၂၆ ကြိမ်မြောက် ထီဖွင့်ရက်ကို မေလ ၁ ရက်သို့ ရွှေ့ဆိုင်းထားပြီး ထီဝယ်သူ မရှိသည်သာမက ရောင်းချသူလည်း အလွန် နည်းပါးကြောင်း ထီလုပ်ငန်းရှင် အချို့ထံက သိရသည်။
စစ်အာဏာရှင် ယန္တရားကို အခွန်မဆောင်ရေး လှုပ်ရှားမှုတခုအနေဖြင့် ပြည်သူလူထုက ထီမထိုးကြသောကြောင့်၂၅ ကြိမ် မြောက်တွင် ထီလုပ်ငန်းရှင်များ အရှုံးကြီး ရှုံးခဲ့သဖြင့်၂၆ ကြိမ်မြောက်တွင် ရောင်းချသူ မရှိသလောက် နည်းပါးနေခြင်း ဖြစ် ကြောင်း သိရသည်။
ထီလုပ်ငန်းရှင် တဦးက “၂၆ ကြိမ်ကိုတော့ နားထားပါတယ်။ တော်တော်များများက ဒီအာဏာသိမ်းတာကို သဘောမကျ တော့ CDM လုပ်ထား တော့၊ ထိုးတဲ့သူတွေကလည်း မထိုးကြတော့ ကိုယ်တွေလည်း CDM လိုက်လုပ်ထားလိုက်တယ် လေ” ဟု ပြောသည်။
၂၆ ကြိမ်မြောက် ကျပ် ၁,၀၀၀ တန် ထီကို အက္ခရာ (က) မှ (ကဈ) ထိ ၄၂ လုံးနှင့် အရံအက္ခရာ (ကည) နှင့် (ကဋ) ၂ လုံးတို့ အပါအဝင် စုစုပေါင်း အက္ခရာ ၄၄ လုံး ထုတ်ဝေမည် ဖြစ်ကာ ထုတ်ဝေအုပ်ရေပေါင်း ၃,၅၉၉,၉၉၂ အုပ်နှင့် ထုတ် ဝေစောင်ရေပေါင်း ၃၉,၅၉၉,၉၁၂ စောင် ထုတ်ဝေမည် ဖြစ်ကြောင်း သိရသည်။
ပုံမှန်လုပ်ငန်းစဉ်အရ ထီစောင်ရေ စုစုပေါင်း ရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းကို ထီဆုငွေအဖြစ် ချီးမြင့်မည်ဖြစ်ပြီး ကျန် ၄၀ ရာခိုင်နှုန်း ဖြစ်သည့် ခန့်မှန်းခြေတန်ဖိုး ကျပ် သန်း ၁ သောင်းခွဲကျော်မှာ နိုင်ငံတော်ဘဏ္ဍာ အမည်ဖြင့် စစ်အာဏာသိမ်း ကောင်စီက ရရှိမည် ဖြစ်သည်။
ပြီးခဲ့သည့်၂၅ ကြိမ်မြောက် ထီဖွင့်ပွဲကိုလည်း မတ်လ ၁ ရက်တွင် မကျင်းပနိုင်ဘဲ မတ်လ ၁၅ ရက်သို့ ပြောင်းလဲ ရွှေ့ဆိုင်း ခဲ့ပြီး ကျပ်သိန်း ၁၅,၀၀၀ ထီပေါက်သူ မည်သူ ဆိုသည်ကိုမူ ထီဆိုင်များက ယခင်ကဲ့သို့ ထုတ်ပြန် ကြေညာကြသည်ကို မတွေ့ရပေ။
You may also like these stories:
အာဏာသိမ်းပြီးနောက် တရုတ်နှင့် ထိုင်းမှ သွင်းကုန်ပစ္စည်းများ အဝင်ရပ်လုနီးဖြစ်နေ
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းနှင့် လောင်စာဆီဈေး မြင့်တက်နေ