သတင်း

မြန်မာလူထုကို ထိရောက်စွာကာကွယ်ရန် တောင်ကိုရီးယား အဖွဲ့အစည်းများ တောင်းဆို

Want create site? Find Free WordPress Themes and plugins.

ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနေသည့် မြန်မာပြည်သူများအား အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက် ပစ်ခတ်နေမှု အပေါ် နိုင်ငံတကာ အနေဖြင့် ထိုင်ကြည့်မနေတော့ဘဲ ထိရောက်စွာ ကာကွယ်ပေးရန် တောင်ကိုရီးယား နိုင်ငံရေးပါတီများ နှင့် အရပ်ဖက်အဖွဲ့အစည်းပေါင်း ၃၀၀ ကျော်က ယနေ့ ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုလိုက်သည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအား တောင်းဆိုနေကြသည့် ပြည်သူ့အသံအား လက်နက်အားကိုး ဖိနှိပ်သည့် အာဏာသိမ်း စစ်အုပ်စု၏ လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း၊ မြန်မာပြည်သူလူထု၏ ကြီးမြတ်သော အရေးတော်ပုံ အဆုံး ထိတိုင် အတူရပ်တည်မည်ဖြစ်ပြီး တရားမျှတသော တော်လှန်ရေးသည် မုချအောင်မြင်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ရှက်ရကောင်းမှန်း မသိသော အာဏာသိမ်း စစ်အုပ်စုသည် ပြည်သူလူထုအား ‘ဆန္ဒပြပွဲသွားလျှင် ခေါင်း (နောက်စေ့) နှင့် နောက်ကျော၌ သေနတ်ပစ်ခံရနိုင်သည်’ ဟု နိုင်ငံပိုင်ရုပ်သံမှတဆင့် ခြိမ်းခြောက်နေသလို ‘မိဘများ မိမိတို့ကလေးတွေ ကို ကောင်းကောင်း ဆုံးမထားကြ’ ဟု သတိပေးထားခြင်း စသည့် ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် တောင်းဆိုနေ သည့် မြန်မာ ပြည်သူလူထုအပေါ် သတ်ဖြတ် ခြိမ်းခြောက်မှုများအား ပေါ်တင် လုပ်ဆောင်နေကြသည်ဟုလည်း ၎င်းတို့က ပြောဆိုထားသည်။

ထို့ပြင် ရက်စက်ကြမ်းကြုတ်သော မြန်မာ အာဏာသိမ်း စစ်အုပ်စုသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်နေမှုအား ရပ်တန့် ပါ ဟူ၍လည်း တောင်းဆိုထားသည်။

အာဏာသိမ်း စစ်ကောင်စီသည် မတ် ၂၇ ရက်နေ့က ကျရောက်သည့် တော်လှန်ရေးနေ့ (တပ်မတော်နေ့) တနေ့တည်း၌ နိုင်ငံတဝှမ်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူများကို အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ရာ ကလေးငယ်များ အပါအဝင် ပြည်သူ ၁၀၀ နီးပါး သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများ အရ သိရသည်။

စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ်လ ၂၈ ရက်နေ့အထိ အာဏာသိမ်း စစ်ကောင်စီ၏ လက်နက် ကိုင်အဖွဲ့များ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၄၅၉ ဦး သေဆုံးခဲ့ရပြီ ဖြစ်သည်။

You may also like these stories:

စစ်သားနှင့်ရဲ ပစ်သတ်မှု သေဆုံးသူ ၄၅၀ ကျော်ရှိပြီ

ဆန္ဒပြသူတွေကို စစ်တပ်နှင့်ရဲ သတ်ဖြတ်မှု အမေရိကန်သမ္မတနှင့် EU တို့ ပြစ်တင် ရှုတ်ချ

မဏိပူရ်ပြည်နယ်ဘက်သို့ ခိုလှုံသူ မြန်မာများ ပြန်မောင်းထုတ်ခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading