• English
Monday, July 14, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်တပ်ကို ကြောက်၍ ထွက်ပြေးသည့် ဒီပဲယင်း ဒေသခံများ အိမ်မပြန်ရဲသေး

by ဧရာဝတီ
22 March 2021
in သတင်း
A A
ဒီပဲယင်းမြို့နယ်သည် စစ်ကိုင်းတိုင်းထဲရှိ မြို့နယ်တခု ဖြစ်သည်  / ဧရာဝတီ

ဒီပဲယင်းမြို့နယ်သည် စစ်ကိုင်းတိုင်းထဲရှိ မြို့နယ်တခု ဖြစ်သည် / ဧရာဝတီ

9.8k
VIEWS
Share on FacebookShare on Twitter

မတ်လ ၁၈ ရက်နေ့တွင် စစ်တပ်က လာရောက် တပ်စွဲထားသဖြင့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ တည်တော၊ သပြေ ကုန်း၊ အုဌ်ဆည်၊ ချောင်းနီးတိုနှင့် ဆင်ဝပ်ကုန်းကျေးရွာ ၅ ခုမှ ဒေသခံများမှာ ယနေ့ မတ်လ ၂၁ ရက်နေ့အထိ အိမ်မပြန် ရဲသေးကြောင်း သတင်းရရှိသည်။

မတ်လ ၁၈ ရက်နေ့၊ နေလည်ပိုင်းတွင် ဒီပဲယင်းမြို့နယ်၊ မူးကမ်းနယ်မြေရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် ဒီမိုကရေစီအရေး ဆန္ဒပြ တောင်းဆိုကြသူများကြား ဒီပဲယင်းမြို့နယ် မူးကမ်းသွားကားလမ်းမပေါ်တွင် ရုန်ရင်းဆန်းခတ် ဖြစ်ကြရာ ရဲတပ်ဖွဲ့ ဝင် ၂ ဦး သေဆုံးရပြီးနောက်တွင် ယင်းဒေသသို့ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ အလုံးအရင်း ဝင်ရောက်လာခြင်း ဖြစ်သည်။

RelatedPosts

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

14 July 2025
1.5k
သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

13 July 2025
222
ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
127

စစ်တပ်၏ ထုတ်ပြန်ချက်အရ ရဲအရာရှိတဦးနှင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးတို့သည် ဒီပဲယင်းမြို့နယ်တရားရုံသို့ ရုံးလုပ်ငန်း ကိစ္စရပ် များ တင်ပြရန် သွားရောက်ရာ ဒီပဲယင်းမြို့နယ် ဖုတ်ထန်းတောကျေးရွာ အနီးသို့ရောက်ရှိစဉ် လူအင်အား ၁၀၀ ဦးခန့်မှ ရဲများ စီးနင်းလာသည့် AD Van ယာဉ်အား ဝိုင်းရံပိတ်ဆို့ပြီး တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းဖြစ်စဉ်အရ ရဲတပ်ဖွဲ့ဝင် ၂ ဦးမှာ ဓားဒဏ်ရာဖြင့် နေရာတွင် သေဆုံးခဲ့ပြီး စခန်းတာဝန်ခံအရာရှိမှာ ဓားဒဏ်ရာ ၇ ချက် ဖြင့် နယ်မြေခံ တပ်မတော် ဆေးရုံသို့ ပို့ဆောင်ကုသလျက် ရှိသည်။

ဒေသခံများ၏ ပြောဆိုချက်အရ ယင်းလမ်းမပေါ်တွင် ဒီပဲယင်းမြို့နယ်၊ တည်တောရွာမှ ဆန္ဒပြနေသူများကို ရဲတပ်ဖွဲ့က လိုက်လံပစ်ခတ်ခြင်း ဖြစ်ပြီး ရုန်ရင်း ဆန်ခတ်ဖြစ်ကာ ရဲ ၂ ဦး ထိခိုက်သွားခြင်း ဖြစ်ကြောင်း သိရသည်။

“ရဲ ၂ ယောက်သေသွားတဲ့အတွက် ရဲတပ်ရင်းတွေ အလုံးအရင်း စစ်သားတွေပါ အပါပေါ့လေ၊ အဲဒီနေ့ (မတ်လ ၁၈ ရက်) ကတော့ စုစုပေါင်း ၁၇၀ လောက် ရှိတယ်။ ရဲရော စစ်သားရော ရွာကို လာပြီးတော့ ဝိုင်းကြတယ်။ လာဝိုင်းတဲ့အခါ ရွာကလူ တွေကတော့ ဘေးရွာတွေကို ထွက်ပြေးနေရတဲ့ အနေအထား ဖြစ်ပါတယ်”ဟု ဒီပဲယင်းဒေသခံ ကိုညီညီက ပြောသည်။

လမ်းမပေါ်တွင် ပြဿနာ ဖြစ်ခဲ့သူများမှာ တည်တောရွာသားများ ဖြစ်သဖြင့် မတ်လ ၁၈ ရက်နေ့ ညနေ ၅ နာရီတွင် တည် တောရွာသို့ စစ်ကားများ ရောက်ရှိလာပြီး နာရီဝက်ခန့်ကြာအောင် သေနတ်အချက်ပေါင်းများစွာ ပစ်ဖောက်ခဲ့ကြောင်း၊ ယင်း ညနေတွင် ရွာထဲရှိ အနည်းဆုံး လူ ၆ ယောက် အဖမ်းခံရကြောင်း တည်တောရွာသူ မမြမြက ပြောသည်။

“ဖမ်းခံရတဲ့သူ ၆ ယောက်က ၆၀ ကျော် အဖိုးကြီး ၁ ယောက်၊ ၅၀ ကျော် ၁ ယောက်၊ အသက် ၃၀ ကျော်နဲ့ ၂၀ ကျော်က ၄ ယောက်။ သူတို့က ပုန်းနေတာ၊ သူတို့အိမ်က မိသားစု ၆ ယောက်ရှိတာ ကလေးငိုတော့ သိသွားတာ သူတို့ပုန်းနေတာကိုး။ အဲဒါကလည်း အတင်းဖွင့်ပြီးတော့ ၄ ယောက် ဖမ်းခေါ်သွားတာ။ ကလေးနဲ့ အမျိုးသမီးကို ထားခဲ့တယ်။ တယောက်က တော့ အိမ်ထဲကနေ လေးခွနဲ့ပြန်ပစ်တာ၊ သူ့ကိုလည်းခေါ်သွားတယ်။ နောက်တယောက်ကတော့ ပြေးရင်းနဲ့ မိတာ”ဟု မမြမြက ပြောသည်။

ရွာသား ၆ ဦး အဖမ်းခံရသဖြင့် ရွာကလူများက ပြန်လည် ကယ်ဆယ်ရန် လိုက်ကြသေးကြောင်း၊ သို့သော် စစ်တပ်က သေ နတ်ထပ်ဖောက်သဖြင့် ပြန်ပြေးလာကြပြီး ညဘက်တွင် ယောက်ျားများကို ပေါ်တာဆွဲမည်ဆိုသည့် သတင်းစကားများ ကြောင့် အမျိုးသားများမှာ ညဘက်ကတည်းက ရွာမှ ထွက်ပြေးကြကြောင်း သိရသည်။

မတ်လ ၁၉ ရက်နေ့ မနက်ပိုင်းတွင် အမျိုးသမီးများပါ ရှောင်တိမ်းကြပြီး ရွာများတွင် သက်ကြီးရွယ်အို အဘိုးကြီး၊ အဘွား
ကြီးများသား ကျန်တော့ကြောင်း သိရသည်။

ဒီပဲယင်းဒေသခံ ကိုညီညီက“ပြေးရတာကလည်း ကားတွေ ဆိုင်ကယ်တွေနဲ့ ထွက်ပြေးရတဲ့ အနေအထားမျိုး မဟုတ်ပါ ဘူး။ ရွာမှာရှိတဲ့ လယ်တွေ တောတွေထဲကို ဖြတ်ပြီးတော့မှ တခြားရွာတွေကို သွားရတာ။ လမ်းတောင် ကောင်းကောင်း မရှိပါဘူး။ လယ်ကွင်းလိုလမ်းတွေကို ဖြတ်သွားရတော့ သက်ကြီးရွယ်အိုတွေက မလိုက်နိုင်ကြပါဘူး”ဟု ပြောသည်။

ရွာသားများ ထွက်ပြေးသည့်အခါ ညနေပိုင်းတွင် စစ်တပ်က တည်တောရွာအနီး သပြေကုန်းရွာတွင် တပ်စွဲလိုက်ပြီး ရွာထဲရှိ ဆန်များ၊ ကြက်၊ ဝက်များကိုလည်း ယူဆောင်သွားခဲ့သည်ဟု ယင်းကျေးရွာတွင် နေထိုင်သူများက ပြောသည်။

“လောလောလတ်လတ်မှာကို ဝက်တွေ့ရင် တခါတည်း သေနတ်နဲ့ပစ်သတ်ပြီးတော့ ချက်စားကြတယ်။ သပြေကုန်းရွာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်း တွဲရက်နေရာမှာ တပ်စွဲထားတယ်။ ကတုတ်ကျင်းတွေ ဘာတွေလည်း တူးထားတယ်။ တိုက်ပွဲတခု ဖြစ်လာဖို့ကို ကြိုပြင်ထားသလိုမျိုး လုပ်ထားတယ်”ဟု အမည်မဖော်လိုသော ဒေသခံတဦးက ပြောသည်။

အခြားဒေသခံတဦးကလည်း “အခင်းဖြစ်တဲ့နားလေးမှာ အိမ်တအိမ်ရှိတယ်။ အဲက ဝက်သုံးကောင်ရှိတယ်။ အဲဒီဝက်ထဲက ၁ ကောင်တော့ မရှိတော့ဘူးလို့ ပြောတယ်။ ကြက်တွေ၊ ဝက်တွေလည်း ယူသွားတယ်လို့ ပြောတယ်။ သူတို့လည်း အခင်း ဖြစ်တဲ့နားလေးကဆိုတော့ ပြေးနေကြရတာ”ဟု ပြောသည်။

တည်တောရွာ ပတ်ဝန်းကျင်ရှိ ရွာ ၅ ရွာ ထွက်ပြေးနေရပြီး တချို့ မှာ ဆွေမျိုးရှိသည့် နေရာများသို့ ပြေးကြောင်း၊ တချို့ မှာ အနီးအနားတွင် ရှိသော ကျေးရွာများရှိ ဓမ္မာရုံများ၊ ဘုန်းကြီးကျောင်းများတွင် နေထိုင်ရပြီး စားရေသောက်ရေးကိုလည်း ရွာက တာဝန်ယူပေးကြောင်း၊ ရွှေဘိုမြို့အထိ တိမ်းရှောင်သွားသူများလည်း ရှိကြောင်း သိရသည်။

“စစ်တပ်ကတော့ အခုချိန်ထိတော့ ဘာမှ ထပ်မလုပ်ဘူးလို့တော့ ကြားတယ်။ တချို့လူတွေ ရွာမှာကျန်ခဲ့တာ ရှိတယ်လေ။ သူတို့ ပြောတာက ကိုယ့်အလုပ်ကိုလာလုပ်ကြ။ လယ်တောတွေ လာလုပ်ကြ။ ဘာမှမလုပ်ဘူးလို့တော့ ပြောသံကြားတယ်။ လူတွေက မပြန်ရဲသေးဘူး။ ဖမ်းသွားတဲ့ ၆ ယောက် သတင်းလည်း ဘာမှမကြားဘူး။ သူတို့လက်ထဲမှာပဲ ရှိနေတုန်းပဲ”ဟု တည်တောရွာသူ မမြမြက ပြောသည်။

တည်တောကျေးရွာသည် အိမ်ခြေ ၁၀၀၀ ခန့် ရှိသည့် ရွာကြီးတခု ဖြစ်ပြီး အနီးရှိ ကျေးရွာ ၇ ရွာ အနက် အကြီးဆုံး အုပ်စု ရွာကြီး ဖြစ်ကြောင်း၊ အထက်တန်းကျောင်းလည်း ရှိပြီး အများစုမှာ လယ်ယာလုပ်ငန်းနှင့် အသက်မွေးကြသူများ ဖြစ် ကြောင်း သိရသည်။

ဒီပဲယင်းဒေသမှ ယင်းကျေးရွာများသည် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ များ နေထိုင်သည့် ကျေးရွာများ ဖြစ်ပြီး ဒီပဲယင်းမြို့ပေါ်အထိ တက်၍ ဆန္ဒပြသည့် ကျေးရွာများ ဖြစ်ကြောင်းလည်း သိရ သည်။

“တပ်တွေက လမ်းမပေါ်မှာ ချထားတုန်းပဲ။ လမ်းမပေါ်မှာ စစ်ကားတွေရှိတယ်။ အခုစစ်ကားတွေကို သမီးတို့ရွာနားက သ ပြေကုန်းဆိုတဲ့ ရွာထဲကို ထိုးထားကြတာ။ သပြေကုန်းကို သူတို့က ဘာမှမလုပ်ဘူး။ သမီးတို့ ရွာကိုပဲ မဲတာ။ စစ်ကားက ၈ စီးရှိတယ်လို့လည်း ကြားတယ်။ အဲဒီဘက်ကလည်း ပိတ်ထားတယ်။ အဲဒီဘက်ရွာတွေကလည်း လူမရှိတော့ဘူး”ဟု ယင်း ဒေသခံတဦးက ပြောဆိုသည်။

You may also like these stories:

သပိတ်ကျင်းမှာ ၁၆ နှစ်အရွယ် မိန်းကလေးတဦး ပစ်သတ်ခံရ

စစ်တပ်က လက်စားချေရန် ခြိမ်းခြောက်သောကြောင့် ရွာသားများ ထွက်ပြေး

ပဲခူးက ဒုရဲအုပ် ဈာပန ကူညီမည့် နာရေးအသင်း မရှိ

နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားများ နေရပ်ပြန်

 

Your Thoughts …
Tags: စစ်တပ်ဒီပဲယင်းဒေသခံများ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

by စိုင်းခမ်းယွမ်း
26 May 2025
20.5k

အခု လက်ရှိ လက်နက်ကိုင် စစ်ကောင်စီ တပ်နဲ့ သေအတူ ရှင်မကွဲ ဆက်ပြီး ပေါင်းနေတဲ့ ခရိုနီ ကြီးငယ်လတ်တွေ ထဲမှာတော့ ခရိုနီ ဂိုဏ်းချုပ်ကြီးလို့ အခေါ်ခံရတဲ့ ဦးအောင်ကိုဝင်းပဲ ဖြစ်ပါတယ်။

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

by ကြာဖက်နှင်း
7 April 2024
14.7k

စစ်တပ်က ကြီးကြီးမာစတာဟု ခေါ်သော ဗိုလ်ချုပ် အထက်တွေ အားလုံး သူ့ရဲ့ အိတ်ကပ်ထဲမှာ။ ညနေခင်း ဆိုလျှင် ဂေါက်ရိုက်နေကြ။ ပြီးလျှင် ဈေးကြီးကြီး ဝီစကီ ပုလင်းတွေ ထောင်ကြ။ Louis 13 ဆိုလား။

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

by ဧရာဝတီ
19 May 2024
11.5k

ဘီလီယံနာ အငြိမ်းစား တယောက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂေါက်သွား ရိုက်တာ မဆန်း။ အဲဒီထဲမှာ မြန်မာပြည်က သူဌေးကြီး ဦးအောင်ကိုဝင်းလည်း ပါသည်။

စစ်တပ်လိုလားသူ အမာခံများ တရုတ်ခရီးစဉ်မှာ ပါ

စစ်တပ်လိုလားသူ အမာခံများ တရုတ်ခရီးစဉ်မှာ ပါ

by မောင်ကဝိ
24 July 2024
10.6k

USDP ကိုယ်စားလှယ်တွေမှာ စစ်ကောင်စီအမာခံ သဘောထားတင်းမာသူတွေလို့ ထင်ရှားသူတွေ ပါဝင်ပါတယ်။

နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

by ဧရာဝတီ
19 June 2024
10.5k

ဆရာတော်ကြီး၏ ရုပ်ကလပ်ကို ပဲခူးမြို့သို့ ပြန်လည် သယ်ဆောင်ရန် တာဝန်ရှိသူများက ခွင့်မပြု၍ ဆရာတော် တချို့နှင့် အချေအတင် ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီက ပဲခူးမြို့သို့ ပြန်လည် သယ်ယူခွင့်ပြုလိုက်ကြောင်း သိရသည်။

ဒုချုပ် မုံရွာခရီးစဉ်အပြီး ဘုတလင်ဒေသခံတို့ ရက်စက်စွာ အသတ်ခံရ

ဒုချုပ် မုံရွာခရီးစဉ်အပြီး ဘုတလင်ဒေသခံတို့ ရက်စက်စွာ အသတ်ခံရ

by ဧရာဝတီ
21 October 2024
9.6k

မကြာသေးမီ အောက်တိုဘာ ၁၄ ရက်က စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) သို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း လာရောက်ခဲ့သည့် ခရီးအစဉ်အပြီး အောက်တိုဘာ ၁၇ ရက် (သီတင်းကျွတ်လပြည့်နေ့)...

Next Post
ဘယ်သူခွဲခွဲ ဒို့မကွဲ

ဘယ်သူခွဲခွဲ ဒို့မကွဲ

မလေးရှားမင်းသမီး Michelle Yeoh

မြန်မာဆန္ဒပြသူတွေကို ထောက်ခံလိုက်တဲ့ မင်းသမီး Michelle Yeoh

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.8k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

5 days ago
3.1k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate