ရန်ကုန်တိုင်း လှိုင်မြို့နယ်တွင် ယနေ့မနက်ပိုင်း စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦး လက်ပြတ်ပြီး ၁ ဦး ပေါင်ထိဒဏ်ရာ ရရှိထားကြောင်း သိရသည်။
လက်နက်ကိုင်တပ်ဖွဲ့များက လက်ပစ်ဗုံးကိုပါ အသုံးပြုပြီး ပြည်သူများကို ပစ်ခတ်ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။
ထို့ကြောင့် အမျိုးသား ၁ ဦး ဘယ်ဘက်လက်ကောက်ဝတ် ပြတ်သွားပြီး ၎င်းကို သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ ပို့ဆောင်ပေးပြီး ဖြစ်ကြောင်းလည်း သိရသည်။
“၁ ယောက်ကတော့ ဘယ်ဘက်လက်ပြတ်သွားတယ်။ လက် ၂ ဖက်လုံးထိတယ်။ ၁ ဖက်ကတော့ ဆိုးဆိုးရွားရွားပေါ့။ မျက်နှာတွေဘာတွေတော့ ထိတယ်။ သက်ဆိုင်တဲ့ ကျန်းမာရေးဌာနကို ပို့ထားတယ်” ဟု ကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်တဦးက ပြောသည်။
ယမန်နေ့ကလည်း တာမွေမြို့နယ်တွင် လက်ပစ်ဗုံး ထိမှန်မှုကြောင့် အမျိုးသား ၁ ဦး သေဆုံးခဲ့သည်။
You may also like these stories:
စစ်ကောင်စီရဲ့ လက်နက်ကိုင်များ ကလေးသူငယ်တွေကို ပစ်မှတ်ထားလာသလား
မြန်မာစစ်တပ် အကြမ်းဖက်နေမှု ကုလ လုံခြုံရေးကောင်စီ ရှုတ်ချ
အသံတိတ်နေသော အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဖျက်သိမ်းချိန်တန်ပြီ