• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကလေးမြို့ ဆန္ဒပြလူထု ပစ်ခတ်နှိမ်နင်းခံရပြီး ၁၂ ဦးဒဏ်ရာရ

by ဧရာဝတီ
2 March 2021
in သတင်း
A A
ကလေးမြို့ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုကြောင့် ဒဏ်ရာရရှိသွားသူများ

ကလေးမြို့ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုကြောင့် ဒဏ်ရာရရှိသွားသူများ

9.5k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလူထုကို စစ်တပ်နှင့်ရဲက ပစ်ခတ် ဖြိုခွင်းသဖြင့် ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိထားသည်ဟု သတင်းရရှိသည်။

ကျည်ထိမှန်ထားသူ ၁၂ ဦးထဲမှ ၅ ဦးမှာ ဗိုက်၊ ရင်ဘတ်နှင့် ပေါင်တို့တွင် ပြင်းထန်သည့် ဒဏ်ရာများ ရရှိထားသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

RelatedPosts

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

13 June 2025
937
စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

13 June 2025
61
ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

13 June 2025
2.1k

ဒဏ်ရာရရှိထားသူများကို မျက်မြင်တွေ့သူ ဦးကျော်က “အားလုံးထိတဲ့သူ ၁၂ ဦးထဲမှာ ၅ ဦးက ဒဏ်ရာ ပြင်းထန်ပါတယ်။ ဗိုက်ပေါက်တာက တယောက်၊ ရင်ဘတ် ထိတဲ့သူလည်း ရှိတယ်။ အခုစိုးရိမ်ရတဲ့ သူတွေကို ဆေးခန်းမှာ ဝိုင်းပြီး အသက်ကယ်နေကြပါတယ်”ဟု ပြောသည်။

ယနေ့ မနက်ပိုင်း၊ ၈ နာရီမှစ၍ ကလေးမြို့ရှိ ဒေသခံ ၃ သောင်းဝန်းကျင်က မြို့တွင်း နေရာများ ခွဲ၍ စုဝေးကာစီတန်းလှည့်လည်ပြီး စစ်အာဏာရှင် ပြုတ်ကျရေး၊ ဖမ်းဆီးထားသည့် ရွေးကောက်ခံအစိုးရ တဖွဲ့လုံး ပြန်လွတ်ရေးတို့ကို တောင်းဆိုနေရာ မြို့လယ် အဝိုင်းပတ်နားအရောက်တွင် စစ်တပ်နှင့်ရဲက ပိတ်ဆို့လိုက်ပြီး မျက်ရည်ယိုဗုံးများ ဖောက်ခွဲခြင်း၊ ရေကားဖြင့် ဖြန်းခြင်းတို့ဖြင့် လူထုကို စတင်ဖြိုခွင်းသည်။

ထို့နောက် နေ့လည် ၁၁ နာရီခွဲခန့်တွင် စတင် ပစ်ခတ်ဖြိုခွင်းခြင်း ဖြစ်သည်။

ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသူ ၂ ဦးကို အရေးပေါ်ခွဲစိတ်ကုသရန် ဆောင်ရွက်ပေးနေပြီး ဆေးခန်းတွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး CDM လုပ်နေသည့် ခွဲစိတ်ပါရဂူများက သွားရောက်ကုသ ပေးနေသည်ဟု သိရသည်။

ဦးကျော်က “ကျနော်တို့က အစတည်းက ထိပ်တိုက်တွေ့ဖို့ အစီအစဉ်မရှိဘူး။ ဒါပေမယ့် လမ်းဆုံဆိုတာ အဲ့နေရာကို မဖြတ်သွားလို့ကို မရတာ။ သူတို့က လမ်းဆုံမှာ ကျနော်တို့ ရောက်မှ ကျနော်တို့ကို ချောင်ပိတ်ပြီးတော့ ပစ်တာ။ သူတို့ ကျည်အစစ် သုံးတယ်လို့ ထင်ပါတယ်” ဟု ပြေသည်။

ကလေးမြို့၌ ဆန္ဒပြလူအုပ်ထဲတွင် ရှိနေခဲ့သည့် ဒေါ်ခင်မာကလည်း စစ်တပ်နှင့် ရဲက လူစုခွဲရာတွင် ကနဦး မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ပြီး လူအုပ်က နောက်ဆုတ်ပေးရာ ပစ်ခတ်ခြင်း ဖြစ်သည်ဟု ပြောသည်။

ဒေါ်ခင်မာက “သူတို့က ပစ်တာ တရစပ်ကို လူအုပ်ထဲ ပစ်တာ။ ထိတဲ့သူလည်းထိ ပြေးလို့ ဝရုန်းသုန်းကား ချော် လဲသူလဲလို့ ကျမလည်း ခြေထောက်မှာရော ဒူးရော ဒဏ်ရာ ရလာတယ်။ အခုတော့ လူစုက ပစ်ခံရလို့ ပြိုကုန်ပြီ။ ဆက်ဆန္ဒမပြတော့ပဲ အိမ်တွေကို ပြန်နေကြပြီ”ဟု ပြောသည်။

မတ် ၁ ရက်က နိုင်ငံတော်ပိုင် သတင်းဌာနနှင့် တပ်မတော်ပိုင် သတင်းဌာနများတွင် သတင်းထုတ်ပြန်ကြေငြာ ရာ ဆန္ဒပြလူထုကို ကျည်အစစ်ဖြင့် ပစ်ခတ်ခြင်း မပြုရန် ညွှန်ကြားထားကြောင်း၊ ရာဘာကျည်ဖြင့် ပစ်ခတ် ရာတွင်လည်း ခါးအောက်ပိုင်းကိုသာ ပစ်ခတ်ရန် ညွှန်ကြားထားသည်ဟု ကြေငြာထားသည်။

You may also like these stories:

အရေးတကာ့ အရေးအပါဆုံး လမ်းဆုံလမ်းခွ သို့မဟုတ် မြန်မာနိုင်ငံကို ပြန်လည်ပုံဖေါ်ခြင်း

စစ်တပ်နှင့်ရဲ အကြမ်းဖက်မှုအပေါ် နိုင်ငံတကာက ရှုတ်ချ၊ တရုတ်နှင့် အာဆီယံ တိတ်ဆိတ်နေ

သံတွဲက ဆန္ဒပြသူ ၄ ဦးကို ပုဒ်မ ၂ ခုဖြင့် တရားစွဲ

Your Thoughts …
Tags: ကလေးဆန္ဒပြအာဏာသိမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နေပြည်တော် အာဏာသိမ်း ညမှ ၃ နှစ်တိုင်သော်

by ဧရာဝတီ
1 February 2024
18.4k

အာဏာသိမ်းရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အဓိကထား တိုင်ပင်ခဲ့သူနှစ်ဦးမှာ ထိုအချိန်က ကာကွယ်ရေး ဝန်ကြီးဌာန အမှတ် ၆ စစ်ဆင်ရေးအဖွဲ့မှူး ( ကစထ-၆ ) တာဝန်ယူထားသူ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ပြည်ထဲရေး ဝန်ကြီးတာဝန်ယူ ထားသူ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ ဖြစ်သည်။

စစ်အာဏာသိမ်းကာလမှာ ရာထူးတိုးလာတဲ့ “ဒွေး” မောင်နှမ (ရုပ်/သံ)

စစ်အာဏာသိမ်းကာလမှာ ရာထူးတိုးလာတဲ့ “ဒွေး” မောင်နှမ (ရုပ်/သံ)

by ဧရာဝတီ
28 August 2024
8.5k

စစ်တပ်က အာဏာာသိမ်းပြီးနောက် နောက်တဆင့် ရာထူးတိုးပေးခြင်းခံရသည့် မောင်နှမ နှစ်ယောက်ရှိသည်။ သူတို့နှစ်ဦးမှာ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဒေါက်တာ စုစုဒွေးတို့ ဖြစ်သည်။ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဒေါက်တာ စုစုဒွေးတို့သည် မောင်နှမ အရင်းများ ဖြစ်ကြသည်။

ချင်းပြည်တက်သည့်စစ်ကြောင်း တီးတိန်အဝင်၌ ပိတ်ဆို့ ခံထားရ

ချင်းပြည်တက်သည့်စစ်ကြောင်း တီးတိန်အဝင်၌ ပိတ်ဆို့ ခံထားရ

by မေရီခိုင်
27 May 2025
4.2k

ချင်းတော်လှန်ရေး တပ်ပေါင်းစုက ပိတ်ဆို့ခုခံတိုက်ခိုက်နေခြင်းကြောင့် အဆိုပါစစ်ကြောင်းသည် ကလေး မြို့နှင့် ၁၇ မိုင်အကွာ မွာလ်ပီးရွာဘက်၌ ဟန့်တား ထားနိုင်

ပျူရွာများကို သိမ်း၍ ကလေး-ဂန့်ဂေါလမ်းကို ထိန်းချုပ်ရန် လုပ်ဆောင်လာ

ပျူရွာများကို သိမ်း၍ ကလေး-ဂန့်ဂေါလမ်းကို ထိန်းချုပ်ရန် လုပ်ဆောင်လာ

by ဧရာဝတီ
18 April 2025
2.9k

ကလေးနှင့် ဂန့်ဂေါမြို့နယ်အစပ်တွင် စစ်တပ်နှင့် ပျူစောထီးပူးပေါင်းတပ်စွဲထားသည့် ကျေးရွာ ၁၂ ရွာခန့်ရှိပြီး မြောက်ခင် ရန်းရွာ၊ ဟံသာဝတီရွာနှင့် ကြံတောရွာတို့မှာ ပျူစောထီးအင်အား အတောင့်တင်းဆုံးရွာများဖြစ်

ပြန်ပေးဆွဲခံရတဲ့ ကလေး ၃ ဦး ဘယ်လိုသတ်ဖြတ်ခံခဲ့ရလဲ (ရုပ်/သံ)

ပြန်ပေးဆွဲခံရတဲ့ ကလေး ၃ ဦး ဘယ်လိုသတ်ဖြတ်ခံခဲ့ရလဲ (ရုပ်/သံ)

by ဧရာဝတီ
26 February 2025
2.5k

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက ဂျေယန်းစစ်ဘေးရှောင်စခန်းမှာ နေထိုင်တဲ့ အသက် ၁၀ နှစ်ဝန်းကျင်အရွယ် မိန်းကလေးငယ် ၃ ဦး ပြန်ပေးဆွဲ သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။

ဘူးသီးတောင် ရိုဟင်ဂျာဆန္ဒပြပွဲ စစ်ကောင်စီကြိုးကိုင်ခဲ့ဟု NUG ဆို

ဘူးသီးတောင် ရိုဟင်ဂျာဆန္ဒပြပွဲ စစ်ကောင်စီကြိုးကိုင်ခဲ့ဟု NUG ဆို

by ဧရာဝတီ
21 March 2024
2.4k

တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့တွင် ပြုလုပ်ခဲ့သော ရိုဟင်ဂျာများ၏ ဆန္ဒပြပွဲသည် စစ်ကောင်စီက ကြိုးကိုင်စီစဉ်ခဲ့ခြင်းသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ပြောဆိုသည်။

Next Post
နေပြည်တော်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ကျန်းမာရေးဝန်ထမ်းများ သပိတ်စစ်ကြောင်း / ဧရာဝတီ

CDM လုပ်သည့် ဝန်ထမ်း ထောင်ချီ တိုးလာ

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် လင်ဒါသောမတ်ဂရင်းဖီးလ်

မြန်မာ့အရေး လုံခြုံရေးကောင်စီတွင် အပြင်းအထန်ဆွေးနွေးရန် အမေရိကန် တွန်းအားပေးနေ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.6k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

2 days ago
3.9k

Most Read

  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate