကွဲလျှင် ဘေးရောက်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ မည်သို့ ဖြစ်မည်နည်း။

Next Post
အလှမယ် နှင်းသွေးယုအောင်  / Hnin Thway Yu Aung's Facebook

ထိုင်းမီဒီယာတခုကို လက်ရှိ မြန်မာနိုင်ငံအကြောင်း ပြောပြခဲ့တဲ့ နှင်းသွေးယုအောင်

ယနေ့ မန္တလေးအကြမ်းဖက်ဖြိုခွင်းမှုဖြစ်စဉ်တွင် ကိုယ်တွေ့ကြုံခဲ့ရသူတွေရဲ့ ပြောပြချက် (ရုပ်/သံ)

ယနေ့ မန္တလေးအကြမ်းဖက်ဖြိုခွင်းမှုဖြစ်စဉ်တွင် ကိုယ်တွေ့ကြုံခဲ့ရသူတွေရဲ့ ပြောပြချက် (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate