ရန်ကုန်မြို့လှိုင်သာယာစက်မှုဇုန်ရှိ တရုတ်စက်ရုံတချို့ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ တရုတ်သံရုံး (မြန်မာ) က ယနေညပိုင်းတွင် တရုတ်လုပ်ငန်းနှင့် လူပုဂ္ဂိုလ်များ၏ လုံခြုံရေးကို အာမခံပေးရန် ရဲတပ်ဖွဲ့ထံ တောင်းဆိုသည့် ထုတ် ပြန်ချက် တစောင် ထုတ်လိုက်သည်။
ထိုထုတ်ပြန်ချက်တွင် မတ်လ ၁၄ ရက် ညနေတွင် လှိုင်သာယာစက်မှုဇုန်ရှိ တရုတ်လုပ်ငန်းစက်ရုံအချို့သည် အဖျက် အမှောင့် ဆောင်ရွက်သူများ၏ ဖျက်ဆီးလုယက် မီးရှို့ခြင်းခံရပြီး တရုတ်ဝန်ထမ်းများစွာ ဒဏ်ရာရရှိကာ ပိတ်မိသည့် ဝန် ထမ်းများလည်းရှိကြောင်း၊ ဒေသခံ ရဲတပ်ဖွဲ့ဝင်များအား ထိရောက်သော အစီအမံများဆောင်ရွက်၍ မြန်မာနိုင်ငံရှိ တရုတ် လုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များ၏ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးကို အာမခံချက်ပေးရန် လျင်မြန်စွာ တောင်းဆို ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ထိခိုက်သည့်လုပ်ငန်းများမှာ အထည်ချုပ်လုပ်ငန်းများဖြစ်ပြီး မြန်မာနိုင်ငံအတွက် အလုပ်အကိုင် ၄ သိန်းကျော် ဖန် တီးပေးထားကြောင်း၊ ယခု ဖျက်ဆီးလုယက်မီးရှို့ခံရသည့် ကိစ္စသည် အခြေအနေ အလွန်ပြင်းထန်ဆိုးဝါးကြောင်း၊ မြန်မာ ဘက်မှ ထိရောက်သည့် အစီအမံဆောင်ရွက်၍ အကြမ်းဖက် လုပ်ရပ်အားလုံး ရပ်တန့်စေပြီး သက်ဆိုင်ရာကျူးလွန်သူအား ဥပဒေနှင့်အညီ စစ်ဆေးအပြစ်ပေးရန်လည်း ပါရှိသည်။
မြန်မာပြည်သူများကိုလည်း ဥပဒေနှင့်ညီညွတ်စွာ တောင်းဆိုချက်များကို ဖော်ထုတ်ရန်နှင့် တရုတ်-မြန်မာ ချစ်ကြည် ရင်းနှီး သော ပူးပေါင်းဆောင်ရွက်မှုများကို မဖျက်ဆီးမိစေရန် တိုက်တွန်းပါသည်ဟုလည်း သတိပေးထားသည်။
ယနေ့နေ့လယ်တွင် လှိုင်သာယာမြို့နယ် သပိတ်ကို စစ်တပ်နှင့်ရဲက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများကြောင့် သေဆုံး ဒဏ်ရာရမှုများ ရှိခဲ့ပြီး၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ တရုတ်ပိုင် ဂလိုဘယ်ဖက်ရှင် အထည်ချုပ်စက်ရုံနှင့် ရွှေနဂါး ဓာတ်မြေသြဇာ စက်ရုံတို့ မီးလောင်ကျွမ်းခဲ့သည်။
You may also like these stories:
မြန်မာရှိ စက်ရုံနှစ်ရုံ မီးရှို့ခံရကြောင်း တရုတ်သတင်းထုတ်ပြန်
လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတချို့ မီးလောင်