သတင်း

ကော့ကရိတ်တွင် တပ်မတော်နှင့် KNU တို့ တိုက်ပွဲဖြစ်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် အာဏာသိမ်း တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ တပ်ဖွဲ့ဝင်များကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU သတင်းအချက်အလက်ဌာန၏Thoolei News က သတင်း ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ၂၆ ရက် နံနက် ၁၁ နာရီခန့်တွင် တပ်မတော်ဘက်မှ ကြိုတင် အကြောင်းကြားထားခြင်းမရှိဘဲ ကော့ကရိတ် – ကျိုက်ဒုံလမ်းအတိုင်း KNU က ထိန်းချုပ်ထားသော မောင်းမရွာသစ်ဘက်သို့ စစ်ကား ၃ စီးဖြင့် ဝင်လာသောကြောင့် KNU ဘက်မှ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုမှာ ၁၅ မိနစ်ခန့်ကြာခဲ့ပြီး KNU တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း (၁၈) မှ တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း KNU တပ်မဟာ ၆ မှ အရာအရှိတဦးက ဧရာဝတီသို့ ပြောသည်။

တိုက်ပွဲအတွင်း တပ်မတော်ဘက်မှ စစ်သည်၂ ဦးကျဆုံးပြီး စစ်သည်၂ ဦး ဒဏ်ရာရကြောင်း သတင်းများ ထွက်ပေါ်နေ သော်လည်း ဧရာဝတီအနေဖြင့် တပ်မတော်ဘက်သို့ သီးသန့်ဆက်သွယ် အတည်ပြုနိုင်ခြင်းမရှိပေ။

လက်ရှိတွင် အဆိုပါနေရာ၌ တပ်မတော်ဘက်က ပြန်လည် ဆုတ်ခွာသွားခြင်း မရှိသေးသောကြောင့် နှစ်ဖက်စစ်ရေး တင်းမာနေဆဲ ဖြစ်ကြောင်း KNU ထံက သိရသည်။

You may also like these stories:

တပ်မတော်နှင့် KNU စစ်ရေးတင်းမာနေ၊ ဒေသခံ ၃ ထောင်ကျော် ထွက်ပြေးရ

Loading