သတင်း

ပုသိမ်တွင် ၁၅ နှစ်အရွယ် ကလေးကို စစ်တပ်က အလောင်းသာ ပြန်ပေး

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ၊ ရာမည ရပ်ကွက်အတွင်းသို့ စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင် ဝင်ရောက်ပစ်ခတ်ပြီးနောက် သေနတ်ထိမှန်ခဲ့သည့် ၁၅ နှစ်အရွယ် ကလေးကို ကားပေါ်သို့ တင်ခေါ်သွားခဲ့ပြီး နောက် အလောင်းသာ ပြန်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ရင်ဘတ်သို့ သေနတ်ကျည်ထိမှန်ခဲ့သည့် ပုသိမ်မြို့၊ ရာမည ရပ်ကွက်တွင် နေထိုင်သူ အသက် ၁၅ နှစ်သာ ရှိသေးသည့် မောင်ရာဇာထွေး(ခ)ဖိုးချီကို စစ်ကောင်စီ တပ်များက ခေါ်ဆောင်သွားပြီးနောက် မတ်လ ၃၀ ရက်နေ့တွင် မိသားစုကို အလောင်းသာ ပြန်ပေးခဲ့ကြောင်း သိရသည်။

“မတ်လ ၂၉ ရက်နေ့က မြို့ထဲက အတားအဆီးတွေကို ဖယ်ပြီး ရပ်ကွက်တွေထဲအထိ ကျည်အစစ်နဲ့ ဝင်ပစ်တယ်။ ပစ်ရင်းနဲ့ ဖိုးချီကို သေနတ်မှန်သွားတော့ ကားပေါ်တင်ခေါ်သွားတယ်။ နောက်နေ့ကျတော့ တောင်ပေါ် စစ်ဆေးရုံမှာ အလောင်းလာ
ယူပါဆိုလို့ မိသားစုက သွားထုတ်ရတယ်”ဟု ပုသိမ်ဒေသခံတဦးက ပြောပြသည်။

စစ်ကောင်စီ တပ်များ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ မောင်ရာဇာထွေး(ခ)ဖိုးချီ၏ ရုပ်အလောင်းကို မိသားစု က ယနေ့ နေ့လယ်ပိုင်းတွင် သရောင်းချောင်း သုဿန်တွင် မီးသဂြိုလ်ခဲ့ကြောင်း သိရသည်။

ယခုလို စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူ မောင်ရာဇာထွေးမှာ မိခင် မုဆိုးမကြီးနှင့်အတူ အ ခြား ညီအစ်ကို ၂ ဦးနှင့် တံငှာသည် အလုပ်လုပ် လုပ်ကာ မိဘကို ရှာဖွေကျွေးမွေးနေသူတဦး ဖြစ်ကြောင်း သိရသည်။

ပုသိမ်မြို့ တွင် မတ်လ ၂၈ ရက်နေ့ ညပိုင်းကလည်း လူနေရပ်ကွက်များထဲသို့ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များ ဝင်ရောက် ပစ်ခတ်သဖြင့် ဧရာဝတီတိုင်း လွှတ်တော်ရုံးမှ CDM ဝန်ထမ်း ကိုဇင်လင်းအောင်ဆိုသူ ကျည်ထိမှန် သေဆုံးခဲ့ရသည်။

မတ်လ ၃၀ ရက်နေ့ကလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဗီနိုင်းပိုစတာများ ရိုက်နှိပ်သည်ဟုဆိုကာ မြို့လယ်ရှိ ငွေထီး ကွန်ပြူတာ ဗီနိုင်ဆိုင် ပိုင်ရှင်နှင့် အလုပ်သမား ၃ ဦးအား စစ်ကောင်စီ တပ်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သေးသည်။
ထို့ပြင် မတ်လ ၂၉ ရက်နေ့က ပုသိမ်မြို့ခံ ကဗျာဆရာ လူဖန်ခါးဆိုသူလည်း အဖမ်းခံခဲ့ရသည်။

အနောက်တောင်တိုင်း စစ်ဌာနချုပ် တည်ရှိရာ ပုသိမ်မြို့တွင် စစ်ကောင်စီက တာဝန်ပေးထားသည့် စစ်တပ်နှင့် ရဲတို့၏ ပစ်ခတ်မှုကြောင့် မတ်လ ၃၀ ရက်နေ့အထိ လူ ၈ ဦး သေဆုံးခဲ့ရပြီး တနိုင်ငံလုံးတွင် လူ ၅၀၀ ကျော် သေဆုံးခဲ့ရပြီ ဖြစ်သည်။

You may also like these stories:

ကယားမှ မဲလက်မှတ်ထုပ်များ စစ်တပ်က လာရောက်ယူဆောင်သွား

ဆရာဝန်တွေကို ပစ်သတ်လိုက်မယ်ဆိုတဲ့ ပုံစံနဲ့ ပြောနေတယ်

ဆေးရုံများကို စစ်ကောင်စီတပ်များက စီးနင်းပစ်ခတ်မှုများ ပြုလုပ်

Did you find apk for android? You can find new Free Android Games and apps.
Loading