• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဆန္ဒပြသူတွေကို စစ်တပ်နှင့်ရဲ သတ်ဖြတ်မှု အမေရိကန်သမ္မတနှင့် EU တို့ ပြစ်တင် ရှုတ်ချ

by ဧရာဝတီ
29 March 2021
in သတင်း
A A
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်

15.4k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် စစ်တပ်နှင့် ရဲက ရက်စက်စွာ သတ်ဖြတ် နေမှုကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဥရောပသမဂ္ဂ နိုင်ငံခြား‌ရေး မူဝါဒ အကြီးအကဲ ဂျိုးစက် ဘော်ရယ်လ်တို့က ပြစ် တင် ရှုတ်ချလိုက်သည်။

သမ္မတ ဂျိုးဘိုင်ဒန်က မြန်မာနိုင်ငံ အခြေအနေနှင့် ပတ်သက်သည့် သတင်းထောက်တဦး၏ မေးမြန်းချက်ကို “အင်မတန် ဆိုးရွားပါတယ်။ ဒါက ရက်စက်ကြမ်းကြုတ်မှု ဖြစ်ပါတယ်။ လူတွေ ဒီလောက် အများကြီး သေဆုံးရတာဟာ လုံးဝ မလို လားအပ်တဲ့ ကိစ္စပါ” ဟု မတ်လ ၂၈ ရက်တွင် ပြောကြားခြင်း ဖြစ်သည်။

RelatedPosts

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

19 May 2025
98
အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

19 May 2025
2k
ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

19 May 2025
97

သမ္မတ ဂျိုးဘိုင်ဒန် ဝေဖန် ရှုတ်ချနေစဉ်မှာပင် မတ်လ၂၈ ရက်က ပဲခူးတိုင်း ဘုရားကြီးမြို့၌ ပြုလုပ်သည့် ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်သား သမဂ္ဂ အဖွဲ့ချုပ် (ဗ.က.သ) အဖွဲ့ဝင် ကိုသဲမောင်မောင်၏ ဈာပနကို စစ်တပ်နှင့် ရဲက မျက်ရည်ယိုဗုံး၊ ကျည် အစစ်များ သုံး၍ ပစ်ခတ်ဖြိုခွဲ ခဲ့သည်။

အစ္စလာမ် ဘာသာဝင် ကိုသဲမောင်မောင်သည် အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြနေစဉ် စစ်တပ်နှင့် ရဲ၏ ပစ်ခတ်မှု ကြောင့် မတ်လ၂၇ ရက်က ပဲခူးမြို့တွင် အဆုတ်ကို သေနတ် ကျည်ထိမှန်ပြီး မတ်လ၂၈ ရက် နံနက် ၃ နာရီတွင် သေဆုံးခဲ့ ရသူ ဖြစ်သည်။

ထို့အတူ ဧရာဝတီက အတည်ပြု ရရှိထားသည့် စာရင်းများအရ အာဏာသိမ်း စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် မတ် ၂၇ ရက် တရက်တည်းတွင် အရပ်သား ၁၀၀ နီးပါး သေဆုံးပြီး လူ ၁၅၀ ကျော် ဒဏ်ရာ ရခဲ့သည်။

အာဏာ သိမ်းစစ်ကောင်စီကမူ တပ်မတော်နေ့အဖြစ် နေပြည်တော်တွင် စစ်ရေးပြ ချီတက်ပွဲများ ကျင်းပနေသော်လည်း ၎င်းတို့၏ လက်နက်ကိုင်စစ်သားများက မြန်မာပြည်အနှံ့ လူသတ်ပွဲများ ဆောင်ရွက်နေခြင်း ဖြစ်သည်။

ဥရောပသမဂ္ဂ နိုင်ငံခြား‌ရေး မူဝါဒအကြီးအကဲ ဂျိုးစက် ဘော်ရယ်လ်ကလည်း တပ်မတော်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကိုင် အကြမ်းဖက် သတ်ဖြတ်မှုကြောင့် ပြည်သူ ၁၀၀ ကျော် သေဆုံးခဲ့ရမှုကို လက်မခံနိုင်ကြောင်း မတ်လ၂၈ ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ပြောကြားသည်။

မြန်မာ စစ်တပ်သည် ဂုဏ်ယူစရာနေ့ တနေ့ကို အရှက်ရစရာနေ့တနေ့ အဖြစ် ပြောင်းလဲပစ်ခဲ့သည် ဟုလည်း ၎င်းက ဝေဖန် သည်။

“ဒီအဖြစ်ဆိုးတွေ ရပ်တန့် ရပါမယ်။ မြန်မာပြည်သူတွေ အပေါ် ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေ ကို ဥရောပ သမဂ္ဂအနေနဲ့ ထပ်မံ ရှုတ်ချပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေ လျှောက်လှမ်းနေတဲ့ အချည်းနှီးဖြစ်တဲ့ လမ်း စဉ်ကို ပြောင်းလဲကြဖို့ တိုက်တွန်းပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် ကလည်း မြန်မာနိုင်ငံတွင် ကလေးများနှင့် လူငယ်များ အပါအဝင် အရပ်သားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒါဇင်နှင့်ချီ၍ သတ်ဖြတ်ခဲ့ခြင်းအပေါ် အပြင်းထန်ဆုံး ရှုတ်ချသည် ဟု ပြောဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံး က သတင်း ထုတ်ပြန်သည်။

စစ်တပ်၏ အကြမ်းဖက် ဖြိုခွင်းမှုများ ဆက်တိုက် ပြုလုပ်နေမှုသည် လုံးဝ လက်သင့်မခံနိုင်သည့် လုပ်ရပ်ဖြစ်ပြီး နိုင်ငံတ ကာမှ တစုတစည်းတည်း ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား တုံ့ပြန်ဆောင်ရွက်ကြရန် တောင်းဆိုကြောင်း ၎င်းက တိုက် တွန်း ပြောကြားသည်။

မြန်မာ့အရေး အကျပ်အတည်း အခြေအနေကို အဆောတလျင် အဖြေရှာကြရန် အလွန်ပင် အရေးကြီးနေပြီ ဟုလည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ဆော်ဩလိုက်သည်။

ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က ခန့်အပ်ထားသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအထူး ကိုယ် စားလှယ် ဒေါက်တာ ဆာဆာ ကလည်း စစ်ဗိုလ်ချုပ်များသည် တပ်မတော်နေ့ လူသတ်ပွဲ မတိုင်ခင်ကတည်းက ဦးခေါင်းနှင့် နောက်ကျော အပစ်ခံရနိုင်သည်ဟု မြန်မာပြည်သူများကို ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်ထားသည်ဟု ဆိုသည်။

မတ်လ ၂၇ ရက်တွင်လည်း ၎င်းတို့ ခြိမ်းခြောက်သည့်အတိုင်း လုပ်ခဲ့သည်ဖြစ်ရာ လက်ရှိအချိန်သည် နိုင်ငံတကာ အသိုင်း အဝိုင်းအနေနှင့် စစ်ဗိုလ်ချုပ်များကို အကြမ်းဖက်သမားများအဖြစ် ဆက်ဆံရမည့် အချိန်ပင် ဖြစ်ကြောင်း ဒေါက်တာ ဆာ ဆာက ပြောသည်။

“မည်သို့သော သက်သေ အထောက်အထားများ လိုအပ်နေပါသနည်း။ သူတို့သည် အကြမ်းဖက် အဖွဲ့အစည်းကဲ့သို့ ပြုမူ လုပ်ဆောင်နေကြောင်း သူတို့ကိုယ်တိုင် ကမ္ဘာကို ပြသလိုက်ပြီး ဖြစ်သည်။ ယခုအချိန်သည် လက်တွေ့ တုံ့ပြန်ရမည့် အချိန် ဖြစ်ပါသည်” ဟု ၎င်းက နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်း ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးချိန် ဖေဖော်ဝါရီ ၁ ရက်မှ မတ်၂၈ ရက်အထိ စစ်ကောင်စီ လက်နက်ကိုင်တပ် များ၏ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် မြန်မာနိုင်ငံသား ၄၅၉ ဦး သေဆုံးသွားခဲ့ပြီ ဖြစ်ပြီး လူပေါင်း၂၅၅၉ ဦး ဖမ်းဆီး ခံထားရကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းများအရ သိရသည်။

You may also like these stories:

မဏိပူရ်ပြည်နယ်ဘက်သို့ ခိုလှုံသူ မြန်မာများ ပြန်မောင်းထုတ်ခံရ

စစ်ကောင်စီ၏ ရန်သူစာရင်းဝင်လည်း သတင်းမီဒီယာက သမိုင်းကို မှတ်တမ်းတင်ဆဲ

ဖမ်းထားသူများ ပြန်လွှတ်ရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ပြင်းထန်စွာ သတိပေး

Your Thoughts …
Tags: CRPHEUစစ်တပ်နှင့် ရဲအကြမ်းဖက် ပစ်သတ်အမေရိကန်သမ္မတ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
31.5k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

သရေစည်သူဘွဲ့ ရ စစ်ခေါင်းဆောင် လူယုံ ဒုဗိုလ်ချုပ်ကြီးညိုစော

သရေစည်သူဘွဲ့ ရ စစ်ခေါင်းဆောင် လူယုံ ဒုဗိုလ်ချုပ်ကြီးညိုစော

by ဧရာဝတီ
5 January 2024
14.5k

ဒုဗိုလ်ချုပ်ကြီးညိုစောကို စစ်ကောင်စီဥက္ကဌ၏အကြံပေးနှင့် ဘတ်ဂျက်ကော်မတီဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီး နောက်ပိုင်း ရရှိလာသည့် လုပ်ပိုင်ခွင့်အာဏာများကို ကြည့်၍ တိုင်းပြည်၏စီးပွားရေးတခုလုံးအား ၎င်းက စီမံခန့်ခွဲတော့မည်ဟု ကုန်သည်ကြီးအချို့က ခန့်မှန်းတွက်ချက်ပြောဆိုကြသည်

အကျပ်အတည်းများကြားက ဗလောင်းဗလဲ စစ်ကောင်စီ

အကျပ်အတည်းများကြားက ဗလောင်းဗလဲ စစ်ကောင်စီ

by ဝေမင်းထွန်း
26 August 2023
11.2k

မြန်မာစစ်တပ်တွင် မူမရှိချေ။ ၎င်းတို့တွင် အကျိုးစီးပွားသာရှိကြ၏။ ၎င်းတို့ အာဏာခိုင်မြဲရေးကိုသာ ရှေးရှုကြ၏။

မြဝတီနှင့် ကရင်စစ်မျက်နှာ အလှည့်အပြောင်း

မြဝတီနှင့် ကရင်စစ်မျက်နှာ အလှည့်အပြောင်း

by အေးချမ်းဆု
11 April 2024
11.2k

ကရင်စစ်မျက်နှာရှိ ဖာပွန်၊ မြဝတီ စစ်နယ်နှစ်ခုအနက် တခုကိုသာ ထိုးစစ်ဝင်နိုင်သည်။

စစ်အာဏာသိမ်း ၃ နှစ်ပြည့် NUG သို့ အိတ်ဖွင့်ပေးစာ

စစ်အာဏာသိမ်း ၃ နှစ်ပြည့် NUG သို့ အိတ်ဖွင့်ပေးစာ

by ဉာဏ်လင်း
27 January 2024
10.9k

တော်လှန်ရေးတရပ်သည် စစ်ရေးချည်းသက်သက်ဖြင့် အလုပ်မဖြစ်နိုင်ပေ။ စစ်ရေးနှင့် နိုင်ငံရေး “မျှခြေ” ရှိရန် လိုအပ်ပါသည်။

NUG ကိုယ်တွင်းက နတ်ဆိုး

NUG ကိုယ်တွင်းက နတ်ဆိုး

by David Scott Mathieson
7 March 2024
5.8k

NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန (MOHAI) ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနမှတဆင့် လွန်စွာ စိုးရိမ်စရာကောင်းသည့် ကြေညာချက်တစောင်ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

Next Post
ဖေဖေါ်ဝါရီ ၂၈ရက်က မန္တလေးမြို့တွင် စစ်တပ်နှင့် ရဲ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် မဒေစီ၏ ရုပ်အလောင်း / ဧရာဝတီ

စစ်သားနှင့်ရဲ ပစ်သတ်မှု သေဆုံးသူ ၄၅၀ ကျော်ရှိပြီ

ကြယ်တပွင့် ကြွေသွားတာပေါ့ကွာ … ဒါပေမယ့် ငါတို့ ကြယ်တွေထပ်ကြွေဖို့ဝန်မလေးတော့ဘူး (ရုပ်/သံ)

ကြယ်တပွင့် ကြွေသွားတာပေါ့ကွာ ... ဒါပေမယ့် ငါတို့ ကြယ်တွေထပ်ကြွေဖို့ဝန်မလေးတော့ဘူး (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate