စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံဘက်မှ ခိုလှုံလာသူများအား မကူညီရန် မတ်လ ၂၆ ရက် ညွှန်ကြားချက်အား ပြန် လည် ရုတ်သိမ်းကြောင်း အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်အစိုးရက ယမန့်နေ့ မတ်လ ၂၉ ရက်နေ့တွင် ထပ်မံ ကြေညာ လိုက်သည်။
ပြီးခဲ့သည့် ရက်ပိုင်းက မြန်မာနိုင်ငံ တမူးမြို့နယ်ဘက်မှ နယ်စပ်ဖြတ်ကျော်ကာ ခိုလှုံလာသူများအား မိုးရေးမြို့နယ်ရဲ တပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်မှ အရာရှိတချို့က မြန်မာနိုင်ငံဘက်သို့ ပြန်မောင်းထုတ်သည့် ဖြစ်ရပ်အား သတင်းများ တွင် ဖော်ပြကြပြီးနောက် ယခုကဲ့သို့ ညွှန်ကြားချက်အား ပြန်လည် ရုတ်သိမ်းခဲ့ခြင်း ဖြစ်သည်။
မဏိပူရ်ပြည်နယ် အစိုးရသည် မတ်လ၂၆ ရက်က မြန်မာဘက်မှ ဝင်ရောက်လာသူများအား အစားအစာနှင့် နေရာထိုင် ခင်းအတွက် စခန်းများ မဖွင့်သင့်ကြောင်း၊ ဝင်ရောက်လာသူများအား ယဉ်ကျေးစွာ ငြင်းပယ်သင့်ကြောင်းနှင့် ပြင်းထန် သည့် ထိခိုက် ဒဏ်ရာရသူများကိုသာ လူသားချင်းစာနာမှုအရ ဆေးဝါးကုသမှုပေးနိုင်ကြောင်း ညွှန်ကြားထားခြင်းဖြစ် သည်။
မတ်လ၂၆ ရက်က ညွှန်ကြားချက်နှင့် ပတ်သက်ပြီး“ထိုစာပါ အကြောင်းအရာများကို နားလည်မှု လွဲမှားပြီး အမျိုးမျိုး ဖွင့်ဆိုနေကြပုံရသည်။ ပြည်နယ်အစိုးရသည် မြန်မာနိုင်ငံသားများကို အင်ဖာသို့ ခေါ်သွားခြင်း၊ ဆေးကုပေးခြင်း အပါ အဝင် လူသားချင်းစာနာမှု ကိစ္စများ၊ အခြားကိစ္စများကို ဆောင်ရွက်ခဲ့သည်”ဟု မဏိပူရ်ပြည်နယ်အစိုးရ၏ ယမန့်နေ့က ကြေညာချက်တွင် ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်သည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး ချင်းပြည်နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ် လျက် ရှိသည်။
ယခုကဲ့သို့ စစ်အာဏာသိမ်းမှုအောက်မှ ထွက်ပြေး ခိုလှုံလာသူများအား မဏိပူရ်ပြည်နယ်ဘက်က ပြန်လည် မောင်း ထုတ်မှုများ ရှိခဲ့သော်လည်း ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည် နယ်ဘက်တွင်မူ ရဲဝန်ထမ်းများ၊ CDM လှုပ်ရှားသူများနှင့် ပြည်သူများ ရာနှင့်ချီကာ ခိုလှုံလာမှုအား ထောက်ပံ့ကာကွယ် ပေးထား ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ၂၁ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Zoramthanga အနေဖြင့် CRPH က ခန့်အပ် သည့် ခေတ္တ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့သလို အသက်အန္တရာယ် စိုးရမ်ရ သည့်အတွက် ထွက်ပြေး ခိုလှုံလာကြသူများအား အိန္ဒိယအစိုးရအနေနဲ့လည်း ကူညီထောက်ပံ့ပေးဖို့ တိုက်တွန်း ပြောကြားထားသည်။
You may also like these stories:
မြန်မာလူထုကို ထိရောက်စွာကာကွယ်ရန် တောင်ကိုရီးယား အဖွဲ့အစည်းများ တောင်းဆို
ဆန္ဒပြသူတွေကို စစ်တပ်နှင့်ရဲ သတ်ဖြတ်မှု အမေရိကန်သမ္မတနှင့် EU တို့ ပြစ်တင် ရှုတ်ချ
မဏိပူရ်ပြည်နယ်ဘက်သို့ ခိုလှုံသူ မြန်မာများ ပြန်မောင်းထုတ်ခံရ