• English
Wednesday, June 25, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဦးကျော်မိုးထွန်းအား အစားထိုးရန် ကြိုးစားမှု မအောင်မြင်

by ဧရာဝတီ
3 March 2021
in သတင်း
A A
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်အာဏာသိမ်းမှု ကျဆုံးရမည်ဟု မိန့်ခွန်းပြောကြားခဲ့စဉ်

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်အာဏာသိမ်းမှု ကျဆုံးရမည်ဟု မိန့်ခွန်းပြောကြားခဲ့စဉ်

19.1k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း၏ ရာထူးတာဝန်အား လဲလှယ် အစားထိုးရန် တင်ပြလာသူ ဒုတိယ အမြဲတမ်းကိုယ်စားလှယ်သည် အလုပ်မှ နုတ်ထွက်ကြောင်း ကြေညာလိုက်သဖြင့် ကုလသမဂ္ဂရှိ မြန်မာနိုင်ငံ ကိုယ်စားလှယ်နေရာကို ထိန်းချုပ်ရေး အာဏာသိမ်း စစ်ကောင်စီ၏ ကနဦး ကြိုးပမ်းချက် မအောင်မမြင် ဖြစ်သွားသည်။

နယူးယောက်မှ လာသော သတင်းများအရ မြန်မာနိုင်ငံမှ ကုလသမဂ္ဂဆိုင်ရာ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် ဦးတင်မောင်နိုင်သည် မြန်မာပြည်ရှိ စစ်အာဏာပိုင်များက ၎င်းကို ဦးကျော်မိုးထွန်း၏ ရာထူးနေရာအတွက် အစားထိုးပြီး တိုင်းပြည်ကို ကိုယ်စားပြုသူ ဖြစ်ကြောင်း တင်ပြလျှောက်ထားလွှာအား ကုလသမဂ္ဂသို့ တင်သွင်းခဲ့ကြောင်း သိရသည်။

RelatedPosts

မြန်မာနိုင်ငံပို့မယ့် Y-8 နှစ်စီး တရုတ်လေဆိပ်မှာတွေ့ (ရုပ်/သံ)

မြန်မာနိုင်ငံပို့မယ့် Y-8 နှစ်စီး တရုတ်လေဆိပ်မှာတွေ့ (ရုပ်/သံ)

24 June 2025
56
တိုက်နေသူတွေမပါတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိုရမ် (ရုပ်/သံ)

တိုက်နေသူတွေမပါတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိုရမ် (ရုပ်/သံ)

24 June 2025
69
အစ္စရေး-အီရန်စစ်ပွဲကို ကြုံတွေ့နေရတဲ့ မြန်မာတွေ (ရုပ်သံ)

အစ္စရေး-အီရန်စစ်ပွဲကို ကြုံတွေ့နေရတဲ့ မြန်မာတွေ (ရုပ်သံ)

24 June 2025
65

ဦးကျော်မိုးထွန်းကလည်း သူသည်သာ တရားဝင် ရွေးကောက်တင်မြှောက်ထားသော အစိုးရက ခန့်အပ်သည့် ကိုယ်စားလှယ်ဖြစ်ကြောင်း ကုလသမဂ္ဂသို့ တရားဝင် ပြန်စာ ပို့ခဲ့ကြောင်း သိရသည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂသို့ ပေးပို့သော စာတွင် “ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအစိုးရအပေါ် တရားမဝင် အာဏာသိမ်းမှုကို ကျူးလွန်သူများသည် ကျနော်တို့ တိုင်းပြည်၏ သမ္မတ၏ တရားဝင် အမိန့်အာဏာကို ပယ်ဖျက်ရန် အခွင့့် မရှိပါ” ဟု ရေးသားထားကြောင်း CNN သတင်းက ဆိုသည်။

သို့သော်လည်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကုလသမဂ္ဂတွင် တိုင်းပြည်၏ ကိုယ်စားပြုမှုကို ရယူရန် ဒုတိယ အမြဲတမ်း ကိုယ်စားလှယ်ကို ကျောထောက် နောက်ခံ ပေးနေကြောင်း ကုလသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ပြောသည်။

“ဒါက ကျနော်တို့ မတွေ့ရတာ ကြာပြီ ဖြစ်တဲ့ ထူးခြားတဲ့ အခြေအနေ တခုပါပဲ” ဟု Stephane Dujarric က သတင်းထောက်များသို့ မတ်လ ၂ ရက်နေ့က ပြောကြားခဲ့သည်။

