ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့မ ရဲတပ်ဖွဲ့မှ ဒုရဲအုပ်နှစ်ဦးက စစ်အာဏာရှင် လက်အောက်တွင် တာဝန် ဆက် လက် မထမ်းဆောင်သလိုသဖြင့် (Civil Disobedience Movement) CDM လှုပ်ရှားမှုတွင် ပါဝင်လိုက်ပြီဟု သတင်း ရရှိ သည်။
အဆိုပါ နှစ်ဦးသည် ဒုရဲအုပ် တေဇာဖြိုးနှင့် ဒုရဲအုပ် သက်ပိုင်စိုးတို့ ဖြစ်ပြီး ၎င်းတို့က တာဝန်ထမ်းဆောင်ရာတွင် တရား ဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်ရခြင်းမဟုတ်ဘဲ ဥပဒေဘောင်ကို ကျော်ကာ ဝရမ်းမပါဘဲ အရပ်သားများကို ဖမ်း ဆီးခြင်း၊၂၄ နာရီထက် ပို၍ချုပ်နှောင်ခြင်း၊ ဥပဒေနှင့်အညီ တရားရင်ဆိုင်ခွင့် မရခြင်းတို့ကို ရဲတပ်ဖွဲ့များက လုပ်ကိုင်နေ ရသည်ကို မြင်တွေ့ရသဖြင့် ဆက်လက် တာဝန် မထမ်းဆောင်လိုတော့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မုံရွာမြို့ကြီးများတွင် ရဲတပ်ဖွဲ့ဝင်များ မဟုတ်သူများက ရဲတပ်ဖွဲ့ယူနီဖောင်းများကို ဝတ်ဆင်ပြီး လူထုကို လေးခွဖြင့် ပစ်ခတ်ခြင်း၊ ကျည်စစ်ကျည်မှန်များဖြင့် ပစ်ခတ်ကစစ်မြေပြင်တွင် ချေမှုန်းသကဲ့သို့ လုပ် ဆောင်နေသည်တို့မှာ ရဲတပ်ဖွဲ့ဝင်များအပေါ်ပြည်သူများ အော့နှလုံးနာနေကြသည်ကိုလည်း ၎င်းတို့ သိပါသည်ဟု ဆို သည်။
အဆိုပါ ဒုရဲအုပ် နှစ်ဦးသည် ပြည်သူ့အစိုးရ အုပ်ချုပ်သည့် ကာလရောက်မှသာ တာဝန်ပြန်ထမ်းဆောင်မည် ဖြစ်သည် ဟု လည်း ဗန်းမော်မြို့မ ရဲစခန်းမှူးထံသို့ ပေးပို့ထားသည့် စာထဲတွင် ရေးသားထားသည်။
လက်ရှိတွင် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ မှုခင်း ရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ ကမ္ဘာလှည့် ခရီးသွား ရဲဌာန၊ စခန်းရဲနှင့် လုံခြုံရေး ရဲတပ်ဖွဲ့ ၊ ရဲလေ့ကျင့်ရေးကျောင်းတို့မှ ရဲအရာရှိများ၊ အခြားအဆင့်များသည်နေ့စဉ် CDM လှုပ်ရှားမှုတွင် ပါဝင်နေကြပြီး ရဲတပ်ဖွဲ့ဝင် ၆၀၀ ကျော်အထိ ပူးပေါင်းမှု ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
တနိုင်ငံလုံးတွင် CDM ပြုလုပ်သည့် ရဲဝန်ထမ်း ၆၀၀ ကျော်အထိ ရှိလာ
စစ်ကောင်စီနှင့် ဆွေးနွေးရန် ပြည်တွင်း ပြည်ပ စီးပွားရေးအဖွဲ့အစည်းများ ငြင်းပယ်
CDM ပါဝင်ဖို့ နောက်ဆုံးသတ်မှတ်ရက် ဒေါက်တာဇော်ဝေစိုး ကြေညာ