သတင်း

ဆန္ဒပြလူထုကြား KIA ဗုံးခွဲမည် ဟူသည့် စာများ စစ်တပ်က လိုက်ဖြန့်နေ

Want create site? Find Free WordPress Themes and plugins.

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) သည် ဆန္ဒပြခေါင်းဆောင်များနှင့် ပူးပေါင်းကာ ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်ရန် လှုံ့ ဆော်ပြီး ဆန္ဒပြလူစုအတွင်း ပြန်လည် ဗုံးခွဲခြင်း၊ ရပ်ကွက်များ၊ ကျေးရွာများတွင် မီးရှို့ခြင်းများ ပြုလုပ်၍ တပ်မတော်ကို လွှဲချရန် ကြံစည်နေပါသည် ဟူသည့် စာများကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ လိုက်လံ ဖြန့်ဝေခြင်း၊ လမ်းမများတွင် ကပ် ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိသည်။

မတ်၂၁ ရက်ညပိုင်းက ဗန်းမော်၊ ဝိုင်းမော်၊ နမ္မတီး၊ မိုးကောင်း စသည်မြို့များတွင် “အသိပေး နှိုးဆော်ချက်”ဟူသည့် ခေါင်း စဉ်ဖြင့် ရေးထားသည့် စာများကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ဖွဲ့များက လမ်းမီးတိုင်များတွင်ကပ်ခြင်း၊ လမ်းသွားလမ်းလာများကို ဖြန့်ဝေခြင်း လုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စာတွင် KIA သည် ဆန္ဒပြခေါင်းဆောင်များနှင့် ပူးပေါင်းပြီး မတ်၂၂ ရက်မှ စ၍ ဆန္ဒပြလူစုများ အတွင်း ဗုံးခွဲခြင်း၊ ရပ်ကွက် ကျေးရွာများရှိ လူနေအိမ်များကို မီးရှို့ခြင်းများ ပြုလုပ်ကာ စစ်တပ်က လုပ်ဆောင်ကြောင်း ဝါဒဖြန့်ရန် စီစဉ်နေကြောင်း၊ ထို့ အတွက် ပြည်သူများ အနေဖြင့် မတ်၂၂ ရက်မှ စ၍ လကုန်အထိ ဆန္ဒပြမှုများထဲတွင် လုံးဝ မပါဝင်ကြရန် သတိပေးသည် ဟု ရေးသားထားသည်။

KIA ကို ကချင်အကြမ်းဖက် သောင်းကျန်းသူများ၊ ဆန္ဒပြခေါင်းဆောင်များကို အစွန်းရောက် ဆန္ဒပြခေါင်းဆောင်များ ဟု ယင်းဝါဒဖြန့်စာတွင် သုံးနှုန်းထားသည်။

KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “သူတို့ တပ်မတော်ဘက်က အဲဒီလို ဖြစ်ရပ်တွေ လုပ် ချင်လို့ စာတွေ ကြိုတင် ကပ်ထားတာ ဖြစ်ပါတယ်။ ဗုံးတွေ၊ မိုင်းခွဲတာတွေ မီးရှို့တာတွေ တပ်မတော်က လုပ်ပြီးမှ KIA က လုပ်တာပါ ဆိုပြီး အပြစ်ပုံချဖို့အတွက် ကြိုတင်ပြီး အကွက်တွေ ဆင်ထားတာလို့ပဲ သုံးသပ်ပါတယ်” ဟု ပြောသည်။

ကချင်ပြည်နယ်အတွင်း ဝါဒဖြန့် စာများ စစ်ကောင်စီ လိုက်ကပ်နေသည်ဆိုသော စာများကို တွေ့ရစဉ် (ဓာတ်ပုံ- CJ)

KIA ဗဟိုကလည်း လူထုကြားတွင် ဖောက်ခွဲမှုများ ပြုလုပ်ရန် ညွှန်ကြားခြင်း မရှိပါဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ကချင်ပြည်နယ်တွင်း စစ်အာဏာရှင်စနစ် ပြုတ်ကျရေး ဆန္ဒပြ လှုပ်ရှားမှုကို ဦးဆောင်နေသူ တဦးက “ဆန္ဒပြတာတွေ ငြိမ် သွားအောင်၊ လမ်းပေါ်ထွက်လာတဲ့သူတွေ လျော့သွားအောင် အကြောက်တရား ရအောင် တမင်လုပ်တယ်လို့ပဲ ယူဆ တယ်။ KIA က စစ်တပ်ကိုတောင် တိုက်နေတာ စစ်အာဏာရှင် ဆန့်ကျင်တဲ့ လူထုကို သေအောင် ဆန္ဒမပြနိုင်အောင် ဗုံးခွဲ မယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ ခွဲမယ့်ခွဲ ဆန္ဒပြတာကို မလိုလားတဲ့ စစ်အာဏာရှင်တွေကပဲ ခွဲမှာ” ဟု ပြောသည်။

