သတင်း

ရာဇဝတ်မှုကျူးလွန်သည့် သက်သေခံများပို့ရန် UN ကြေညာချက် ဥရောပနိုင်ငံများ ကြိုဆို

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှ စ၍ ဖြစ်ပွားလျက်ရှိသော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ရာဇဝတ်မှု ကျူးလွန် မှုများနှင့် ပတ်သက်သည့် သက်သေအထောက်ထားများ စုဆောင်းပြီး ပေးပို့ရန် ကုလသမဂ္ဂ ကြေညာချက်အပေါ် ဥရောပ နိုင်ငံများက ကြိုဆိုကြောင်း ထုတ်ပြန်ထားကြသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) က မတ်လ ၁၇ ရက်ထုတ်ပြန်ချက်၌ ဖေဖော်ဝါရီလက တပ်မတော် အာဏာသိမ်းမှုနှင့် ဆက်စပ်၍ ဖြစ်ပွားနေသော အဖြစ်အပျက်များ ကို အနီးကပ်စောင့်ကြည့်နေပြီး၊ စိတ်ထင်သလို ဖမ်းဆီးထောင်ချခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ အစဖျောက်ခြင်းနှင့် အာဏာ သိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား သေစေလောက်သော နည်းများနှင့် အပါအဝင်၊ အင်အားသုံးကာ ဖြိုခွဲခြင်း စသည် တို့နှင့် သက်ဆိုင်သော အထောက်အထားများကို စုဆောင်းလျက်ရှိကြောင်း ပါရှိသည်။

ထိုသို့ ကြေညာချက်အပေါ် ဥရောပနိုင်ငံများက ကြိုဆိုကြောင်း ထုတ်ပြန်ထားကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဥရောပနိုင်ငံသံရုံး များ စာမျက်နှာများကနေလည်း ပြန်လည် ဖော်ပြထားကြသည်။

ထို့ပြင် ရာဇဝတ်မှုကျူးလွန်မှု မှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်း ထားရန် အရေးကြီးကြောင်း၊ ထိုမှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်း အထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ပြီး ကျူးလွန်သူများကို တာဝန်ခံစေမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ထား သည်။

IIMM သို့ ပေးပို့ရာတွင်လည်း အသုံးဝင်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိသည်ဟု ယုံကြည်လျှင် ဆစ်ဂနယ်ခေါ် မက်ဆေ့ချ် ပို့နိုင်သော အပလီကေးရှင်း (app) ကို ဒေါင်းလုပ်လုပ်ပြီး ဖုန်းနံပါတ် + ၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ မှ တဆင့် မက်ဆေ့ချ် ပေးပို့၍လည်းကောင်း သို့မဟုတ် ပရိုတွန်မေးလ်ဖြင့် [email protected] သို့ ပေးပို့ခြင်း ဖြင့်လည်းကောင်း ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားသည်။

၂၀၁၁ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြီးလေးဆုံး နိုင်ငံတကာ ရာဇဝတ်မှုများနှင့် နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှုများ ကျူးလွန်သည့် အထောက်အထားများကို ထိန်းသိမ်းပြီး စိစစ်သုံးသပ်ရန် မြန်မာနိုင်ငံဆိုင်ရာ ယန္တရားကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်ပြီး အဆိုပါ ယန္တရားသည် သက်သေ အထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇဝတ်မှု ကျူးလွန်မှု အတွက် တာဝန်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့် ရှိသည်။

You may also like these stories:

မြန်မာစစ်ခေါင်းဆောင်များကို တရားရုံးတင်ရန် သက်သေများ ကုလ စုဆောင်းနေ

စစ်တပ်နှင့်ရဲတို့၏ ပစ်ခတ်မှုကြောင့် ကလေးမြို့တွင် ဆန္ဒပြသူ ၄ ယောက် သေဆုံး

စစ်တပ်နှင့်ရဲ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၂၀၀ ကျော်ပြီ

စစ်တပ်၏ ဖိနှိပ်မှုများ အဆုံးသတ်ရေး လုပ်ဆောင်ကြရန် UN အတွင်းရေးမှူးချုပ် တိုက်တွန်း

Did you find apk for android? You can find new Free Android Games and apps.
Loading