အာဏာသိမ်း စစ်ခေါင်းဆောင်များက လူထုဆန္ဒပြပွဲများကို အကြမ်းဖက် ဖြိုခွဲရန်ကြိုးစားနေချိန် မြန်မာပြည် ဒီမိုကရေစီ ပြန်လည် ထူထောင်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဟု အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များ ဖြစ် သော အိန္ဒိယ၊ သြစတြေးလျနှင့် ဂျပန်ခေါင်းဆောင်များက မတ်လ ၁၂ ရက်နေ့က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအတွင်းတွင် လုံခြုံရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ကာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ် ရှားမှုများကို ဖြိုခွဲ နှိမ်နင်းလျက်ရှိသည်။
အာဏာသိမ်းပြီးသည့် နောက်ပိုင်းတွင် သွေးထွက်သံယို အများဆုံး မတ်လ ၁၂ ရက်နေ့တွင် လူ ၁၂ ဦးအထိ သေဆုံး ခဲ့ရပြီး နောက်တရက်တွင် ဗြိတိန်နိုင်ငံက ၎င်း၏ နိုင်ငံသားများကို မြန်မာနိုင်ငံမှ ထွက်ခွာရန် သတိပေးခဲ့သည်။
“စစ်အာဏာသိမ်းသည့်အချိန်မှ နိုင်ငံရေးတင်းမာမှုများနှင့် မတည်ငြိမ်မှုများ ပျံ့နှံ့လျက်ရှိပြီး အကြမ်းဖက်မှု အဆင့်ထိ မြင့် တက်လာနေသည်”ဟု သူတို့က ပြောသည်။
စစ်တပ်၊ တရုတ်နိုင်ငံနှင့် နီးကပ်သော ဆက်နွယ်မှု ရှိနေသည့် မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှုသည် အမေရိကန် သမ္မတ သစ် Joe Biden အတွက် အစောဆုံး အဓိက စမ်းသပ်မှု တခုလည်း ဖြစ်လာသည်။
မတ်လ ၁၂ ရက်နေ့က အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျ ခေါင်းဆောင်များနှင့် အွန်လိုင်းမှ တဆင့် ပြုလုပ်ခဲ့သည့် Quad ဟု သိ ကြသည့် ၄ နိုင်ငံ မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်များ၏ ပထမဆုံး အကြိမ် တရားဝင် ထိပ်သီးအစည်းအဝေးကို အမေရိကန် ပြည်ထောင်စု၏ ဒေသတွင်းလုံခြုံရေးအတွက် ကတိကဝတ်တခုကိုပြသရန် တွန်းအားအဖြစ် သူ၏အစိုးရက ဖော်ပြခဲ့သည်။
“မြန်မာနိုင်ငံနဲ့ ၎င်းရဲ့ ပြည်သူတွေကို ကာလရှည်ကြာစွာ ထောက်ခံအားပေးခဲ့သူများအနေနဲ့ ဒီမိုကရေစီ ပြန်လည် ဖော် ဆောင်ရေး အရေးတကြီး လိုအပ်မှုနဲ့ ဒီမိုကရေစီ ပြန်လည် နာလံထမှု ခိုင်မာအားကောင်းစေဖို့ ဦးစားပေးမှုကို ကျနော်တို့ အလေးအနက်ထားကြပါတယ်”ဟု ယင်းခေါင်းဆောင် ၄ ဦးက အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တခုတွင် ပြောကြားခဲ့သည်။
စစ်အာဏာသိမ်းပြီးကတည်းက အရှေ့တောင်အာရှနိုင်ငံမှ မြန်မာနိုင်ငံတွင် ဆန္ဒပြသူ ၁၀၀ ဝန်းကျင်းအထိ ရှိလာနေပြီ ဖြစ်သည်။
ရိုက်တာသတင်းဌာနက မြန်မာ၏ အခြေအနေများကို မှတ်ချက်တောင်းခံရန် ခေါ်ဆိုသော ဖုန်းကို စစ်အစိုးရ၏ ပြောရေး ဆိုခွင့်ရှိသူက ပြန်လည် ဖြေကြားခဲ့ခြင်း မရှိပါ။