စစ်တပ်နှင့်ရဲက ကချင်ပြည်နယ်တွင်း မြို့နယ်အသီးသီးတွင် ဆန္ဒပြသည့် လူထုကို နေ့စဉ် လူစုခွဲခြင်း၊ သပိတ်စစ်ကြောင်း များကို ဖြိုခွဲခြင်းများ ပြုလုပ်လျက် ရှိသည်။

ဖြိုခွင်းခံရသော်လည်း ကချင်ပြည်နယ်တွင်းမှ မြို့နယ် ၁၅ မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်လှုပ်ရှားမှုများကို ပုံစံ အမျိုးမျိုးဖြင့် နေ့စဉ်ပြုလုပ်နေကြဆဲ ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် စနစ်အား ဆန့်ကျင်ဆန္ဒထုတ်ဖော်မည့် လူထုကို သွေးထွက်သံယို ဖြစ် အောင် မလုပ်ရန် KIA က ဖေဖော်ဝါရီ ၂ ရက်တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ထံသို့ သတင်းစကားပါးခဲ့သော် လည်း မပခက လူထုကိစ္စတွင် ဝင်မစွက်ဖက်ရန်၊ ဆန္ဒပြလူထုက ဆူပူလာပါက ကျည်အစစ်ဖြင့် ပစ်ခတ်မည်ဟု ပြောဆိုခဲ့ သည်။

မတ် ၈ ရက်တွင် မြစ်ကြီးနားမြို့ပေါ်၌ ဆန္ဒပြနေသည့် လူထုကို ပစ်ခတ်ဖြိုခွင်းရာ အမျိုးသားနှစ်ဦး သေဆုံးကာ ကျန် ၃ ဦး မှာ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

မတ် ၁၁ ရက်တွင် KIA က ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ စစ်တပ်စခန်း တခုကို စတင်ထိုးစစ်ဆင်ပြီး သိမ်းယူခဲ့ သည်။

ကချင်ပြည်နယ်အတွင်း ဝါဒဖြန့် စာများ စစ်ကောင်စီ လိုက်ကပ်နေသည်ဆိုသော စာများကို တွေ့ရစဉ် (ဓာတ်ပုံ- CJ)

မတ် ၁၄ ရက်တွင်လည်း စစ်တပ်နှင့်ရဲ၏ ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦး သေဆုံးပြီး အခြား ၄ ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

မတ် ၁၅ ရက်တွင် မြစ်ဆုံ စီမံကိန်း ဧရိယာနှင့် အနီးဆုံးနေရာဖြစ်သည့် အင်ဂျန်းယန်မြို့နယ်၊ ဂွေထောင်ကျေးရွာအနီးရှိ စစ် တပ်စခန်းကိုလည်း ထပ်မံ တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုများ နှစ်ရက် ဖြစ်ပွားခဲ့သည်။

ဂွေထောင်တိုက်ပွဲကြောင့် ဒေသခံ၂၅၀ နှင့် အထက် ထွက်ပြေးခဲ့ရပြီးနောက် ပစ်ခတ်မှုများ ငြိမ်သက်သွားသော်လည်း နှစ် ဖက်တပ်များ၏ စစ်အင်အားတိုးချဲ့မှုများက ရှိနေဆဲ ဖြစ်သည်။

မတ် ၁၈ ရက်ကလည်း ဖားကန့်မြို့နယ်ရှိ ရဲတပ်ရင်းအမှတ် (၃၀) နှင့် ရှမ်းနီပြည်သူ့စစ် စခန်းအချို့ကို KIA က ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ထားသည်။

ကချင်ပြည်နယ်တွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပြုလုပ်နေသည့် လူထုသည် ဖေဖော်ဝါရီလအတွင်း ဆန္ဒ ပြရာတွင် စစ်အာဏာရှင်စနစ် ပြုတ်ကျရေး၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးကိုသာ ကြွေးကြော်ခဲ့သော်လည်း မတ် လအတွင်း ဆန္ဒပြမှုများတွင် စစ်အာဏာရှင်ကို တိုက်ထုတ်ရန် ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး၊ KIA ကို အလိုရှိ ကြောင်းနှင့် ထောက်ခံကြောင်း ကြွေးကြော်မှုများ ပြုလုပ်လျက် ရှိသည်။

You may also like these stories:

CRPH က အကြမ်းဖက်အဖွဲ့အဖြစ် ထုတ်ပြန်သလို စစ်ကောင်စီကလည်း မတရားအသင်း ကြေညာ

စစ်တပ်ထံ ရိက္ခာ မရောက်စေရန် KNU တပ်မဟာ ၅ တားဆီးထား

စစ်ကောင်စီကို တော်လှန်ဖို့ ဖက်ဒရယ်တပ်မတော် ဖွဲ့နိုင်မလား

Did you find apk for android? You can find new Free Android Games and apps.
Loading