သတင်း

မြဝတီတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးမှူး ၂ ဦးနှင့် ဌာနေပြည်သူ့စစ် ၁ ဦး ပစ်ခတ်ခံရ၍ သေဆုံး

Want create site? Find Free WordPress Themes and plugins.

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဇရပ်ဖြူကုန်းကျေးရွာတွင် စစ်ကောင်စီမှ ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးများ အစည်း အဝေး ပြုလုပ်နေသည့် နေရာကို ပစ်ခတ်ခံရသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦးနှင့် ဌာနေပြည်သူ့စစ် ၁ ဦး ကျည်ထိမှန် သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၁၉ ရက်၊ ည ၈ နာရီကျော်တွင် ဇရပ်ဖြူကုန်းကျေးရွာ၌ အနီးပတ်ဝန်းကျင်မှ စစ်ကောင်စီက ခန့်အပ်ထား သည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အစည်း အဝေးတခု ပြုလုပ်နေစဉ် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

မြဝတီမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်းက “ကျနော်တို့က အပြင်ရောက်နေတာ။ ဒါပေမယ့် တက်ထားတဲ့ သတင်းပုံစံအတိုင်း ဖြစ်နေတယ်။ ပစ်ခတ်ခံရတာ တကယ်ပါပဲ” ဟု ပြောသည်။

စစ်ကောင်မှ ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူး ၂ ဦးနှင့် ပြည်သူ့စစ် ၁ ဦး သေဆုံးသွားသည်ဟူသော သတင်းမှာလည်း မှန်ကန်ကြောင်း ဦးအိုက်ကျန်ခမ်းက ဆိုသည်။

ဒေသခံ တဦးကလည်း  “ညက ၃ ယောက် သေသွားတယ်။ နောက် ၁ ယောက်လည်း ထိထားတာ အခြေအနေ မကောင်း ဘူး ကြားတယ်။ ညကသေတဲ့ ၃ ယောက်က အုပ်ချုပ်ရေးမှူး ဦးအောင်ရယ်၊ ဦးခင်ဝင်းရယ်၊ ကျန်တယောက်က ပြည်သူ့စစ် ပဲ နာမည်တော့ မသိဘူး။ သူက ဆေးရုံထိ ပါလာပြီးမှသေတာ ကြားတယ်”ဟု ပြောသည်။

ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည့် အုပ်ချုပ်ရေးမှူး ၂ ဦးသည် မဲ့ပလဲကျေးရွာအုပ်စုနှင့် ဝှေ့ရှမ်းကျေးရွာအုပ်စုမှ ဖြစ်ပြီး အာ ဏာသိမ်း စစ်ကောင်စီက အသစ်ခန့်အပ်ထားသူများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒေသခံက “ပစ်ခံရတဲ့နေရာမှာ ဝှေ့ရှမ်း၊ ကျောခို့၊ ပေါလော အဲဒီရွာတွေက အုပ်ချုပ်ရေးမှူးတွေလည်း ရှိနေတယ် တဲ့။ သင်္ကန်းညီနောင်ဘက်က ပြည်သူ့စစ်တွေလည်း ပါတယ်။ သူတို့ အစည်းအဝေးလုပ်ရင်း ဝင်ပစ်ခံရတာလို့ ပြောနေကြ တာပဲ။ ကျနော်တို့က တည့်တည့်ကြီးတော့ မမြင်ရဘူး။ ပစ်ခံရပြီး သင်္ကန်းညီနောင်ဘက် တပ်ဆေးရုံကို ပြေးကြတာပဲ” ဟု လည်း ပြောသည်။

ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ ထိခိုက်ထားသူများ၏ အခြေအနေကို မေးမြန်းရန် သင်္ကန်းညီနောင်ရဲတပ်ဖွဲ့နှင့် မြဝတီမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ဧရာဝတီက ဆက်သွယ်သော်လည်း ဖြေဆိုခြင်း မရှိပါ။

အာဏာသိမ်း စစ်ကောင်စီ၏ သတင်းနှင့်ပြန်ကြားရေး စာမျက်နှာများတွင်လည်း ဇရပ်ဖြူကုန်း ကျေးရွာတွင်း ပစ်ခတ်ခံရမှု နှင့်ပတ်သက်၍ တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပါ။

ပစ်ခတ်မှု ဖြစ်ပွားသည့် ဇရပ်ဖြူကုန်းကျေးရွာသည် မဲ့ပလဲကျေးရွာအုပ်စုအတွင်း တည်ရှိပြီး မဲ့ပလဲကျေးရွာအုပ်စု သည် ကော့ကရိတ်-မြဝတီ လမ်းပိုင်း၊ သင်္ကန်းညီနောင် အရောက်တွင် မြဝတီမြို့ဘက်သို့ မတက်ဘဲ လမ်းခွဲအတွင်း ဝင် သွားရသည့် လမ်းအတွင်း တည်ရှိသည့် ကျေးရွာအုပ်စုတခု ဖြစ်သည်။

အဆိုပါ မဲ့ပလဲကျးရွာအုပ်စုသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလက ကရင်ပြည်နယ်၏ အမျိုးသားလွှတ်တော် မဲ ဆန္ဒနယ် (၁၁) အတွင်း ပါဝင်သည်။

မဲဆန္ဒနယ် (၁၁) တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရသူမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ မန်းဝင်းခိုင်သန်းဖြစ်ပြီး ၎င်းသည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၏ ခန့်အပ်မှုကြောင့် လက်ရှိတွင် ခေတ္တ ဒု-သမ္မတ တာဝန်ကို ထမ်းဆောင်လျက် ရှိသည်။

You may also like these stories:

ရာဇဝတ်မှုကျူးလွန်သည့် သက်သေခံများပို့ရန် UN ကြေညာချက် ဥရောပနိုင်ငံများ ကြိုဆို

တွံတေးတွင် စစ်တပ်နှင့်ရဲက သိန်းရာချီ တန်ဖိုးရှိ ပစ္စည်းများ လုယက်

နေပြည်တော် မွေး/ဆေးတက္ကသိုလ်မှ ပါမောက္ခအဆင့်ရှိသူ ၁၀ ဦး ၅၀၅ (က)ဖြင့် အမှုဖွင့်ခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading