အလုပ်သမား ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူ အယောက် ၂၀ ခန့်ကို တရားစွဲဆိုမှုများ ရှိသည့်အတွက် တိမ်းရှောင်နေရကြောင်း အလုပ်သမား အဖွဲ့အစည်းများထံမှ သိရသည်။
အလုပ်သမား ခေါင်းဆောင်တဦးက “ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲထားတယ်ဆိုတာ မနေ့က သိရတယ်။ ကျမ အပါအဝင် လှိုင်သာယာမှာ တက်ကြွလှုပ်ရှားနေသူ အယောက် ၂၀ လို့ ပြောတယ်။ လူဦးရေစာရင်း အတိအကျတော့ မသိရသေးဘူး” ဟု ပြောသည်။
အလုပ်သမား အဖွဲ့အစည်း အသီးသီးရှိ တက်ကြွလှုပ်ရှားသည့် ခေါင်းဆောင်များကို ရွေးထုတ်ပြီး တရားစွဲခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူများ အနေဖြင့် တိမ်းရှောင်နေရသောကြောင့် တရားစွဲဆိုခံရသည့် အချက်အလက်များကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။
အလုပ်သမားခေါင်းဆောင် တဦးက “ဒီလူတွေကို လုပ်ချလိုက်ရင် အလုပ်သမားထုက ငြိမ်သွားမယ်၊ ကြောက်သွားမယ် ဆိုပြီး အကုန်လုံးကို ရိုက်ချိုးလိုက်တာ။ ပါချင်ပါ၊ မပါချင်နေဆိုပြီး အကုန် လုံးသုတ် တရားစွဲတာ” ဟု ပြောသည်။
သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်နေသူများနှင့် ပတ်သက်၍ အလုပ် ရှင်များထံမှ စာရင်းတောင်းခြင်း၊ လူနေရပ်ကွက် များအတွင်း လိုက်လံရှာဖွေခြင်းများ ရှိနေသည်ဟုလည်း သိရသည်။
ထိုကဲ့သို့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုများတွင် ပါဝင်နေသည့် အလုပ်သမားများအပေါ် ထိပါးနှောင့် ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ရပ်တန့်ရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမာရေးရာအဖွဲ့ (ILO) က ဖေဖော်ဝါရီ ၂၆ ရက် နေ့တွင် ကြေညာချက် ထုတ်ပြန်ပြီး သတိပေးထားသည်။
အလုပ်သမားများ အနေဖြင့် ခြိမ်းခြောက်ခံရခြင်း၊ အကြမ်းဖက်ခံရခြင်းနှင့် ဖိအားပေးခြင်းများ မရှိဘဲ ၎င်းတို့၏ သဘော ဆန္ဒအတိုင်း လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ စုဝေးခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်များ ရှိသည်ဟု ILO က ထုတ်ပြန်ထား သည်။
ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အရပ်သားအစိုးရကို ဖြုတ်ချပြီး တပ်မတော်က အာဏာသိမ်းယူလိုက်ပြီးနောက် နိုင်ငံတဝှမ်း စစ် အာဏာရှင် ဆန့််ကျင်ရေး လှုပ်ရှားမှုများ၊ ဆန္ဒပြပွဲများ ဆက်တိုက် ပြုလုပ်နေကြပြီး အာဏာသိမ်း စစ်ကောင်စီ၏ တပ်နှင့် ရဲ တပ်ဖွဲ့ဝင်များကလည်း စစ်အာဏာရှင် ဆန့်ကျင်နေသူများကို ဖမ်းဆီးခြင်း၊ ဆန္ဒပြပွဲများကို အကြမ်းဖက် ဖြိုခွင်းခြင်းများ ပြု လုပ်လျက် ရှိသည်။
You may also like these stories:
အာဏာသိမ်း စစ်ကောင်စီက လူ ၅၀၀ နီးပါး ဖမ်းဆီးချုပ်နှောင်ထား
ဆန္ဒပြ အလုပ်သမားများကို ဖိအားပေး ခြိမ်းခြောက်မှုများ ရပ်တန့်ရန် ILO သတိပေး