သတင်း

တမူးမြို့တွင် စစ်ကောင်စီတပ် ပစ်ခတ်မှု ပြည်သူဘက်က CDM ရဲ တဦး သေဆုံး

Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နန့်ဖာလုံရပ်ကွက် မီးသတ်ရုံးအနီး ယနေ့မနက် ၂ နာရီခွဲခန့်က အာဏာသိမ်း စစ်ကောင်စီ တပ်ဘက်က စတင်ပစ်ခတ်မှုကြောင့် ပြည်သူဘက်က ခုခံကာကွယ်ခဲ့သည့် CDM ရဲတဦး သေနတ်ထိမှန် သေဆုံးကြောင်း ဒေသခံ တဦးက ပြောသည်။

ကျဆုံးခဲ့သည့် CDM ရဲတပ်သားမှာ ချင်းလူမျိုး ကိုကင်းကင်း ဆိုသူဖြစ်ကြောင်းလည်း သိရသည်။

ဒေသခံတဦးက “ကျဆုံးသူရဲ့ အလောင်းကို ပြန်မရသေးဘူး၊ စစ်တပ်က သူတို့ နေရာယူထားတဲ့ မီးသတ်ရုံး အရှေ့မှာ ချထားပြီး လာကောက်တဲ့သူတွေကို ပစ်မယ့် ပုံစံ လုပ်ထားတယ်။ ဒီဖြစ်စဉ်မှာ စစ်တပ်ဘက်ကလည်း ထိခိုက်တာတွေရှိ တယ်လို့ ကြားပေမယ့် အတည်မပြုနိုင်သေးဘူး” ဟု ပြောသည်။

ဖြစ်စဉ်အတွင်း ပြည်သူ၂ ဦးလည်း အဆက်အသွယ် မရသေးဘဲ ပျောက်ဆုံးနေသော်လည်း အခြေအနေအား အတိအကျ မပြောနိုင်သေးကြောင်းလည်း ဒေသခံများက ပြောသည်။

တမူးမြို့တွင် ပြီးခဲ့သည့် မတ်လ၂၅ ရက်ကလည်း စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် ကိုဖိုးကုလားဆိုသူ သေနတ် ထိမှန်ခဲ့ပြီး မတ်လ၂၆ ရက် မနက်ပိုင်းတွင် သေဆုံးခဲ့ရသည်။ ယင်းအတွက် တမူးမြို့တွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ၂ ဦး ရှိလာပြီ ဖြစ်သည်။

အဆိုပါ မတ် ၂၅ ရက် ပစ်ခတ်မှုဖြစ်စဉ်အတွင်း ဆီးခုံ၊ နံရိုး၊ ပေါင်နှစ်ဖက်နှင့် ဦးခေါင်းတို့တွင် သေနတ်ဒဏ်ရာရရှိခဲ့ကြသူ ၃ ဦးမှာလည်း အိန္ဒိယနိုင်ငံ၊ အင်ဖာမြို့ဆေးရုံးတွင် လတ်တလော ဆေးကုသမှုခံယူနေပြီး အန္တရာယ်စိုးရိမ်ရသည့် အခြေအနေ မရှိတော့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် မတ်လ၂၉ ရက် ညနေ ၅ နာရီခန့်ကလည်း တမူးမြို့ရှိ အန္ဒိယ-မြန်မာချစ်ကြည်ရေး ဆောက်လုပ်ရေးလုပ် ငန်းခွင်တခုမှ လုံခြုံရေးဖြစ်သည့် ဂေါ်ရခါးလူမျိုးတဦးအား စစ်တပ်နှင့်ရဲက အင်းအားအများအပြားဖြင့် လာရောက် ရိုက်နှက် ဖမ်းဆီးသွားခဲ့ပြီး အဆက်အသွယ် ပြတ်တောက်နေကြောင်းလည်း ဒေသခံများက ပြောသည်။

ယခုကဲ့သို့ အာဏာသိမ်းစစ်ကောင်စီဘက်က အကြမ်းဖက်ပစ်ခတ်မှုများ ရှိနေသော်လည်း ယနေ့မနက်ပိုင်းတွင် တမူးမြို့ ရပ်ကွက်များအတွင်း အာဏာသိမ်း စစ်ကောင်စီဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ၄ ခုဖြင့် လှည့်လည် ဆန္ဒဖော်ထုတ် လျက်ရှိကြောင်း သိရသည်။

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည်၏ အမှုများကို ရှေ့နေ ၈ ဦးဖြင့် ဆောင်ရွက်မည်

CNN သတင်းထောက် ရောက်နေချိန် စစ်တပ်ပိုင်ကုန်တိုက်များ မီးလောင်မှုဖြစ်ပွား

တောင်ဒဂုံတွင် သေဆုံးသူ၂၀ ခန့်ရှိကာ ဒဏ်ရာရသူ ၅၀ ကျော်ရှိနေ

Did you find apk for android? You can find new Free Android Games and apps.
Loading