ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ တရုတ်နိုင်ငံမှ ငွေကြေးဖြင့် လုပ်ကိုင်သည့် အထည်ချုပ် စက်ရုံနှစ်ရုံကို ယနေ့ နေ့လည် ၁နာရီ ၅၀ မိနစ်က လူ ၂၀ကျော်က ဆိုင်ကယ်ဖြင့် လာရောက်ကာ မီးရှိုလိုက်ကြောင်း တရုတ်သတင်း CGTN က ရေးသားသည်။
အဆိုပါ လူများမှာ သံတုတ်များ၊ ပုဆိန်များနှင့် ဓါတ်ဆီများ သယ်ဆောင်လာသော ထိုသူများသည် လုံခြုံရေးများကို ရိုက်ပြီး စက်ရုံအဝင်ပေါက်များနှင့် ဂိုထောင်များကို မီးရှို့သည်ဟု ဆိုသည်။
သတင်းများအရ စက်ရုံတရုံမှာ တရုတ်ပိုင်ဖြစ်ပြီး အခြားတရုံမှာ တရုတ်-မြန်မာဖက်စပ်လုပ်ငန်းဖြစ်သည်။
လှိုင်သာယာမြို့နယ်ရှိ သပ်ိတ်စခန်းကို တပ်နှင့် ရဲက ပစ်ခတ်ဖြိုခွင်းပြီးနောက် ထိုသို့ မီးရှို့ခံရခြင်းဖြစ်ပြီး မည်သူ၏ လက်ချက်ဆိုသည်ကိုမူ မသိရသေးပေ။
You may also like these stories:
လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတချို့ မီးလောင်
တပ်နှင့် ရဲ ပစ်ခတ်မှုကြောင့် ယနေ့ သေဆုံးသူ အနည်းဆုံး ၁၀ဦးရှိ