• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သံလွင်မြစ်ကမ်းဘေးက ဆန်နှင့်ဆီပုံးများ ထိုင်းနိုင်ငံဘက်သို့ ပြန်သယ်ဆောင်

by ဧရာဝတီ
24 March 2021
in သတင်း
A A
သံလွင်မြစ်ကမ်းဘေးပုံထားသည့် ဆန်နှင့်ဆီပုံး ရိက္ခာများကို ထိုင်းနိုင်ငံဘက်သို့ ပြန်သယ်ဆောင်နေကြစဉ်

သံလွင်မြစ်ကမ်းဘေးပုံထားသည့် ဆန်နှင့်ဆီပုံး ရိက္ခာများကို ထိုင်းနိုင်ငံဘက်သို့ ပြန်သယ်ဆောင်နေကြစဉ်

15.1k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံ ဘက်ခြမ်း သံလွင်မြစ်ကမ်းနံဘေးတွင် သောင်တင်နေသည့် ဆန်အိတ်၊ ဆီပုံးနှင့် ရိက္ခာခြောက်များကို မြန်မာတပ်စခန်းများထံ ပို့ဆောင်ခြင်း မပြုတော့ဘဲ ပြန်လည်သယ်ဆောင်သွားကြောင်း သိရသည်။

ဆန်အိတ် ၇၀၀၊ ဆီပုံးများ၊ အသားဗူးများနှင့် စစ်တပ်လက်ဖက်ခြောက် စက်ရုံများမှ ထုတ်သည့် ရွှေဖီဦး လက်ဖက်ရည် ထုတ်များ ပါဝင်သည့် မြန်မာစစ်တပ်အတွက် ရိက္ခာများကို မတ် ၂၀ ရက်က ထိုင်းနိုင်ငံဘက်မှ သယ်ဆောင်လာပြီး ထိုင်း- မြန်မာနယ်ခြားဖြစ်သည့် သံလွင် မြစ်ကမ်းဘေး(ထိုင်းဘက်ခြမ်း) တွင် ချထားခဲ့ခြင်း ဖြစ်သည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
78
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
104
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
364

မျက်မြင်တွေ့သည့် ဒေသခံ ဦးစောလုက “မနေ့က ညသန်းခေါင်လောက်မှာ ကား ၄ စီးလောက်နဲ့ လူ ၅ ယောက်လောက် ရှိမယ် ထင်တယ်။ လာသယ်သွားတာ။ တပ်မဟာ ၅ က ဒီဘက်ကမ်းကူးလာရင် တာဝန်မယူဘူး ပြောထားတော့ သူတို့ လည်း ဒီတိုင်းကမ်းနားမှာ ထားမယ့် အတူတူ ပြန်သယ်သွားပုံရတယ်” ဟု ပြောသည်။

ယင်း ရိက္ခာများကို ထိုင်းနိုင်ငံအတွင်း မည်သည့် အရပ်သို့ သယ်ဆောင်သွားသည်ကို မသိရသော်လည်း ဒေသခံများ၏ အဆိုအရ ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းတလျှောက် မြန်မာတပ်စခန်းပေါင်း များစွာရှိကြောင်း၊ ယခုနေရာမှ ပို့၍ မရလျှင် ထိုင်းဘက်ခြမ်းရှိ တခြားသော နေရာများမှ မြန်မာစစ်တပ်ထံ ရောက်အောင် ပို့ဆောင်နိုင်ကြောင်း သိရသည်။

အဆိုပါ ရိက္ခာများသည် သံလွင်မြစ်တဖက်ကမ်း၊ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ တပ်ရင်းများထံသို့ ပေးပို့မည့် ရိက္ခာ များ ဖြစ်သည်။

သံလွင်မြစ်ကမ်းဘေးပုံထားသည့် ဆန်နှင့်ဆီပုံး ရိက္ခာများကို ထိုင်းနိုင်ငံဘက်သို့ ပြန်သယ်ဆောင်နေကြစဉ်

စစ်ကောင်စီ၏ တပ်ရင်းများသည် ဖာပွန်ခရိုင်တွင်းအခြေစိုက်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ တပ်မဟာ (၅) နှင့် စစ်ရေး တင်းမာမှုရှိနေပြီး KNU တပ်ဖွဲ့များက ရိက္ခာလမ်းကြောင်း ဖြတ်တောက်ပိတ်ဆို့ထားသဖြင့် ထိုင်းနိုင်ငံဘက်မှ ရိက္ခာ သယ်ယူရန် ကြိုးစားကြခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံဘက်မှ ဆန်အိတ် ၇၀၀ နှင့်ဆီပုံးများကို ဝယ်ယူပြီး သံလွင်မြစ်ကမ်းဘေးသို့ ရောက်သည့်နေ့တွင် ကရင်လူထု များအပြင် ပြည်မနှင့် ပြည်နယ်အသီးသီးမှ လူထုက အာဏာသိမ်းကာ အရပ်သားများကို နှိပ်စက်နေသည့် စစ်တပ်ကို ရိက္ခာဖြည့်တင်းခြင်း မပြုလုပ်ရန်၊ စစ်တပ်ကို ထောက်ပံ့သည့် ထိုင်းစစ်တပ်ကိုလည်း ကန့်ကွက်ကြောင်း လူမှုကွန်ရက်များ တွင် ကန့်ကွက်ရေးသားမှုများ ပြုလုပ်ခဲ့သည်။

မြန်မာလူထု၏ ကန့်ကွက်မှုများ ထွက်ပေါ်လာသည့်နောက်တွင် ထိုင်းစစ်တပ်၊ နရဲစွမ်တပ်ဖွဲ့မှ တပ်မှူး၊ ဗိုလ်ချုပ် Amnat Srimak က ၎င်းတို့ဘက်မှ ထောက်ပံ့ခြင်း မရှိကြောင်း ဘန်ကောက်ပို့စ် သတင်းဌာနကို ငြင်းဆိုခဲ့ပြီး အဆိုပါ ရိက္ခာများ သည် နယ်စပ်ဖြတ်ကျော်ကာ ပုံမှန်ကူးသန်းရောင်းဝယ်ရေးလုပ်သည့် ကိစ္စသာ ဖြစ်နိုင်သည်ဟု ဆိုထားသည်။

KNU တပ်မဟာ (၅) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောကလယ်ဒိုကလည်း သံလွင်မြစ်ကမ်းကို ကူးပြီး ဆန်အိတ်များ သယ်လာပါက ၎င်းတို့ ပိုင်နက်ဖြစ်သဖြင့် စစ်တပ်ထံ မရောက်စေရန် လုပ်ဆောင်သွားမည်ဟု ပြောဆိုထားသည်။

မတ် ၂၃ ရက် နေ့လယ်တွင် အဆိုပါ ဆန်အိတ်များအနီးသို့ ဒေသခံအချို့က သွားရောက်ကြည့်ရှုရာ စစ်တပ်၏ သော့လဲ ထစခန်းမှ သေနတ် ၆ ချက်ခန့် ပစ်ဖောက် ခြောက်လှန့်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့နောက် ညသန်းခေါင်တွင် ဆန်အိတ်များကို ထိုင်းနိုင်ငံဘက်တွင်းသို့ ပြန်လည် သယ်ဆောင်သွားခြင်း ဖြစ်သည်။

You may also like these stories:

သယံဇာတမှ ရငွေများ စစ်ကောင်စီထံ မရောက်ရေး CRPH ကြိုးပမ်း

တပ်မတော်နေ့ အခမ်းအနား အပစ်ရပ်အဖွဲ့အများစု တက်မည်မဟုတ်

စစ်တပ်ထံ ရိက္ခာ မရောက်စေရန် KNU တပ်မဟာ ၅ တားဆီးထား

Your Thoughts …
Tags: KNUတပ်မဟာ ၅ဖာပွန်ခရိုင်ရိက္ခာသံလွင်မြစ်ကမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

by ဧရာဝတီ
24 January 2024
21.7k

ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ BGF တပ်များအနေဖြင့် စစ်တပ်နှင့်ပူးတွဲစစ်ဆင်ရေးဝင်နေသည့် ရှေ့တန်းစခန်းများမှ ပြန်လည်ဆုတ်ခွာခဲ့ကာ ဌာနချုပ်ရှိရာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသနှင့် တပ်ရင်းစခန်းများတွင် ပြန်လည်စုဖွဲ့ထားပြီး တစုံတရာ ထပ်မံ ညွှန်ကြားမှု မရှိသေးကြောင်း

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

by ဧရာဝတီ
29 January 2024
17.5k

တပ်မ ၄၄ ၏ တပ်မမှူးအသစ် ဗိုလ်မှူးကြီး အေးမင်းနောင်သည် သင်္ကန်းညီနောင်ဗျူဟာသို့ လာရောက် မည့်သတင်းကို ရရှိထားသည့်အတွက် ကော်ဘရာစစ်ကြောင်းမှ အချိန်ယူ၍ အသင့်စောင့်ဆိုင်းခဲ့ပြီး ပစ်ချနိုင်ခဲ့ခြင်း

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.5k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

Next Post
အဆိုတော် ရှိုင်း  / SHINE's Facebook

တိမ်ညိုစစ်ဘေးရှောင်စခန်းသို့ အလှူငွေများ သွားရောက် လှူဒါန်းခဲ့တဲ့ အဆိုတော် ရှိုင်း

မတ် ၁၃ ရက်နေ့က မန္တလေးမြို့တွင် စစ်တပ်နှင့် ရဲ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူတဦး ဈာပန / ဧရာဝတီ

ရခိုင်အရပ်ဘက်အဖွဲ့အစည်းများက စစ်ကောင်စီ၏ လုပ်ရပ်များအပေါ် ကန့်ကွက်ရှုတ်ချ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.7k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate