• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တနိုင်ငံလုံးတွင် CDM ပြုလုပ်သည့် ရဲဝန်ထမ်း ၆၀၀ ကျော်အထိ ရှိလာ

by ဧရာဝတီ
5 March 2021
in သတင်း
A A
ဆန္ဒပြပွဲတခုကို ဖြိုခွင်းရန် ကြိုးပမ်းနေသည့် ရဲတပ်ဖွဲ့ ဝင်များ / ဧရာဝတီ

ဆန္ဒပြပွဲတခုကို ဖြိုခွင်းရန် ကြိုးပမ်းနေသည့် ရဲတပ်ဖွဲ့ ဝင်များ / ဧရာဝတီ

10.3k
VIEWS
Share on FacebookShare on Twitter

အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်လာသည့် ရဲဝန်ထမ်း လူဦးရေ ၆၀၀ ကျော် အထိ ရှိလာပြီး ရခိုင်ပြည်နယ်မှ လွဲ၍ တနိုင်ငံလုံးရှိ ဌာနပေါင်းစုံမှ ရဲများ ပါဝင်ကြောင်း စုံစမ်း သိရှိရသည်။

မှုခင်း ရဲတပ်ဖွဲ့ ၊ သတင်းရဲတပ်ဖွဲ့ ၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ ကမ္ဘာလှည့် ခရီးသွား ရဲဌာန၊ စခန်းရဲနှင့် လုံခြုံရေး ရဲ တပ်ဖွဲ့ ၊ ရဲလေ့ကျင့်ရေးကျောင်းတို့မှ ရဲအရာရှိများ၊ အခြားအဆင့်များသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် နေ့စဉ် CDM လှုပ်ရှားမှုတွင် ပါဝင်လာကြခြင်း ဖြစ်ကြောင်း နေပြည်တော်မှ ရဲအရာရှိတဦးက ပြော သည်။

RelatedPosts

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

13 July 2025
68
ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
59
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
214

မတ်လ ၃ ရက်နေ့ တရက်တည်း CDM ပြုလုပ်သည့် ရဲဝန်ထမ်း ၆၁ ဦး၊ ခွင့်မဲ့ပျက်ကွက်နေသူ ၄၃ ဦးအထိ ရှိကြောင်း၊ ရဲ သတင်းတပ်ဖွဲ့ မှ ရဲမှူး တင်မင်းထွန်းဆိုသူ CDM ပြုလုပ်လိုက်ခြင်းက ရဲအသိုင်းအဝိုင်းတွင် ရိုက်ခတ်မှု ပြင်းထန်ခဲ့ကြောင်း သိရသည်။

သတင်းတပ်ဖွဲ့ မှ ယာယီ ရဲမှူး တင်မင်းထွန်း ဆိုသူက“လက်ရှိ အာဏာသိမ်း စစ်အစိုးရရဲ့ လက်အောက်မှာ ဆက်ပြီး တာ ဝန်မထမ်းဆောင်လိုပါဘူး။ အခု CDM လုပ်နေတဲ့ ဝန်ထမ်းတွေဘက်မှာ တတပ်တအားနဲ့ ထောက်ခံ ဆန္ဒပြရခြင်း ဖြစ်ပါ တယ်”ဟု ပြီးခဲ့သည့် ၄ ရက်က လူမှုကွန်ရက်မှတဆင့် တင်ပြခဲ့သည်။

ယခု Generation Z ၏ ဦးဆောင် ဆန္ဒပြနေသည့် အပေါ်တွင်လည်း လေးစားကြောင်းလည်း ၎င်းက အားပေးစကား ပြော ဆိုခဲ့သည်။

နေပြည်တော်မှ ရဲအရာရှိကြီးတဦးက“CDM လုပ်သွားတဲ့ ရဲတွေကို အရေးယူဖို့ အခုထိ ညွှန်ကြားချက် မထွက်ဘူး။ လူကြီး တွေ ပြောတာကတော့ ပြန်ခေါ်ပါ။ စည်းရုံးပါ။ အခက်အခဲတွေကို ဖြေရှင်းပေးလိုက်ပါ ဆိုတာပါပဲ”ဟု ဧရာဝတီသို့ ပြော သည်။

သို့သော် ယနေ့အချိန်အထိ CDM ပြုလုပ်သည့် ရဲတပ်ဖွဲ့ ဝင် တဦးမှ ပြန်လည် ဝင်ရောက်လာခြင်း မရှိသလို ဖမ်းဆီးရမိမှု လည်း မရှိသေးကြောင်း ရဲသတင်းရင်းမြစ်များက ပြောသည်။

ရန်ကုန်မြို့ မှ CDM ရဲဝန်ထမ်းတဦးက“တဦးတယောက် ကောင်းစားရေးအတွက် အများဒုက္ခရောက်နေတာကို ကြည့်မနေ နိုင်လို့ နှမ်းတစေ့နဲ့ ဆီမဖြစ်မှန်း သိလည်း နောက်ဆုံး မိမိထွက်ရင် မိမိတယောက်တော့ သူတို့ အင်အား လျော့သွားမယ် ဆိုတဲ့စိတ်နဲ့ အရာအားလုံးကို ရင်ဆိုင်ပြီး စွန့်လွှတ်ခဲ့တာ”ဟု ပြောသည်။

ရဲတပ်ဖွ့ဲ ဝင်များသည် ပြည်သူထဲက ပြည်သူများ ဖြစ်သည့်အတွက် ပြည်သူများ လိုလားကြည်ဖြူသည့် ပြည်သူများ တင် မြှောက်ထားသည့် အစိုးရကိုသာ လက်ခံမည် ဖြစ်ကြောင်းလည်း ယင်း CDM ရဲဝန်ထမ်းတချို့က ပြောသည်။

တချို့ CDM ရဲဝန်ထမ်းများကမူ CRPH က စစ်မှုထမ်းတပ်ဖွဲ့ ဖွဲ့မည်ဆိုပါ ဝင်ရောက် အမှုထမ်းမည်ဟုလည်း ဆိုသည်။

၎င်းတို့အားလုံး၏ နုတ်ထွက်စာများတွင် အာဏာသိမ်းစစ်ကောင်စီ လက်အောင်ရှိ တပ်ဖွဲ့ မှ ညွှန်ကြားချက်များကို ဆောင် ရွက်လိုစိတ် မရှိကြောင်း၊ မည်သူတဦးတယောက်၏ လှုံ့ဆောင်မှုမှ မပါဘဲ ၎င်းတို့၏ ပြည်များမှဘက်မှ ရပ် တည်လိုသည့် ဆန္ဒအရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ နုတ်ထွက်ခွင့်မပြုမီ CDM လှုပ်ရှားမှုတွင် ပါဝင်မည် ဖြစ်ကြောင်း ဖော်ပြထား ကြသည်။

ယခုနောက်ပိုင်းတွင် CDM ပြုလုပ်ခဲ့သည့် ရဲဝန်ထမ်း အနည်းဆုံး ၁၉ ဦး အိန္ဒိယနိုင်ငံဘက်အထိ တိမ်းရှောင်လာပြီး နိုင်ငံ ရေး ခိုလှုံခွင့်ရရှိရန် ကြိုးစားလျက်ရှိကြောင်း၊ ၎င်းတို့သည် ချင်းပြည်နယ်နှင့် ထိစပ်နေသည့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲ
သို့ ထွက်ပြေးလာခြင်း ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနက မနေ့က ဖော်ပြခဲ့သည်။

ယခု CDM လှုပ်ရှားသူများထဲတွင် ရဲဝန်ထမ်းအဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သူများပင် ပါဝင်ပြီး ရဲဝန်ထမ်းကောင်း တံဆိပ် ရရှိသူများလည်း ပါဝင်သည်ကို တွေ့ ရသည်။

၎င်းတို့သည် လက်ရှိတွင် ပုံစံမျိုးစုံဖြင့် တိမ်းရှောင်နေရသော်လည်း နေ့စဉ် CDM ပြုလုပ်သည့် ရဲတပ်ဖွဲ့ဝင်များ တိုးလာလျက် ရှိသည်။

လက်ရှိတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း တနိုင်ငံလုံးရှိ လူထုလှုပ်ရှားမှုများတွင် အကြမ်းဖက် အင်အားသုံး ပစ် ခတ်ဖြိုခွင်းမှုများကို အဓိက ပြုလုပ်လျက်ရှိသည့် ရဲတပ်ဖွဲ့ ဝင်များကို လူထုက စိတ်ပျက် ဒေါသထွက်နေကြသည်။

You may also like these stories:

မုံရွာပစ်ခတ်မှု၌ သေဆုံးသူ ကဗျာဆရာ ကေဇဝင်း အပါအဝင် ၄ ဦးကို ယနေ့သဂြိုဟ်

ဆန္ဒပြ ပြည်သူများအပေါ် အကြမ်းမဖက်ဖို့ ပုပ်ရဟန်းမင်းကြီး တောင်းဆို

စစ်သားနှင့်ရဲ ရိုက်နှက်၍ ရန်ကုန် နာရေးကူညီမှု အသင်းသားများ ဒဏ်ရာရ

Your Thoughts …
Tags: CDM လှုပ်ရှားမှုရဲတပ်ဖွဲ့ရဲဝန်ထမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

by ဧရာဝတီ
27 July 2024
10.7k

ဇူလိုင် ၂၄ ရက်မှ စတင်ကာ မန္တလေးမြို့ပေါ်ရှိ ရဲစခန်းများ၊ ထွေအုပ်ရုံးများနှင့် ဌာနဆိုင်ရာရုံးအချို့ ရှေ့ လမ်းမများပေါ်တွင် သဲအိတ်များ၊ ဘန်ကာများ၊ ဘယ်ရီဂိတ်များဖြင့် လမ်းအပြည့်နီးပါး ကာရံပိတ်ဆို့ကာ လုံခြုံရေးထပ်တိုးထားသလို လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးခြင်း၊ မြို့တွင်း၌ ကားများဖြင့်ပါ...

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

by ဧရာဝတီ
9 November 2023
8.4k

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြင်ဆင်မှုများရှိနေပြီး မြေပြင်တွင် စစ်ရေးတင်းမာမှုများကြောင့် ရဲတပ်ဖွဲ့ဝင်များမှာ ကြားညပ်ကာ အသုံးချခံဖြစ်နေရကြောင်း

ရဲမှူးပစ်သတ်ခံရခြင်းက ထိုင်းရဲတပ်ဖွဲ့ အဂတိ အကြီးအကျယ်လိုက်စားမှုကို ပြသနေ

ရဲမှူးပစ်သတ်ခံရခြင်းက ထိုင်းရဲတပ်ဖွဲ့ အဂတိ အကြီးအကျယ်လိုက်စားမှုကို ပြသနေ

by Craig Keating
5 October 2023
6.8k

ထိုင်းနိုင်ငံမှ ရဲတပ်ဖွဲ့ဝင် နှစ်ဒါဇင်ခန့် တက်ရောက်နေသည့် ညစာစားပွဲတခုတွင် ရဲမှူးတဦးကို အတင့်ရဲစွာ သတ်ဖြတ်လိုက်ခြင်းသည် နိုင်ငံကို တုန်လှုပ်စေသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြနေကြသော မန္တလေးတိုင်းမှ ရဲတပ်ဖွဲ့ဝင်များ

ကလေးမြို့မြောက်ပိုင်း NUG ရဲစခန်းသို့ အလည်တခေါက်

by ဧရာဝတီ
10 July 2023
9.4k

The Diplomat က ကလေးမြို့ မြောက်ပိုင်းရဲစခန်း အကြီးအကဲ ဦးဟံသာဦးနှင့် တွေဆုံမေးမြန်းခန်း ကောက်နုတ်ချက်များကို ဖော်ပြလိုက်ပါသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းအပြီး ရန်ကုန်တွင် တွေ့ရသည့် ရဲတပ်ဖွဲ့ဝင်များ  / ဧရာဝတီ

မတူညီသော ရဲချုပ် နှစ်ဦး၏ တူညီသော နိဂုံး

by ပေါ်ထွန်း
6 May 2022
19.8k

စစ်ခေါင်းဆောင် အနားပေးခဲ့သော ရဲချုပ်နှစ်ဦးမှာ သူ့လူရင်း သို့မဟုတ် သူယုံကြည်ရသူများ ဖြစ်သည်

နတ်မြစ်ထဲမှာမျောနေတဲ့ စစ်ကောင်စီတပ်သားတွေ (ရုပ်/သံ)

နတ်မြစ်ထဲမှာမျောနေတဲ့ စစ်ကောင်စီတပ်သားတွေ (ရုပ်/သံ)

by မိုးသောက်
16 July 2024
811

ရခိုင်ပြည်နယ်မြောက်ပိုင်းကတိုက်ပွဲတွေကြောင့် စက်လှေနဲ့ထွက်ပြေးလာတဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) နဲ့ စစ်သား၁၀၀ကျော် နတ်မြစ်ထဲမျောနေတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းဌာနတွေက ဇူလိုင်လ ၁၄ ရက်နေ့မှာ ဖော်ပြကြပါတယ်။

Next Post
အဆိုတော် ဟဲလေး / He’ Lay’s Facebook

“အသက်ပေးလိုက်ရတဲ့ အာဇာနည်တွေအတွက် ဂုဏ်ယူတယ်”လို့ ဟဲလေး ပြော

အဆိုတော် ရင်ဂို  / ဧရာဝတီ

“နေ့စဉ် လူအင်အားပြဖို့ အရေးကြီးတယ်”လို့ အဆိုတော် ရင်ဂို ပြော

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.7k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate