• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လေကြောင်း တိုက်ခိုက်မှု ကရင်ဒေသခံ ၁၀၀၀၀ ကျော် ထွက်ပြေးနေရ

by ဧရာဝတီ
29 March 2021
in သတင်း
A A
ယနေ့ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသည့် ကရင်ဒေသခံများ / ဧရာဝတီ

ယနေ့ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသည့် ကရင်ဒေသခံများ / ဧရာဝတီ

7.1k
VIEWS
Share on FacebookShare on Twitter

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲသဖြင့် ဒေသခံ ကရင်လူဦးရေ ၁၀၀၀၀ ကျော် စစ်ဘေးရှောင် ဒုက္ခသည်များအဖြစ် ထွက်ပြေးနေရကြောင်း သတင်းရရှိသည်။

စစ်ရေးတင်းမာနေသည့် KNU တပ်စခန်းများကို ဦးတည်တိုက်ခိုက်ခြင်း မဟုတ်ဘဲ ဖာပွန်ခရိုင်ရှိ ကရင်လူမျိုးများ နေထိုင်ရာ ရွာများကို ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံ ၃၀၀၀ ကျော်မှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးနေပြီး၊ ၈၀၀၀ခန့် မှာ ဖာပွန်ခရိုင်ရှိ တောတွင်းသို့ ထွက်ပြေးနေရကြောင်း ကရင်အရပ်ဘက် အဖွဲ့အစည်းများနှင့် ဒေသခံများထံမှ သိရသည်။

RelatedPosts

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

19 May 2025
14
တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

19 May 2025
360
ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
129

ကရင်အမျိုးသမီးအစည်းအရုံး (KWO) က “ဒေပူနိုကျေးရွာက ဒေသခံတွေ အိပ်မက်ဆိုးကြားထဲမှာ ဖြတ်သန်းနေရပါတယ်။ မနေ့ညနဲ့ ဒီကနေ့ မနက်အစောပိုင်းမှာ ဒေပူနိုကျေးရွာကို ဗမာစစ်တပ်က လေကြောင်းနဲ့ ၃ ကြိမ် လာတိုက်ခိုက်ပါတယ်။ ည ၁၁နာရီ ၄၁ မိနစ်မှာ တကြိမ်၊ မနက် ၁နာရီ ၅၂ မိနစ်မှာ တကြိမ်၊ မနက် ၃ နာရီ ၃၄ မိနစ်မှာ တကြိမ်ပါ။ ရွာသားတဦး လည်း ဒဏ်ရာ ရရှိထားပါတယ်” ဟု သတင်း ထုတ်ပြန်ထားသည်။

KWO ၏ ထုတ်ပြန်ချက်အရ မတ် ၂၈ ရက်၊ ည ၁၁ နာရီအချိန် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုနှင့် မတ် ၂၉ ရက်၊ နံနက်အစောပိုင်း ၂ ကြိမ် တိုက်ခိုက်ခံရသည်ဟု သိရသည်။

ဖာပွန်ခရိုင်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) အခြေစိုက်လှုပ်ရှားနေပြီး၊ ယခင်ကတည်းက စစ်တပ်၏ နယ်မြေချဲ့ကာ လမ်းဖောက်သဖြင့် တိုက်ပွဲငယ်များ မကြာခဏဖြစ်လေ့ရှိရာမှ ယခုအခါ လူထုကို စစ်တပ်က သတ်ဖြတ်နေသဖြင့် လူထုဘက်မှ ရပ်တည်ကြောင်း ကြေညာကာ ဖာပွန်ခရိုင်ရှိ စစ်တပ်၏ ရှေ့တန်းစခန်းများကို ထိုးစစ်ဆင်သိမ်းယူကာ ရိက္ခာလမ်းကြောင်းကို ဖြတ်တောက် ထားလိုက်ခြင်းဖြစ်သည်။

