စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြနေမှုကို မှတ်တမ်းယူ သတင်းပို့နေသည့် ရဲသတင်းပေး (ဒလန်) ၁ ဦးကို ဆန္ဒပြသူများက စစ်ဆေးမှုများ ပြုလုပ်နေစဉ် ရဲက ပစ်ခတ်ခဲ့မှုကြောင့် ၄ ဦး ကျည်ထိမှန်ခဲ့ပြီး ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ခြင်း ဖြစ်သည်။
ဒေသခံတဦးက “ဆန္ဒပြတာတော့ ပုံမှန်ပဲ ထိပ်တိုက်မတွေ့အောင် ဆန္ဒပြတဲ့လူတွေက ရှောင်ကွင်းပြလိုက်ပြီး ပြီးသွားတာ ပေါ့။ ပြီးသွားတဲ့ အချိန်မှာ ပြည်သူက ဒလန်လို့ ယူဆရတဲ့ လူတယောက်ကို ဖမ်းပြီး သွားဝိုင်းပြီးတော့ စစ်တာပေါ့။ စစ်တော့ ဖုန်းမှာ မှတ်တမ်းတွေ့တယ်” ဟု ပြောသည်။
ပစ်ခတ်မှုများအတွင်း ဒေသခံ ၄ ဦးကိုပါ ဖမ်းဆီးသွားသဖြင့် လူထုက ရဲစခန်းကို လိုက်လံ ဝိုင်းထားပြီး ဝန်းသိုဘက်မှ စစ်ကူများ လာရောက်ချိန်တွင် လူစုခွဲခဲ့သော်လည်း စစ်ကူရောက်လာသည့် အဖွဲ့က မြို့အတွင်း ယခု ညနေပိုင်းအထိ လိုက်လံ ပစ်ခတ်နေကြောင်း သိရသည်။
မနက်ပိုင်း ဖြစ်စဉ်တွင် ပစ်ခတ်သည့် ရဲမှာ ကောလင်းမြို့အရှေ့ဘက် ၁၆ မိုင် အကွာခန့်သာ တိုက်နယ်ရဲကင်းမှ ရဲဟုသိရ သဖြင့် တိုက်နယ်ပြည်သူများက ရဲကင်းကို ဝိုင်းရာ ရဲများ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ဒေသခံများထံက သိရသည်။ လက်ရှိအခြေအနေတွင် ဒေသခံများက အဆိုပါ ရဲကင်းကို ဝိုင်ထားခြင်း မရှိတော့ပေ။
You may also like these stories:
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းနှင့် လောင်စာဆီဈေး မြင့်တက်နေ
မုံရွာမှ ဖမ်းဆီးခံရသူ ၃၂ ဦးကို ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲ
သပိတ်ကျင်းတွင် ကျည်ထိသဖြင့် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တဦး သေဆုံး