• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖားကန့် တိုက်ပွဲကြောင့် ဒေသခံ ၂၀၀ ကျော် ထွက်ပြေးနေရ

by ဧရာဝတီ
30 March 2021
in သတင်း
A A
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ / ဧရာဝတီ

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ / ဧရာဝတီ

53.1k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဒွမ်ဘန်ကျေးရွာနှင့် ခွမ်စိုင်ယန် ကျေးရွာကြားတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် စစ်တပ်ကြား တိုက်ပွဲဖြစ်ပွားသဖြင့် ဒေသခံ၂၀၀ ခန့် ထွက်ပြေး တိမ်းရှောင်နေရသည် ဟု သတင်းရရှိသည်။

ထွက်ပြေး တိမ်းရှောင်ကြသူများမှာ ခွမ်စိုင်ယန်ကျေးရွာမှ ဒေသခံများ ဖြစ်ပြီး ၎င်းတို့သည် လဝါးကျေးရွာအတွင်းသို့ လာ ရောက် တိမ်းရှောင်နေကြခြင်း ဖြစ်သည်။

ထွက်ပြေးလာသည့် အိမ်ခြေ ၁၂၀ ရှိပြီး လူဦးရေ ၂၀၀ ခန့်ရှိသည်ဟု ဒေသခံရပ်မိရပ်ဖများထံက သိရသည်။

လက်ရှိတွင် ၎င်းတို့သည် လဝါးကျေးရွာအတွင်းရှိ ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း၊ ကတ်သလစ်အသင်းတော်၏ ဘုရား ကျောင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး တို့တွင် ခေတ္တ ခိုလှုံလျက် ရှိသည်။

ဒေသခံ တဦးက “ဒီမနက် ခွမ်စိုင်ယန်က အကုန် ပြေးတယ်။ ဟိုးနှစ်က တိုက်ပွဲဖြစ်တုန်းက အိမ်တအိမ်မှာ ဗုံးကျဖူးလို့ ဒီတခေါက် အကုန်ထွက်ပြေးတာ။ ရွာထဲမှာ ဒီနေ့တော့ သေနတ် ပစ်ထည့်တာ မရှိသေးဘူး။ ရွာက အုပ်ချုပ်ရေးမှူးနဲ့ ဘုရားကျောင်းကလည်း ကားနဲ့ သွားကြိုလာပေးကြတယ်”ဟု ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.8k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

လဝါးကျေးရွာ၊ ခွမ်စိုင်ယန်ကျေးရွာနှင့် ဒွမ်ဘန်ကျေးရွာ တို့သည် ဖားကန့်မြို့နယ်မှ တနိုင်းမြို့နယ်သို့ သွားသည့် လီဒိုလမ်း မကြီး တလျှောက်တွင် တည်ရှိသည်။

ဒွမ်ဘန်ကျေးရွာတွင် စစ်တပ်၏ အမှတ်၂၉၈ ခြေလျင်တပ်ရင်း ဌာနချုပ် အခြေစိုက်သည်။

လီဒိုလမ်းမတလျှောက် ဖားကန့်မြို့နယ်သည် KIA ၏ တပ်ရင်း (၂) လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားသည့် နယ်မြေ ဖြစ်သည်။

ယနေ့ မနက် ၁၀ နာရီဝန်းကျင်မှ စ၍ ပစ်ခတ်သံများ ကြားနေရပြီး နေ့လည် ၃ နာရီဝန်းကျင်တွင်လည်း ပေါက်ကွဲသံများ ကြားနေရသည်ဟု ဒေသခံများထံမှ သိရသည်။

နေ့လယ် ၃ နာရီခွဲခန့်တွင်လည်း စစ်တပ်၏ တိုက်လေယာဉ်တစီးက လဝါးကျေးရွာနှင့် ခွမ်စိုင်ယန်ကျေးရွာတဝိုက်တွင် ပျံဝဲ နေသဖြင့် ဒေသခံများမှာ ဗုံးကျဲတိုက်ခိုက်ခြင်း ပြုလုပ်မည်ကို စိုးရိမ်နေကြကြောင်း ပြောသည်။

လဝါးကျေးရွာမှ ဒေသခံတဦးက “လေယာဉ် ပျံနေတယ်။ အခုပဲ လေယာဉ်တွေ လာပျံဝဲနေတာ ကျမတို့ရွာ အပေါ်မှာ။ ကျမ တို့က အဲဒီ လေယာဉ်ကိုပဲ ပိုကြောက်တာ” ဟု ပြောသည်။

KIA နှင့် စစ်တပ်သည် မတ် ၁၁ ရက်မှစ၍ ကချင်ပြည်နယ်တွင်းရှိ ဖားကန့်၊ တနိုင်း၊ နမ္မတီး၊ ဗန်းမော်၊ အင်ဂျန်းယန်နှင့် ဝိုင်းမော် မြို့နယ်တို့တွင် စစ်ရေးတင်းမာလျက်ရှိသည်။

ယနေ့ စစ်ရေး အခြေအနေနှင့် ပတ်သက်၍ KIA ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “အခုက သိပ် ပြီး ပြင်းပြင်းထန်ထန် တိုက်ပွဲတွေတော့ မဟုတ်ဘူး။ ပြောက်ကျားတိုက်တာတို့ ထိတွေ့ရင်ဆိုင် တိုက်ပွဲ တိုက်တာတို့ ရှိပါ တယ်။ သိပ်ပြီး ပြင်းထန်တဲ့ တိုက်ပွဲတွေတော့ မရှိဘူး။ နောက်တခုက အာဏာသိမ်းစစ် ကောင်စီတပ်မတော်ဘက်က သူတို့ ပတ်ဝန်းကျင်မှာ လက်နက်ကြီးတွေ ရမ်းပစ်တာကြောင့် နေ့တိုင်း ရှိနေပါတယ်။ ဒါကြောင့် လက်နက်ကြီးသံတွေ သေနတ်သံတွေ အမြဲတမ်း ရှိနေတာပါ” ဟု ပြောသည်။

မတ်၂၉ ရက်ကလည်း တနိုင်းမြို့နယ်ရှိ KIA တပ်ရင်း (၁၄) ၊ နမ္မတီးမြို့နယ်ရှိ KIA တပ်ရင်း ၁၁ တို့ကို စစ်တပ်က တိုက် လေယာဉ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ထားသည်။

ထို့ပြင် စစ်ရေး တင်းမာနေသည့် မြို့နယ်များရှိ KIA တပ်စခန်းများရှိရာ တဝိုက်ကိုလည်း စစ်တပ်ဘက်မှ လက်နက်ကြီး များဖြင့် ပစ်ခတ်မှုများ ရှိနေသည်ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ဒေသခံများအနေဖြင့် တောတွင်း ဟင်းစားရှာခြင်း၊ ငါးရှာခြင်းများ မပြုလုပ်ကြရန်လည်း လူထုကို KIA က သတိပေးလို သည်ဟု ဆိုသည်။

ဆက်လက်ပြီး ၎င်းက “အခုချိန်မှာ သတိထားပြီးနေတာ အကောင်းဆုံးပါ။ အချိန်မရွေး နေရာမရွေး တိုက်ပွဲတွေက ဖြစ်လာ နိုင်တဲ့ အနေအထားပါ။ တပ်မတော်ဘက်က KIA တွေ မြို့ပေါ်မှာ တိုက်ပွဲဖြစ်မယ်၊ အကြမ်းဖက်မယ် လုပ်မယ်ဆိုပြီး စာ တွေ ကပ်ထားတယ်။ ဒါက သူတို့ဘာသာ လုပ်ဖို့ ကြိုတင်ရည်ရွယ်ပြီး ကပ်တဲ့ စာတွေပါ။ သူတို့ဘက်က အချိန်မရွေး စစ်ဆင်ရေး လုပ်နိုင်တယ်။ နောက် ကျနော်တို့ တပ်စခန်းဘက်တွေမှာ ရမ်းပစ်နေတာ ရှိတယ်။ ဒါကြောင့် ပြည်သူ လူထုက သတိထားဖို့ လိုပါတယ်” ဟု ပြောသည်။

KIA သည် ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းဆွေးနွေးနေသဖြင့် ၂၀၁၈ ခုနှစ်မှ စ၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီအထိ စစ်တပ်နှင့် တိုက်ခိုက်မှုများ မဖြစ်စေရန် ညှိနှိုင်းကာ ရှေ့တန်းတပ်စခန်းများကိုလည်း တိုက် ခိုက်ခြင်း မလုပ်ရန် ညွှန်ကြားထားခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပြုလုပ်နေသည့် လူထုကို သွေး ထွက်သံယိုဖြစ်အောင် မလုပ်ရန် KIA က စစ်တပ်ကို စကားပါးရာ ပြေလည်ခဲ့ခြင်း မရှိပါ။

မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းမှ အရပ်သား ၂ဦး ပစ်ခတ်သတ်ဖြတ်ခံရပြီးနောက် ၃ ရက် အကြာ၊ မတ် ၁၁ ရက်မှစ၍ KIA က စစ်တပ်၏ တပ်စခန်းများကို စတင်ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ထား သည်။

ဖားကန့်မြို့နယ်တွင်းမှ စစ်တပ်၏ တပ်စခန်း တခုကို စီးနင်းတိုက်ခိုက်သည့် အပြင် ဖားကန့်ရှိ ရဲတပ်ရင်းနှင့် ပြည်သူ့ စစ် စခန်းများကိုလည်း တိုက်ခိုက်မှုများ ပြုလုပ်ထားသည်။

ဗန်းမော်ခရိုင် ဒေ့ါဖုန်းယန်မြို့နယ်ခွဲ အတွင်းမှ စစ်တပ်၏ ဗျူဟာကုန်းတခုကိုလည်း KIA က သိမ်းပိုက်ကာ နေရာယူထား သည်။

စစ်တပ်ကလည်း KIA ၏ လိုင်ဇာမြို့ တည်ရှိရာနေရာနှင့် KIA တပ်စခန်းများ တည်ရှိရာကို ပြန်လည် တိုက်ခိုက်ခြင်းများ ပြု လုပ်လျက် ရှိသည်။

You may also like these stories:

ထိုင်းက လက်မခံ၍ ကရင် စစ်ရှောင်ဒုက္ခသည်များ နေရပ် ပြန်နေထိုင်ရ

မြန်မာတချို့မောင်းထုတ်ခံရပြီးနောက် မကူညီဖို့ ညွှန်ကြားချက် မဏိပူရ်အစိုးရ ပြန်ရုတ်သိမ်း

ဆက်လက် အကြမ်းဖက်သတ်ဖြတ်နေပါက လူထုနှင့် ပူးပေါင်းမည်ဟု မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်

Your Thoughts …
Tags: KIAစစ်တပ်စစ်ရှောင်တိုက်ပွဲဖားကန့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.3k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

by ဧရာဝတီ
17 November 2023
23.8k

စစ်ဘက်မှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ် တာဝန်ပေးခံရသည့် ဆရာဝန်များမှာ လက်ရှိ စစ်ခေါင်းဆောင် အသိုင်းအဝိုင်းနှင့် ပတ်သက် ဆက်နွှယ်သူများ ဖြစ်သည်

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

by စိုင်းခမ်းယွမ်း
26 May 2025
22k

အခု လက်ရှိ လက်နက်ကိုင် စစ်ကောင်စီ တပ်နဲ့ သေအတူ ရှင်မကွဲ ဆက်ပြီး ပေါင်းနေတဲ့ ခရိုနီ ကြီးငယ်လတ်တွေ ထဲမှာတော့ ခရိုနီ ဂိုဏ်းချုပ်ကြီးလို့ အခေါ်ခံရတဲ့ ဦးအောင်ကိုဝင်းပဲ ဖြစ်ပါတယ်။

Next Post
ဗုံးကျဲခံခဲ့ရသည့် နေရာအနီးက ရွှေလုပ်ကွက်များ / Google Earth

KNU ရွှေတူးဖော်ရေးလုပ်ကွက်ကို စစ်တပ်ဗုံးကျဲ၊ အရပ်သား ၇ ဦး သေဆုံး

စစ်မြေပြင်လို တိုက်ခိုက်ခံခဲ့ရတဲ့ တောင်ဒဂုံ (ရုပ်/သံ)

စစ်မြေပြင်လို တိုက်ခိုက်ခံခဲ့ရတဲ့ တောင်ဒဂုံ (ရုပ်/သံ)

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved