သတင်း

မုံရွာသပိတ် ပစ်ခတ်ဖြိုခွင်းမှု ၅ ဦး သေဆုံး

Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ ပြည်ထောင်စုလမ်း၊ ဘုရားနီ ဘုရားအနီး ယနေ့ နံနက်က ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ရဲနှင့်စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းမှုကြောင့် ညနေ ၅ နာရီအချိန်တွင် သေ ဆုံးသူ ၅ ဦး ရှိပြီဖြစ်ကြောင်း မုံရွာသပိတ် ဦးဆောင် ကော်မတီဝင် ကိုဝေမိုးနိုင်က ပြောသည်။

အဆိုပါ ၅ ဦးမှာ ကိုမင်းခန့်ကျော် (၂၂ နှစ်) ၊ ဒေါ်မြင့်မြင့်ဇင် (၃၆ နှစ်)၊ မကျော့နန္ဒာအောင် (၂၅ နှစ်)၊ ကိုမိုးအောင် (၂၃ နှစ် )၊ ကိုနိုင်ဝင်း (၄၈ နှစ်) တို့ ဖြစ်ကြောင်း၊ ဒဏ်ရာရသူမှာလည်း ၃၀ ဦးထက်မနည်း ရှိကြောင်း သိရသည်။

ယနေ့ နံနက်တွင် မုံရွာ-သာစည် လမ်းဘက်မှ စစ်ကြောင်း စထွက်လာသည့် မုံရွာပင်မ သပိတ်စစ်ကြောင်းအား ဘုရားနီမီး ပွိုင့်အနီးတွင် ရဲနှင့်စစ်တပ်က ရေကားများ၊ အသံဗုံးများဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သလို ကျည်အစစ်ဖြင့်ပါ ပစ်ခတ်မှုများကြောင့် အမျိုးသမီး၂ ဦးနှင့် အမျိုးသား ၃ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ထိခိုက်ဒဏ်ရာ ရရှိသူများကို မုံရွာမြို့ရှိ လူမှုကူညီရေးအသင်းများ၏ အကူအညီဖြင့် နီးစပ်ရာ ဆေးရုံဆေးခန်းများသို့ ပို့ ဆောင် ကုသပေးနေပြီး ပြည်သူများကလည်း အရေးပေါ် သွေးလိုမှုကို ဝိုင်းကူလှူဒါန်းလျက် ရှိကြောင်း၊ အရေးပေါ် အခြေ အနေဖြင့် ကုသမှု ခံယူနေရသူများလည်း ရှိရာ သေဆုံးသူအရေအတွက် တိုးလာနိုင်ဖွယ်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် သပိတ်စစ်ကြောင်းအား လူစုခွဲထားပြီဖြစ်ပြီး နီးစပ်ရာ အိမ်များ၊ ရပ်ကွက်များထဲ၌ ဝင်ရောက် တိမ်း ရှောင်နေကြောင်း၊ ယခင်ရက်များကလည်း လူထုသပိတ်စစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့များ ထိပ်တိုက်တွေ့ဆုံမှု ရှိခဲ့သော် လည်း ယနေ့ဖြစ်စဉ်သည် လူသေဆုံးမှု ပထမဆုံး ဖြစ်ကြောင်း ကိုဝေမိုးနိုင်က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ၂၇ ရက်ကလည်း မုံရွာလူထု သပိတ်စစ်ကြောင်း စထွက်မည့်အချိန်ကတည်းက ပစ်ခတ် ဖြိုခွင်းခံရ ပြီး ကျောင်းသား သမဂ္ဂခေါင်းဆောင်များ အပါအဝင် ဆန္ဒပြသူတချို့ ဖမ်းဆီးခံခဲ့ရသည်။

ယနေ့ မုံရွာသပိတ် ဖြိုခွင်းခံရမှုတွင် ဖမ်းဆီးခံရသူ စာရင်း အတိအကျကို အတည်မပြုနိုင်သေးသော်လည်း ဒဏ်ရာရပြီး သေဆုံးသူ (သို့) ဒဏ်ရာ ပြင်းထန်သူ လူနာ၂ ဦးကို ရဲများက တရွတ်တိုက်ဆွဲပြီး အချုပ်ကားပေါ်တင်သည့် ဗီဒီယိုဖိုင်များ လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့လျက် ရှိသည်။

ယနေ့ (မတ် ၃ ရက်) တွင် စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြသူများအား ရဲနှင့်စစ်သားများက ကျည်အစစ် အပါအဝင် ရာဘာကျည်များ၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်နှိမ်နင်းသောကြောင့် မုံရွာ၊ မန္တလေး၊ မြင်းခြံ၊ မကွေးနှင့် မြောက်ဥက္ကလာပ မြို့နယ်များတွင် လူသေဆုံးမှုများရှိခဲ့ရာ မုံရွာတွင် သေဆုံးသူ အများဆုံး ဖြစ်နေသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်ကလည်း ထိုသို့ ပစ်ခတ်နှိမ်နင်းမှုကြောင့် ရန်ကုန်နှင့် မန္တလေး မြို့ကြီးများ အပါအဝင် နေရာ အတော်တော်များတွင် သေဆုံးသူ ၁၈ ဦး ထက်မနည်း ရှိခဲ့ပြီး အများအပြား ဒဏ်ရာရှိခဲ့သည်။

You may also like these stories:

မြန်မာ့အရေး ဘုံသဘောတူညီချက် မရ၍ အာဆီယံ ကြေညာချက် မထုတ်နိုင်

မြောက်ဥက္ကလာတွင် ကျည်ထိမှန်၍ ၁ ဦးသေ၊ ၄ ဦး အပြင်းအထန်ဒဏ်ရာရ

ဖမ်းခံရသည့် ရန်ကုန်သတင်းထောက်တချို့ ကို ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲ

Did you find apk for android? You can find new Free Android Games and apps.
Loading