၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လေးစားပြီး နိုင်ငံတော်အာဏာ ပြည်သူများထံ ပြန်လည်အပ်နှံရေးကို တောင်းဆို၍ ပြင် သစ်နိုင်ငံ ပါရီမြို့မြန်မာသံရုံးအရာရှိ ၂ ဦးသည် ယနေ့မှ စတင်ပြီး အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) လုပ်ဆောင်တော့မည် ဖြစ်ကြောင်း ၎င်းတို့ လူမှု ကွန်ရက် Facebook ၌ ကြေညာလိုက်သည်။
ပါရီမြို့ မြန်မာသံရုံး၏ ဒုတိယအတွင်းဝန် နှစ်ဦးဖြစ်သည့် မဝတ်ရည်ဖြိုးချစ်နှင့် မဖီဂရေ့စ်မီးတို့ဖြစ်ကြသည်။
၎င်းတို့သည် မြန်မာပြည်သူများမှ ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးကောက် တင်မြှောက်သည့် အရပ်သားအစိုးရအပေါ် လက် နက်အားကိုးဖြင့် အဓမ္မ စစ်အာဏာသိမ်းခြင်းနှင့် ငြိမ်းချမ်းစွာဆန္ဒပြသူများကို အသက်ဆုံးရှုံးစေသည်အထိ အကြမ်းဖက် နှိမ်နင်းတိုက်ခိုက်ခြင်းတို့အပေါ် များစွာ စိုးရိမ်ဝမ်းနည်းရကြောင်းနှင့် ပြည်သူများထံ အာဏာ ပြန်လည်အပ်နှံရေးကို တညီ တညွတ်တည်း တောင်းဆိုကြောင်း ပြောဆိုသည်။
ထို့ပြင် ၎င်းတို့ CDM ပြုလုပ်ခြင်းသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်၍ မြန်မာနိုင်ငံသားတယောက်၏ ဆန္ဒကို ငြိမ်း ချမ်းစွာ ထုတ်ဖော်ခြင်းဖြစ်ပြီး၊ ရာထူးမှ နုတ်ထွက်ခြင်း လုံးဝ (လုံးဝ) မဟုတ်ကြောင်း ဆိုထားသည်။
မတ်လ ၁၇ ရက်ကလည်း ပါရီမြို့ရှိ မြန်မာသံရုံးက အပြစ်မဲ့ပြည်သူများ အထူးသဖြင့် လူငယ်လူရွယ်များ သေကြေပျက်စီး ဆုံးရှုံးမှုများအပေါ် သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ အထူးဝမ်းနည်းကြေကွဲရကြောင်း၊ ဝမ်းနည်းဖွယ်ရာ ထိခိုက်ဆုံးရှုံး မှုများ ထပ်မံ မဖြစ်ပေါ်ရန် အမြန်ဆုံး ရှောင်ရှားနိုင်ကြရန်၊ မြန်မာပြည်သူတို့၏ သဘောထားနှင့် မိမိတို့၏ဆန္ဒ ထပ်တူ ထပ် မျှဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
You may also like these stories:
ဗဟိုဘဏ် CDM ဝန်ထမ်း ၂၀၀ ကျော် တာဝန်မှ ယာယီရပ်နားခံရ
စစ်ကောင်စီ၏ လူကယ်ပြန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိဟု INGO များ ပြော