စစ်အာဏာသိမ်းမှုကို ရှုတ်ချပြီး နိုင်ငံ၏ အရပ်သားခေါင်းဆောင်မှုကို ပြန်လည်ထူထောင်ရန် လိုအပ်သော မည်သည့် နည်းလမ်းကိုမဆို အသုံးပြုရန် ကုလသမဂ္ဂ၏ အလွတ်သဘော အစည်းအဝေးတွင် တောင်းဆိုခဲ့ပြီးနောက် မြန်မာ စစ်ခေါင်းဆောင်များက ဦးကျော်မိုးထွန်းကို ရာထူးမှ ဖယ်ရှားကြောင်း သီတင်းပတ်ကုန် ရက်များအတွင်း ပထမဆုံး ကြေငြာခဲ့သည်။

မတ်လ ၂ နေ့က သတင်းစာရှင်းလင်းပွဲ တခုတွင် အသိအမှတ်ပြုခြင်း လုပ်ငန်းစဉ်နှင့် ပတ်သက်၍ Stephane Dujarric က “ပထမဆုံးအနေနဲ့ အစိုးရအတွင်း ပြောင်းလဲမှု အမြဲတမ်းကိုယ်စားပြုမှု ပြောင်းလဲမှုမှာတခုအကြောင်း ကျနော်တို့ကို တရားဝင် အသိပေးဖို့ လိုပါတယ်။ အဖွဲ့ဝင် နိုင်ငံတနိုင်ငံရဲ့ နေရာမှာ ထိုင်နေတဲ့ တစုံတယောက်ရဲ့ အရည်အချင်း ပြည့်မီမှု နဲ့ ပတ်သက်လို့ မေးခွန်းတွေ ရှိလာရင် အဲဒါက အထွေထွေညီလာခံရဲ့ စိစစ်ရေးကော်မတီမှ တဆင့် အဖွဲ့ဝင်နိုင်ငံများ ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးဖို့နဲ့ စိန်ခေါ်ဖို့ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က မြန်မာစစ်ကောင်စီကို အသိအမှတ်မပြုရန် နိုင်ငံတကာအသိုင်းအဝိုင်းသို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် တောင်းဆိုခဲ့ပြီး သူတို့၏ အာဏာရယူမှုသည် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုတခုဟု ခေါ်ဆိုခဲ့သည်။

ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသား အများစုကလည်း အာဏာသိမ်းစစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်မပြုရန် ကုလသမဂ္ဂ အပါအဝင် နိုင်ငံရပ်ခြားအစိုးရများအပြင် နိုင်ငံတကာရှိ မြန်မာသံတမန်အသိုင်းအဝိုင်းကိုလည်း ဖိအားပေးတောင်းဆိုနေသည်။

ယခု ဦးကျော်မိုးထွန်း၏ ရာထူးတာဝန်နေရာကို အစားထိုးရန် ကုလသမဂ္ဂသို့ တင်ပြလာသူ ဦးတင်မောင်နိုင်ကို နယူးယောက်ရှိ မြန်မာအသိုင်းအဝိုင်းကို အကြီးအကျယ် ကန့်ကွက်ဖိအားပေးခဲ့ကြရာ နောက်ဆုံး အလုပ်မှ နုတ်ထွက်ကြောင်း ၎င်း၏ ဖေ့စ်ဘွတ်လူမှုစာမျက်နှာတွင် ဦးတင်မောင်နိုင်က ရေးသားခဲ့သည်။

“ကျနော်သည် ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ရရှိထားသည့် လုပ်သက်နှစ် ၃၀ ကျော်ရှိ ဝန်ထမ်းတဦး ဖြစ်ပါသည်။ နိုင်ငံအပေါ် သစ္စာရှိသူ တဦးဖြစ်ပါသည်။ အခြေအနေအရ မိမိချစ်မြတ်နိုး တန်ဖိုးထားသည့် အလုပ်ကို စွန့်လွှတ်ရန် ဆုံးဖြတ်ရပါသည်”ဟု ရေးသားခဲ့သည်။

ကုလသမဂ္ဂသို့ တင်သွင်းသည့် လျှောက်ထားလွှာကို ပြန်ရုတ်သိမ်းပြီး မြန်မာနိုင်ငံသို့ ဦးတင်မောင်နိုင် ပြန်မည်ဟု နယူးယောက်ရှိ မြန်မာအသိုင်းအဝိုင်းများက လူမှုကွန်ရက်ပေါ်တွင် ရေးသားနေကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်ထားသော နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဦးကျော်မိုးထွန်းအား လက်ရှိ ဆောင်ရွက်နေသည့် တာဝန်ဝတ္တရားများအပြင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးရာ နှင့် သံတမန်ရေးရာ ကိစ္စရပ်များကိုပါ စီမံခန့်ခွဲနိုင်ရန် ဖြည့်စွက်တာဝန်ပေးအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။

You may also like these stories:

ဦးကျော်မိုးထွန်း မိန့်ခွန်းက ဘယ်လောက် သက်ရောက်မှု ဖြစ်စေသလဲ

အာဏာသိမ်း စစ်ကောင်စီက ဦးကျော်မိုးထွန်းကို တာဝန်မှ ထုတ်ပယ်

စစ်ကောင်စီက ထုတ်သော်လည်း ဦးကျော်မိုးထွန်းကိုသာ သံအမတ်အဖြစ် ကုလအသိအမှတ်ပြု

Your Thoughts …
Tags: ကုလသမဂ္ဂ ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်နိုင်ငံခြားရေးဝန်ကြီးဌာနအာဏာသိမ်း စစ်ကောင်စီဦးကျော်မိုးထွန်းဦးတင်မောင်နိုင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
51.3k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

မြန်မာဆိုင်ရာ သံအမတ်နှင့် စစ်သံမှူး ဘင်္ဂလားဒေ့ရှ် ရုပ်သိမ်း

မြန်မာဆိုင်ရာ သံအမတ်နှင့် စစ်သံမှူး ဘင်္ဂလားဒေ့ရှ် ရုပ်သိမ်း

by ဧရာဝတီ
29 May 2025
7.2k

ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး မိုနိုဝါဟိုစိန်နှင့် စစ်သံမှူး ဗိုလ်မှူးချုပ် အက်ဖ်တက် ဟော့စိန်တို့အား ယခုလအတွင်း ဒါကာသို့ ပြန်ခေါ်ခဲ့သည်။

ဇွန်လ ၈ ရက် ချုံချင့်မြို့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ကောင်စီခန့် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တွေ့ဆုံစဉ်

တရုတ်က မြန်မာကို ဝင်မစွက်ဖက်ဘူးတဲ့လား

by Bertil Lintner
12 June 2021
34.3k

မြန်မာနိုင်ငံသည် တရုတ်၏ အရှင်းလင်းဆုံးနှင့် အပြင်းထန်ဆုံး အခြားနိုင်ငံပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှု ဥပမာတခုဖြစ်နိုင်သည်။

“လုံးဝ အားမလျှော့ဘဲနဲ့ ကိုယ်လုပ်စရာရှိတာကို ကိုယ်ဆက်လုပ်သွားပေးကြပါ”

“လုံးဝ အားမလျှော့ဘဲနဲ့ ကိုယ်လုပ်စရာရှိတာကို ကိုယ်ဆက်လုပ်သွားပေးကြပါ”

by ဧရာဝတီ
11 August 2023
1.7k

ကျနော် ရှေ့ကပြောသလို အခုချပြီးတဲ့ Resolution က ဘာမလုပ်ရင် ဘာလုပ်မယ်ဆိုတာ အဲ့ဒီလိုမျိုး အရေးယူနိုင်မယ့် အချက်အလက်တွေ မပါလာဘူး။

အာဏာသိမ်း စစ်ကောင်စီ အတွင်းရေးမှူးတာဝန် ထမ်းဆောင်နေသော ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး 

စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေး အရန်အင်အား အပို့ခံရ

by ဧရာဝတီ
10 January 2022
22.1k

ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးအား တပ်မတော်အရန်အင်အားအဖြစ်သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

ကုန်ချင်း တိုက်ရိုက်ဖလှယ်သည့် စနစ် စစ်ကောင်စီ ပြန်ကျင့်သုံးမည်

ကုန်ချင်း တိုက်ရိုက်ဖလှယ်သည့် စနစ် စစ်ကောင်စီ ပြန်ကျင့်သုံးမည်

by ဧရာဝတီ
30 May 2024
1.5k

အာဏာသိမ်း စစ်ကောင်စီက နိုင်ငံခြားငွေ လိုအပ်ချက်ကို လျှော့ချရန် ကုန်သွယ်ဖက် နှစ်နိုင်ငံခြား ကုန်ပစ္စည်းချင်း အပြန်အလှန်ဖလှယ်သည့် ကုန်သွယ်မှုစနစ် (Barter Transaction Arrangement-BAT) ကို ပြန်ကျင့်သုံးမည်။

Next Post
မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းနေစဉ်  / Tartar Aung

မြောက်ဥက္ကလာတွင် ကျည်ထိမှန်၍ ၁ ဦးသေ၊ ၄ ဦး အပြင်းအထန်ဒဏ်ရာရ

Social Punishment (လူမှုရေးပြစ်ဒဏ်) စာရင်းမှာ ပါဝင်သူ အချို့

Social Punishment စာရင်းမှာ အနုပညာရှင်နဲ့ Influencer အချို့ ပါဝင်

No Result
View All Result

Recommended

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

6 days ago
9.2k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

5 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate