• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်တပ်နှင့်ရဲ အကြမ်းဖက်မှုအပေါ် နိုင်ငံတကာက ရှုတ်ချ၊ တရုတ်နှင့် အာဆီယံ တိတ်ဆိတ်နေ

by ဧရာဝတီ
1 March 2021
in သတင်း
A A
မြေနီကုန်း သပိတ် အကြမ်းဖက်ဖြိုခွင်းမှု  / ဧရာဝတီ

မြေနီကုန်း သပိတ် အကြမ်းဖက်ဖြိုခွင်းမှု / ဧရာဝတီ

10k
VIEWS
Share on FacebookShare on Twitter

စစ်အာဏာရှင် ကျဆုံးရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် မြန်မာစစ်တပ်နှင့် ရဲက အသက်သေဆုံးသည်အထိ အကြမ်း ဖက် ပစ်ခတ်ဖြိုခွင်းသည့်အပေါ် ကုလသမဂ္ဂနှင့် အနောက်နိုင်ငံ အသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချမှုများ ပြုလုပ်နေသော် လည်း တရုတ်နှင့် အာဆီယံနိုင်ငံ အများစုကမူ တစုံတရာ ပြောဆိုဝေဖန်မှု မရှိဘဲ နှုတ်ဆိတ်နေသည်။

ဖေဖော်ဝါရီ ၂၈ ရက် တနင်္ဂနွေနေ့တွင် စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြသူများအား ရဲနှင့် စစ်သားများက ကျည်အစစ် အပါအဝင် ရာဘာကျည်များ၊ မျက်ရည်ယို ဗုံးများဖြင့် ရက်စက်စွာ ပစ်ခတ်နှိမ်နင်းသောကြောင့် ရန်ကုန်နှင့် မန္တလေးမြို့ကြီး များအပါအဝင် နေရာအတော်များများတွင် အနည်းဆုံး လူ ၁၈ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြသည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
41
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
405
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
6

ဧရာဝတီက မတ်လ ၁ ရက် ညနေ ၄ နာရီအချိန်အထိ မြန်မာ့အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နှင့် အာဆီယံနိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ သံရုံးဝက်ဘ်ဆိုက်များကို ဝင်ရောက် လေ့လာ ကြည့်ရာ မနေ့က ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများနှင့် ပတ်သက်၍ ရှုတ်ချကြောင်း ကြေညာချက် (သို့မဟုတ်) ကွယ်လွန်သူ များအတွက် ဝမ်းနည်းကြောင်း ကြေညာချက် တစုံတရာ ထုတ်ပြန်ထားခြင်း မရှိပေ။

ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ပြောခွင့်ရ Stephane Dujarric ကမူ မြန်မာနိုင်ငံတွင် ကျည်အစစ်နှင့် ပစ်ခတ်ဖြိုခွဲမှုများ ကြောင့် အသက်ဆုံးရှုံးမှုနှင့် ပြင်းထန် ဒဏ်ရာရမှုတို့ မြင့်တက်လာခြင်းအတွက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် သည် လွန်စွာ စိတ်ပျက်နေရကြောင်း ပြောကြားသည်။

မြေနီကုန်း သပိတ် အကြမ်းဖက်ဖြိုခွင်းမှု (ဓာတ်ပုံ – ဧရာဝတီ)

ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအပေါ် တရားလက်လွတ် ဖမ်းဆီး ထိန်းသိမ်းခြင်းသည် လက်ခံနိုင်ဖွယ် မရှိဟုလည်း ၎င်းက ပြောဆိုသည်။

တနင်္ဂနွေနေ့ဖြစ်ရပ်သည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ၁ လတာအတွင်း အဆိုးရွားဆုံးသော ပစ်ခတ်ဖြိုခွင်း မှုပင် ဖြစ်သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက မှတ်ချက်ပေးထားသည်။

အမေရိကန် နိုင်ငံတော် လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်ကလည်း မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်ဖြိုခွင်း မှုနှင့် အာဏာသိမ်းမှုအတွက် တာဝန်ရှိသူတွေကို အမေရိကန်က လာမည့် ရက်များအတွင်း ထပ်တိုး အရေးယူမှုများ လုပ် ဆောင်ရန် ပြင်ဆင်နေကြောင်း ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကလည်း ဆန္ဒပြသူများကို ဖြိုခွင်းသည့် မြန်မာစစ်ကောင်စီ၏ လုပ်ရပ်သည် ရွံရှာဖွယ်ရာ အကြမ်းဖက်မှုပင်ဖြစ်ကြောင်း ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။

“ကျွန်ုပ်တို့သည် ရဲရင့်သော မြန်မာပြည်သူများနှင့် ခိုင်မြဲစွာရပ်တည်ပြီး နိုင်ငံအားလုံးအား သူတို့၏ ဆန္ဒကိုထောက်ခံသည့် အနေနှင့် အသံတခုတည်းဖြင့် ပြောဆိုကြရန်တိုက်တွန်းပါသည်” ဟု ဝန်ကြီး ဘလင်ကန်က ရေးသားထားခြင်း ဖြစ်သည်။

မြေနီကုန်း သပိတ် အကြမ်းဖက်ဖြိုခွင်းမှု (ဓာတ်ပုံ – ဧရာဝတီ)

ဥရောပသမဂ္ဂ EU ထိပ်တန်း သံတမန် Josep Borrell ကလည်း မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆန္ဒပြသူများကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့် ဆန့်ကျင်စွာ လူသေဆုံး ဒဏ်ရာရသည်အထိ အကြမ်းဖက်ဖြိုခွဲနေပြီး ယင်းလုပ်ရပ်များ အတွက် တာဝန်ခံရမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

စစ်ကောင်စီအနေနှင့် အရပ်သားများ၏ လွတ်လပ်စွာ စုဝေးပြီး ဆန္ဒထုတ်ဖော်နေမှုကို ခွင့်ပြုရမည်ဖြစ်ပြီး အင်အားသုံးဖြို ခွင်းမှုကို ချက်ချင်းရပ်တန့်ရမည်ဟု တောင်းဆိုထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကမူ ငြိမ်းချမ်းစွာ ဆန္ဒပြသူများ အား စစ်တပ်က ရက်စက်ကြမ်းကြုတ်စွာ လုပ်ဆောင်လာသည်နှင့် အမျှ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း လုပ်ဆောင် ချက်များကို အရှိန်အဟုန်မြင့် ဆောင်ရွက်ကြရတော့မည် ဖြစ်ကြောင်း ၎င်း၏ တွစ်တာ စာမျက်နှာတွင် နှိုးဆော်ထားသည်။

“စကားလုံးများက မလုံလောက်တော့ပါ။ လက်တွေ့လုပ်ဆောင်မှ ရတော့မည်” ဟု ၎င်းက တိုက်တွန်း ပြောကြားထားသည်။

You may also like these stories:

မြိတ်တွင် စစ်တပ်နှင့် ရဲက ကိုယ်ဝန်ဆောင် အမျိုးသမီးကို ရိုက်နှက်

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မနက်ဖြန် လုပ်မည်

Your Thoughts …
Tags: စစ်တပ်နှင့်ရဲအကြမ်းဖက်လုပ်ရပ်အမေရိကန်အာဆီယံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
40.9k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.8k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.3k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

Next Post
တိုင်းရင်းသားလူငယ်များ၏ သပိတ်စစ်ကြောင်းကို ဖေဖော်ဝါရီလအတွင်းက မြင်ရစဉ် / GSCN

အရေးတကာ့ အရေးအပါဆုံး လမ်းဆုံလမ်းခွ သို့မဟုတ် မြန်မာနိုင်ငံကို ပြန်လည်ပုံဖေါ်ခြင်း

ကလေးမြို့ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုကြောင့် ဒဏ်ရာရရှိသွားသူများ

ကလေးမြို့ ဆန္ဒပြလူထု ပစ်ခတ်နှိမ်နင်းခံရပြီး ၁၂ ဦးဒဏ်ရာရ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.4k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate