သတင်း

မြန်မာ့အရေး လုံခြုံရေးကောင်စီတွင် အပြင်းအထန်ဆွေးနွေးရန် အမေရိကန် တွန်းအားပေးနေ

Want create site? Find Free WordPress Themes and plugins.

ဝါရှင်တန်သည် ၎င်း၏ ကုလသမဂ္ဂနှင့် အသစ်တဖန် ပြန်လည်ထိတွေ့ဆက်ဆံရေးကို အသုံးပြုရန် အသင့်ရှိကြောင်းနှင့် မြန်မာ စစ်တပ်ကို ၎င်းတို့၏လုပ်ရပ်များ ပြန်လည်ရုပ်သိမ်းစေပြီး ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရကို ပြန်လည်ခန့်အပ်ရန် နိုင်ငံတကာနှင့်အတူ ဖိအားပေးလိုကြောင်း လင်ဒါ သောမတ် ဂရင်းဖီးလ်က ပြောကြားလိုက်သည်။

မတ်လတွင် အမေရိကန်၏ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဋ္ဌတာဝန်ကို အသုံးပြုပြီး မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ပိုမိုပြင်းထန်သည့် ဆွေးနွေးပွဲကို တွန်းအားပေးလိုကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် လင်ဒါသောမတ်ဂရင်းဖီးလ်က တနင်္လာနေ့တွင်ပြောသည်။

မြန်မာနိုင်ငံမှ ရွေးကောက်ခံအရပ်သားအစိုးရကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုတွင် ဖြုတ်ချလိုက်သည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို လိုအပ်သည့် မည်သည့်နည်းဖြင့်မဆို အရေးယူပြီး ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရန် သောကြာနေ့တွင် ကုလသမဂ္ဂသို့ မေတ္တာရပ်ခံခဲ့သည်။

“အမေရိကန်နိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဋ္ဌတာဝန်ယူချိန်မှာ ပိုမိုပြင်းထန်တဲ့ ဆွေးနွေးမှုတွေကို တွန်းအားပေးဖို့ ကျမ မျှော်လင့်တယ်”ဟု သောမတ်ဂရင်းဖီးလ်က သတင်းထောက်များကို ပြောကြားရင်း မြန်မာနိုင်ငံဆိုင်ရာ လုံခြုံရေးကောင်စီအစည်းအဝေးကို အမြန်ဆုံးကျင်းပရန် စီစဉ်ထားကြောင်းပြောသည်။

လုံခြုံရေးကောင်စီသည် လွန်ခဲ့သောလက ထုတ်ပြန်သည့်ကြေညာချက်တွင် မြန်မာစစ်တပ်က အရေးပေါ်အခြေအနေ တနှစ်ကြေညာခြင်းကို စိုးရိမ်ပူပန်ကြောင်းပြောကြားသော်လည်း တရုတ်နှင့် ရုရှားတို့၏ ဆန့်ကျင်မှုကြောင့် အာဏာသိမ်းမှုကို ရှုတ်ချနိုင်ခြင်း မရှိခဲ့ပေ။

မြန်မာ ရဲများသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို မျက်ရည်ယိုဗုံးများ၊ အသံဗုံးများ၊ ရာဘာကျည်များဖြင့် ဖြိုခွဲနေသည်။ တနင်္ဂနွေနေ့တွင် ရဲများက နေရာအများအပြားတွင် လူအုပ်ကို ပစ်ခတ်သောကြောင့် လူ အနည်းဆုံး ၁၈ ဦးသေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဆိုသည်။

ဝါရှင်တန်သည် ၎င်း၏ ကုလသမဂ္ဂနှင့် အသစ်တဖန်ပြန်လည်ထိတွေ့ဆက်ဆံရေးကို အသုံးပြုရန်အသင့်ရှိကြောင်းနှင့် မြန်မာစစ်တပ်ကို ၎င်းတို့၏လုပ်ရပ်များ ပြန်လည်ရုပ်သိမ်းစေပြီး ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရကို ပြန်လည်ခန့်အပ်ရန် နိုင်ငံတကာနှင့်အတူ ဖိအားပေးလိုကြောင်း သောမတ် ဂရင်းဖီးလ်က ပြောကြားလိုက်သည်။

“ဒါပေမယ့် ကျမတို့အခုတွေ့နေရတဲ့ အကြမ်းဖက်မှုတွေက ကျမအမြင် ဒီလောက် လွယ်ကူတဲ့ ဆုံးဖြတ်ချက်လေးကို ချဖို့ သူတို့ အဆင်သင့်ဖြစ်တယ်ဆိုတဲ့ လက္ခဏာကို ပြသခြင်းမရှိဘူး။ ဒါကြောင့်မို့ ကျမတို့က ဖိအား ထပ်မံမြှင့်တင်ရမယ်” ဟု သူပြောသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်က စစ်အာဏာသိမ်းမှု မအောင်မြင်ရေးအတွက် ကမ္ဘာဖိအားကို အသုံးပြုမည်ဖြစ်ကြောင်း ကတိပြုထားသည်။

ဦးကျော်မိုးထွန်းသည် နိုင်ငံကို သစ္စာဖေါက်သောကြောင့် ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း မြန်မာ စစ်တပ်ရုပ်သံက စနေနေ့တွင်ကြေညာသည်။ “ကျနော်ကတော့ အတတ်နိုင်ဆုံး ပြန်လည်တိုက်ခိုက်သွားမယ်” ဟု ဦးကျော်မိုးထွန်းက Reuters သတင်းဌာနသို့ပြောသည်။

စစ်အစိုးရသည် အစိုးရအပြောင်းအလဲဖြစ်ခြင်းနှင့် ကုလသမဂ္ဂတွင် ကိုယ်စားပြုမှု အပြောင်းအလဲဖြစ်ကြောင်း အကြောင်းကြားခြင်း မရှိသောကြောင့် ကုလသမဂ္ဂသည် စစ်အစိုးရကို မြန်မာနိုင်ငံအစိုးရသစ်အဖြစ် အသိအမှတ်မပြုပေ။

“မြန်မာနိုင်ငံကို ကိုယ်စားပြုမှုနဲ့ပတ်သက်တဲ့ အပြောင်းအလဲကို နယူးယောက်က ကုလသမဂ္ဂကို အကြောင်းကြားစာ မရောက်ဘူး” ဟု ကုသလမဂ္ဂပြောခွင့်ရသူ စတက်ဖနီ ဒူဂျားရစ်က တနင်္လာနေ့တွင်ပြောသည်။ “သံတမန်ရေးရာဌာနက ကျမတို့ လုပ်ဖေါ်ကိုင်ဖက်တွေကလည်း မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ဆီက အစိုးရအပြောင်းအလဲဖြစ်တဲ့ ဘာသတင်းအချက်အလက်မှ မရဘူး” ဟုလည်း သူပြောသည်။

ကိုးကား။ ။ Reuters

You may also like these stories:

စစ်တပ်နှင့်ရဲ အကြမ်းဖက်မှုအပေါ် နိုင်ငံတကာက ရှုတ်ချ၊ တရုတ်နှင့် အာဆီယံ တိတ်ဆိတ်နေ

အာဏာသိမ်းပြီးနောက် ဖမ်းခံရသူ ၁၀၀၀ ကျော်၊ သေဆုံးသူ ၃၀ ခန့်ရှိလာ

စစ်ကောင်စီက ထုတ်သော်လည်း ဦးကျော်မိုးထွန်းကိုသာ သံအမတ်အဖြစ် ကုလအသိအမှတ်ပြု

Did you find apk for android? You can find new Free Android Games and apps.
Loading