ယင်း ပဋိပက္ခများ အပေါ် စစ်တပ်က မတ်လ ၂၇ရက် ညနေပိုင်းမှ စ၍ ယနေ့နံနက် အစောပိုင်းအထိ လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်နေခြင်းဖြစ်ပြီး၊ ဒေသခံ အနည်းဆုံး ၃ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာများ ရရှိထားပြီ ဖြစ်သည်။

ဒီမိုကရေစီရရှိရေး ကြိုးပမ်းနေသည့် နိုင်ငံများမှ ဌာနေတိုင်းရင်းသားများကို ဆေးဝါး၊ စားနပ်ရိက္ခာ ထောက်ပံ့မှုများနှင့် ဆေး ဝါးဆိုင်ရာ သင်တန်းများ ပို့ချမှုဖြင့် အကူအညီပေးနေသည့် Free Burma Rangers အဖွဲ့မှ ဒါရိုက်တာ Mr. David Eubank က စစ်တပ်က ရန်ကုန်၊ မန္တလေးမြို့ကြီးများမှ လူထုကို သတ်ဖြတ်နေသည့်အပြင် တိုင်းရင်းသား ဒေသများဖြစ်သည့် ကချင် နှင့် ကရင်ပြည်နယ်တို့တွင်လည်း ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် စစ်ဘေးရှောင် ဒုက္ခသည်အသစ်များ တိုးလာ သည်ဟု ပြောသည်။

ဖာပွန်ခရိုင်အတွင်း တိုက်ခိုက်မှုများနှင့် ပတ်သက်၍လည်း Mr. David Eubank က “ဒီလို လေကြောင်း တိုက်ခိုက်မှုတွေ မရှိတာက နှစ် ၂၀ လောက်တောင် ကြာပါပြီ။ အခုအချိန် စစ်တပ်မှာ လုပ်ဆောင်နိုင်စွမ်းရှိနေတာက တရုတ်၊ ရုရှားနဲ့ တခြားနိုင်ငံတွေကနေ အကူအညီတွေ ရနေလို့ပါ။ အခု သူ့ရဲ့ တိုက်ခိုက်မှုကြောင့် ဒေပူနိုကျေးရွာက ဒေသခံတွေ ပုန်းနေကြ ရပါတယ်။ လူဦးရေ ၈၀၀၀ ကျော်လောက်က ပုန်းအောင်းနေကြရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

Mr. David Eubank က ကရင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့် အခြေအနေများကို ရုပ်သံမှတ်တမ်း တခုဖြင့် ပြောဆို ပြီး ဖြန့်ဝေထားခြင်း ဖြစ်ပြီး၊ ဒေပူနိုကျေးရွာမှ ဒေသခံ ၈၀၀၀ ကျော်သည် တောတောင်အတွင်း ထွက်ပြေးပုန်းအောင်နေရဆဲ ဖြစ်သည်။

ဒေသခံများထံမှ ရရှိသည့် ဓါတ်ပုံမှတ်တမ်းများအရ ဒေပူနိုကျေးရွာရှိ ဒေသခံများ၏ အိမ်များသည် ဗုံးဒဏ်ကြောင့် မီးလောင်ပြာကျသွားသည့် အခြေအနေကို တွေ့ရသည်။

သံလွင်မြစ်ကမ်းဘေးရှိ မယ်နူထာ၊ အူးဝဲကလိုး၊ အီးတူထာ ကျေးရွာတို့မှ ဒေသခံ ၃၀၀၀ ကျော်သည်လည်း မတ် ၂၈ ရက် တွင် သံလွင်မြစ်ကို ဖြတ်ကူးကာ ထိုင်းနိုင်ငံနယ်စပ်အတွင်းသို့ ဒုက္ခသည်များအဖြစ် သွားရောက် ခိုလှုံနေကြရသည်။