အကြမ်းဖက်မှုများကြောင့် ကာကွယ်ရေးဆိုင်ရာ အပြန်အလှန်ဖလှယ်မှုများကို ရပ်ဆိုင်းလိုက်ပြီး ဖွံ့ဖြိုးရေး အကူအညီများ ကိုလည်း ပြန်လည်စဉ်းစားသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံက မတ်လ ၁၂ ရက်နေ့တွင် ပြောသည်။
မြန်မာစစ်တပ်နှင့် နီးကပ်စွာ ဆက်နွယ်မှုရှိသည့် ရုရှားနိုင်ငံကလည်း အကြမ်းဖက်မှုများ မြင့်တက်လာခြင်းအပေါ် စိုးရိမ် ပူပန်နေပြီး စစ်ရေး – နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းရန် သင့်၊မသင့် လေ့လာဆန်းစစ်နေသည်ဟု ပြောသည်။
“ကျနော်တို့က အခြေအနေကို စိုးရိမ်ဖွယ်ရာအဖြစ် သတ်မှတ်ပါတယ်။ အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ အကြောင်း သတင်း အချက်အလက်တွေနဲ့ ပတ်သက်ပြီး ကျနော်တို့ စိုးရိမ်မိပါတယ်”ဟု ရုရှား အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြောကြောင်း TASS သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
မတ်လ ၁၂ ရက်နေ့တွင် ဆန္ဒပြပွဲများကို မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ ဖြစ်သောရန်ကုန်နှင့် အခြားမြို့များတွင် ပြုလုပ်ခဲ့ ကြောင်း မျက်မြင် တွေ့ရှိသူများနှင့် သတင်းအဖွဲ့အစည်းများက ဆိုရှယ်မီဒီယာတွင် တင်ထားသည့် ဓာတ်ပုံများက ဖော်ပြ နေခဲ့သည်။ ဆန္ဒပြပွဲ အများစုကို လုံခြုံရေးတပ်ဖွဲ့များက အင်အားသုံး လူစုခွဲခဲ့သည်။
ပိုလန်သတင်းထောက်တဦး ဖမ်းဆီးခံခဲ့ရကြောင်း ပိုလန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။ ၎င်းသည် အဖမ်းခံရသည့် ဒုတိယမြောက် နိုင်ငံခြား သတင်းထောက်ဖြစ်သည်။ ဂျပန်သတင်းထောက်တဦးလည်း ဆန္ဒပြပွဲကို သတင်းယူနေစဉ် ခေတ္တ ထိန်းသိမ်းခံခဲ့ရသည်။
အဓိကရုဏ်း နှိမ်နင်းရေးရဲများနှင့် လက်နက်ကိုင်စစ်သားများက ချင်းပြည်နယ် အနောက်ပိုင်း ဟားခါးရှိ အထွေထွေရောဂါ ကု ဆေးရုံသို့ ဝင်ရောက်၍ လူနာ ၃၀ အားလုံးကို အတင်းအဓမ္မ ထွက်ခွာစေပြီး ဝန်ထမ်းများကိုလည်း ဆေးရုံဝင်း အတွင်း ရှိ နေအိမ်များမှ နှင်ထုတ်ခဲ့သည်ဟု ဒေသခံ တက်ကြွလှုပ်ရှားသူ ဆလိုင်းလျန် ပြောသည်။
လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှုကို တားဆီးရန် ကြိုးစားသည့် အနေဖြင့် စစ်သားများက မြန်မာနိုင်ငံ အနှံ့အပြားရှိ ဆေးရုံများနှင့် တက္ကသိုလ်များသို့ ဝင်ရောက် သိမ်းပိုက်ထားခဲ့ပြီး ဖြစ်သည်။
အဆိုပါ အာဏာဖီဆန်ရေး လှုပ်ရှားမှုကို ဆရာဝန်များနှင့် ကျောင်းဆရာများကဲ့သို့ အစိုးရ ဝန်ထမ်းများနှင့် စတင်ခဲ့ခြင်းဖြစ် သော်လည်း စီးပွားရေး၏ ကဏ္ဍ အများအပြားကို ချိနဲ့ သွားစေသည့် အထွေထွေသပိတ်တခုအဖြစ်သို့ ကျယ်ပြန့် သွားခဲ့ သည်။
ညနေပိုင်းတွင် လူထုကြီးက ညနေခင်း ဆုတောင်းပွဲများ အတွက် စုရုံးခဲ့ကြသည်။ ကူးသန်းရောင်း ဝယ်ရေး မြို့ တော် ဖြစ် သော ရန်ကုန်မြို့တွင် လှုပ်ရှားမှု၏သင်္ကေတဖြစ်သော လက်သုံးချောင်းဖြင့် အလေးပြုသည့် ပုံစံဖြင့် ဖယောင်းတိုင်များ ထွန်း ညှိခဲ့သည်။ ရွှေဝါရောင် သင်္ကန်းများ ဝတ်ဆင်ထားသော သံဃာတော်များက စစ်ကိုင်းတိုင်း မြောက်ပိုင်းမှ ဘုရားတဆူ၏ အပြင်ဘက်၌ စုဝေးခဲ့ကြသည်။
ပြီးခဲ့သည့်လတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးချယ် တင်မြှောက်ခံ အစိုးရကို စစ်တပ်ကဖြုတ်ချပြီး သူ့ကို ဖမ်းဆီး ထိန်း သိမ်းကာ စစ်ဗိုလ်ချုပ်များ ပါဝင်သည့် စစ်အစိုးရ ဖွဲ့စည်းခဲ့သည့် အချိန်မှ စ၍ တိုင်းပြည်တွင် အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေခဲ့ရသည်။
စစ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒေါ်အောင်ဆန်းစုကြည်သည် တရားမဝင် ငွေပေးမှုများကို လက်ခံခဲ့ကြောင်း ပြောပြီး လမ်းလျှောက်စကားပြောစက်များ တရားမဝင် တင်သွင်းခြင်းကဲ့သို့သော ဒေါ်အောင်ဆန်းစု ကြည် အပေါ်တွင် စွဲဆိုထားသည့် အသေးစား စွပ်စွဲချက်များထဲသို့ အကျင့်ပျက်ခြစားမှု စွဲချက်များကို ထပ်ဖြည့်ခဲ့သည်။
“ဒီစွပ်စွဲချက်က ရယ်စရာအကောင်းဆုံး ဟာသတခုပါပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးခင်မောင်ဇော်က ဆိုရှယ် မီဒီယာတွင် မတ်လ ၁၂ ရက်နေ့က ပြောကြားခဲ့သည်။
“သူ့မှာ တခြားအားနည်းချက်တွေ ရှိကောင်းရှိနိုင်ပေမယ့် ကိုယ်ကျင့်တရားဆိုင်ရာမှာတော့ အားနည်းချက် မရှိပါဘူး”ဟု ဦးခင်မောင်ဇော်က ပြောဆိုခဲ့သည်။
ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအရာရှိ Thomas Andrews က မြန်မာ အကြီးတန်း အရာရှိ တဦး၏ အဓိပ္ပါယ် မရှိသော မှတ်ချက်များအဖြစ် မတ်လ ၁၂ ရက်နေ့တွင် ပယ်ချလိုက်ပြီး အာဏာပိုင်များက အလွန် အကျွံထိန်းချုပ်မှုကို ကျင့်သုံးနေခဲ့သည်ဟု ပြောသည်။
ဂျီနီဗာရှိ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကောင်စီ၌ မိန့်ခွန်းပြောရာတွင် အပြစ်ပေးအရေးယူမှု ကင်းလွတ်ခွင့် ဆိုသော စစ်အစိုးရ၏ အယူအဆကို ဖယ်ရှားနိုင်ရန်အတွက် စည်းလုံး ညီညွတ်သော ချဉ်းကပ်မှု တခုပြုလုပ်ရန် ယင်းလူ့အခွင့် အရေး ကိုယ်စားလှယ်က တောင်းဆိုခဲ့သည်။
ကိုးကား – Reuters
You may also like these stories:
မြန်မာပြည်ကို ကယ်တင်ရန် တာဝန်နှင့် အခွင့်အရေး
လူသားမျိုးနွယ်ကို ကျူးလွန်သော ရာဇဝတ်မှုမြောက်နိုင်ဟု ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် ပြော
R2P နဲ့ မြန်မာ့နွေဦးတော်လှန်ရေး