ရက္ခိုင်စစ်တပ် (AA) ကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားခြင်းမှ ပြန်လည်ရုတ်သိမ်းပေးလိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က ယနေ့မနက်ပိုင်း ထုတ်ပြန်သည်။
AA ကို ၂၀၂၀ မတ် ၂၃ ရက်တွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာခဲ့ခြင်း ဖြစ်သည်။
တပ်မတော်နှင့် AAသည် ၂၀၁၈ နိုဝင်ဘာမှ ၂၀၂၀ နိုဝင်ဘာထိ ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်းး ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။
တိုက်ပွဲများအတွင်း နှစ်ဘက်အထိအခိုက် အကျအဆုံးများခဲ့သလို၊ ဒေသခံများလည်း တိုက်ပွဲကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်ပွားခဲ့သည်၊ AA ၏တိုက်ခိုက်မှုကြောင့် တပ်မ ၇၇ လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၇ တပ်ရင်းမှူးအပါအဝင် စစ်ကြောင်းတကြောင်းလုံး သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရသည်။
ရခိုင်ပြည်နယ်တွင် လူမျိုးတုံ းသတ်ဖြတ်မှုများ ကျူးလွန်သည်ဟု မြန်မာအပေါ် ဂမ်ဘီယာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားစွဲရာ၌ AAသည် ပိုမိုခိုင်မာ ထင်ရှားစေရန် ဖမ်းမိသည့် တပ်မတော်သား ၂ဦးကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည်ဟု ထွက်ဆိုရန် ICJ သက်သေများပို့ပေးခဲ့သည်။
တပ်မတော်ကလည်း AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ညီနှင့် ညီမကိုလည်း အကြမ်းဖက်ဥပဒေ ပုဒ်မ များဖြင့် တရားစွဲဆိုခဲ့သည်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာတွင် ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်းက ကြားဝင်ညှိနှိုင်းပေးပြီးနောက် နှစ်ဖက်အပစ်အခတ်များ ရပ်စဲထားပြီး နှစ်ဖက်တပ်ခေါင်းဆောင်များလည်း တွေ့ဆုံညှိနှိုင်းထားကြသည်။
You may also like these stories:
AA နှင့် ပတ်သက်သည်ဟု သံသယရှိသူ ၆ ဦး အကြမ်းဖက်ပုဒ်မ ၂ ခုဖြင့် စွဲချက်တင်
ရခိုင်အသင်း (စင်ကာပူ) အမှုမှ ယာဉ်မောင်း၏ အာမခံလျှောက်ထားချက် တရားရုံးပယ်ချ