သတင်း

တပ်စွဲထားသည့် ပညာရေးအဆောက်အဦများမှ ချက်ချင်းဖယ်ရန် ကုလနှင့် မိတ်ဖက်အဖွဲ့များ ထုတ်ပြန်

Want create site? Find Free WordPress Themes and plugins.

စစ်တပ်နှင့်ရဲများ လက်ရှိ တပ်စွဲထားသည့် ကျောင်းများ၊ ပညာရေး အဆောက်အဦများမှ ချက်ချင်းဖယ်ရှားပေးရန်နှင့် ယင်း အဆောက်အဦများကို အသုံးမပြုကြရန် ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများက ထုတ်ပြန် တောင်းဆိုလိုက်သည်။

ထိုကဲ့သို့ ပညာရေးအဆောက်အဦများတွင် စစ်တပ်နှင့်ရဲက တပ်စွဲထားခြင်းသည် ကလေးသူငယ် အခွင့်အရေးများကို ကြီးလေးစွာ ချိုးဖောက်ခြင်း ဖြစ်ကြောင်းလည်း အတိအလင်း ပြောကြားထားသည်။

အဆိုပါ ကြေညာချက်ကို ကုလသမဂ္ဂ (မြန်မာ) နှင့် Save the Children ၊ ယူနက်စကို၊ ယူနီဆက် အစရှိသည့် မိတ်ဖက် အဖွဲ့အစည်းများက ပူးတွဲထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ကြေညာချက်တွင် မတ်လ ၁၉ ရက်နေ့အထိ ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၃ ခု၌ စစ်တပ်နှင့်ရဲက စာသင်ကျောင်းနှင့် တက္ကသိုလ် ပရိဝုဏ် ၆၀ ကျော်တွင် တပ်စွဲထားကြောင်း၊ အဆောက်အဦ ဥပစာများအတွင်း ဝင်ရောက်ချိန်တွင် ဆရာ/ ဆရာမ နှစ်ဦးအား ရိုက်နှက်ပြီး တခြားလူပေါင်းများစွာကို ထိခိုက်ဒဏ်ရာများ ရရှိစေခဲ့ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ထို့ပြင် ဆေးရုံများ အပါအဝင် တခြားအများပြည်သူပိုင် အဆောက်အဦများတွင်လည်း တပ်စွဲထားမှုများ ရှိနေသည်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူညီချက်စာချုပ် (CRC)၌ မည်သို့သော အခြေအနေမျိုးတွင်မှ ကျောင်း များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အသုံးမပြုရဟု ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံသည် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူညီချက်စာချုပ် (CRC) ကို ၁၉၉၁ ခုနှစ် ကတည်းက လက်မှတ် ရေးထိုးထားသည့် နိုင်ငံတခု ဖြစ်သည်။

မြန်မာနိုင်ငံ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် အမျိုးသားပညာရေး ဥပဒေတို့တွင် ဖော်ပြပါရှိသော မြန်မာ နိုင်ငံရှိ ကလေးသူငယ်များနှင့် လူငယ်များ၏ အခွင့်အရေးများ အားလုံးကို စောင့်ထိန်းလိုက်နာရမည့် ၎င်းတို့၏ ဝတ္တရားများ ကို လုံခြုံရေးတပ်ဖွဲ့များ အားလုံးက စောင့်ထိန်းလိုက်နာရန် သတိပေးလိုက်သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထား သည်။

You may also like these stories:

သေနတ်ထောက် ခြိမ်းခြောက်ခိုင်းခြင်း ILO သို့ တိုင်ကြားရန်လို

ပဲခူးမှာ စစ်ကောင်စီတပ်တွေ ရှော့တိုက်ဒုံးနဲ့ တကယ် ပစ်ခတ်ခံခဲ့ရသလား

အာဏာသိမ်းပြီးနောက် တရုတ်နှင့် ထိုင်းမှ သွင်းကုန်ပစ္စည်းများ အဝင်ရပ်လုနီးဖြစ်နေ

Did you find apk for android? You can find new Free Android Games and apps.
Loading