အမျိုးသားလွှတ်တော် ဥက္ကဌဖြစ်သူ ဦးမန်းဝင်းခိုင်သန်းအား ခေတ္တ ဒုတိယသမ္မတအဖြစ် ခန့်အပ်ပြီး သမ္မတ တာ ဝန်များကိုပါ ထမ်းဆောင်ရန် တာဝန်အပ်နှင်းလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)က ယနေ့ညနေပိုင်းတွင် ကြေညာလိုက်သည်။
ပြည်သူလူထု၏ ဆန္ဒမဲဖြင့် ရွေးကောက်တင်မြှောက်ထားသည့် အစိုးရအား တပ်မတော်က ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား ဖမ်းဆီးထိန်းသိမ်းထားသည့်အတွက် ဦးမန်းဝင်းခိုင်သန်းအား နိုင်ငံတော်ကို ကိုယ်စားပြုရန်နှင့် အစိုးရလုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရန် တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်းလည်း CRPH က ဖော်ပြထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ပြည်ထောင်စုဝန်ကြီးများ ကိုယ်စားလုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဒေါ်ဇင်မာအောင်၊ ဦးလွင်ကိုလတ်နှင့် ဦးတင်ထွန်းနိုင်တို့အပြင် ဆေးတက္ကသိုလ်-၁(ရန်ကုန်)ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးတို့အား သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ခေတ္တပြည်ထောင်စုဝန်ကြီးများအဖြစ် CRPH က ခန့်အပ်ကြောင်း ကြေထားသည်။
You may also like these stories:
မြန်မာ့အရေး လုံခြုံရေးကောင်စီတွင် အပြင်းအထန်ဆွေးနွေးရန် အမေရိကန် တွန်းအားပေးနေ
တွေ့ဆုံဆွေးနွေး အဖြေရှာရန် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ တောင်းဆို
ဦးကျော်မိုးထွန်းအား အစားထိုးရန် ကြိုးစားမှု မအောင်မြင်