လက်ရှိတွင် စစ်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ဖာပွန်ခရိုင်သည် ကမ္ဘာ့ရှားပါး တောရိုင်းတိစ္ဆာန်များနှင့် အပင်များ၊ တောတွင်း သယံဇာတများ ရှိသဖြင့် ကရင်ဌာနေတိုင်းရင်းသားများ၏ ဘိုးဘွားစဉ်ဆက်ပိုင် သဘာဝအမွေအနှစ် များကို ထိန်းသိမ်းနိုင်ရန် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်အဖြစ် သတ်မှတ်ထားသည့်နယ်မြေ ဖြစ်သည်။

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) ကလည်း သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်အတွင်း လေကြောင်း တိုက်ခိုက်မှုများနှင့် ကရင်ဌာနေတိုင်းရင်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်နေမှုကို ရပ်တန့်ရန်၊ စစ်တပ်၏ တပ်စခန်းများ ဆုတ်ခွာပေးရန် ထုတ်ပြန်ချက်တစောင် ထုတ်ပြန် တောင်းဆိုထားသည်။

KPSN ၏ ထုတ်ပြန်ချက်ထဲတွင် ထွက်ပြေးနေရသည့် စစ်ဘေးရှောင် ဒုက္ခသည်များကို အကူအညီပေးကြရန် တောင်းဆို ထားသည့်အပြင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် အာဏာသိမ်း စစ်တပ်ကို နိုင်ငံတကာ ခုံရုံးတင် စစ်ဆေး အရေးယူ နိုင်ရေးနှင့် စစ်တပ်၏ လက်နက်ခဲယမ်း ဝယ်ယူခွင့်များကို ပိတ်ပင် တားဆီးပေးရန်လည်း ထည့်သွင်း အကူအညီ တောင်း ထားသည်။

You may also like these stories:

သံလွင်မြစ်ကမ်းဘေးက ဆန်နှင့်ဆီပုံးများ ထိုင်းနိုင်ငံဘက်သို့ ပြန်သယ်ဆောင်

စစ်တပ်ထံ ရိက္ခာ မရောက်စေရန် KNU တပ်မဟာ ၅ တားဆီးထား

Your Thoughts …
Tags: KNUကရင်ဒေသခံစစ်ဘေးရှောင် ဒုက္ခသည်ဖာပွန်ခရိုင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

by ဧရာဝတီ
24 January 2024
21.7k

ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ BGF တပ်များအနေဖြင့် စစ်တပ်နှင့်ပူးတွဲစစ်ဆင်ရေးဝင်နေသည့် ရှေ့တန်းစခန်းများမှ ပြန်လည်ဆုတ်ခွာခဲ့ကာ ဌာနချုပ်ရှိရာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသနှင့် တပ်ရင်းစခန်းများတွင် ပြန်လည်စုဖွဲ့ထားပြီး တစုံတရာ ထပ်မံ ညွှန်ကြားမှု မရှိသေးကြောင်း

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

by ဧရာဝတီ
29 January 2024
17.5k

တပ်မ ၄၄ ၏ တပ်မမှူးအသစ် ဗိုလ်မှူးကြီး အေးမင်းနောင်သည် သင်္ကန်းညီနောင်ဗျူဟာသို့ လာရောက် မည့်သတင်းကို ရရှိထားသည့်အတွက် ကော်ဘရာစစ်ကြောင်းမှ အချိန်ယူ၍ အသင့်စောင့်ဆိုင်းခဲ့ပြီး ပစ်ချနိုင်ခဲ့ခြင်း

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.5k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

Next Post
မန္တလေးမှ သတင်းမီဒီယာသမားတဦး စစ်အာဏာသိမ်း ဆန့်ကျင်ရေး သတင်းမှတ်တမ်းယူနေစဉ်

စစ်ကောင်စီ၏ ရန်သူစာရင်းဝင်လည်း သတင်းမီဒီယာက သမိုင်းကို မှတ်တမ်းတင်ဆဲ

Miss Grand Myanmar 2020 အလှမယ် ဟန်လေး / Han Lay's Facebook

အလှမယ် ဟန်လေးကို ထိုင်းအခြေစိုက် Miss Grand International မှ ကူညီထားမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate