သတင်း

တိုက်ပွဲဖြစ်မည်ကို စိုးရိမ်၍ ရှမ်းဒုက္ခသည်များ ဗုံးခိုကျင်း ပြင်ဆင်နေ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်တောင်ပိုင်း၊ မြန်မာ-ထိုင်းနယ်စပ်တွင် ရှိသည့် ရှမ်းစစ်ဘေးရှောင် ဒုက္ခသည် ၆၀၀၀ ကျော်သည် စစ်တပ်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး တပ်မတော် (RCSS/SSA) ကြား တိုက်ပွဲဖြစ်မည်ကို စိုးရိမ်သဖြင့် ဗုံးခိုကျင်းများ တူးကာ ခိုလှုံရန် ပြင်ဆင်နေကြပြီဟု သတင်းရရှိသည်။

နယ်စပ်တွင်ရှိသည့် ရှမ်းစစ်ဘေးရှောင် ဒုက္ခသည် ၆၀၀၀ ကျော်အနေဖြင့် စိုးရိမ်ထိတ်လန့်မှု ရှိနေကြောင်းကို သျှမ်းပြည် စစ် ဘေးရှောင် ကော်မတီက ယနေ့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

မတ် ၃၀ ရက်က တာချီလိတ်မြို့တွင် အခြေစိုက်သည့် မြန်မာ-ထိုင်းနယ်ခြားကော်မတီရုံးမှ ထိုင်းနိုင်ငံ၊ မယ်ဆိုင် အခြေ စိုက်ရုံးသို့ စာပေးပို့ရာတွင် စစ်တပ်က RCSS ကို တိုက်ခိုက်တော့မည် ဟူသည့် အကြောင်းပါ ထည့်သွင်း ရေးသားထား သဖြင့် ရှမ်းဒုက္ခသည်များက စိုးရိမ်နေကြခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ကရင်ပြည်နယ်တွင်လည်း ကရင်အမျိုးသား အစည်းအရုံး(KNU) နှင့် စစ်တပ်ကြား ပဋိပက္ခဖြစ်ပြီး စစ်တပ်ကလေကြောင်း မှ ဗုံးကြဲတိုက်ခိုက်မှုရှိခြင်း၊ RCSS သည်လည်း စစ်တပ်၏အာဏာသိမ်းမှုကို လက်မခံကြောင်း ပြောဆိုထားသဖြင့် တိုက် ခိုက်မှုများ ပြုလုပ်လာမည်ကို စိုးရိမ်နေပါသည်ဟုလည်း စစ်ဘေးရှောင် ကော်မတီ၏ စာထဲတွင် ရေးသားထားသည်။

မြန်မာ-ထိုင်းနယ်စပ်တွင် လွိုင်ကော်ဝမ်း၊ လွိုင်ဆမ်ဆိပ်၊ လွိုင်လမ်၊ လွိုင်တိုင်းလျန်း၊ ကုန်းကျော်၊ ကောင်းမုံမိုင်း ဟူသည့် စစ်ဘေးရှောင်စခန်း ၆ ခု တည်ရှိပြီး ရှမ်းစစ်ဘေးရှောင် ဒုက္ခသည် ဦးရေ ၆၀၀၀ ကျော် နေထိုင်သည်။

ထိုဒုက္ခသည်စခန်းများ တည်ရှိရာ နေရာသည် RCSS ၏ ဌာနချုပ် လွိုင်တိုင်းလျန်း နယ်မြေ၏ အနီးဝန်းကျင်နှင့် RCSS ၏ ရှေ့တန်း တပ်စခန်းများနှင့် နီးကပ်သည့် နေရာများတွင် ရှိသည်။

ထို့ပြင် ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ တောင်ပိုင်းတပ်များ၏ နယ်မြေနှင့်လည်း ထိစပ်လျက် ရှိ သည်။

ရှမ်း စစ်ဘေးဒုက္ခသည် စခန်းများ

အဆိုပါ ရှမ်းဒုက္ခသည်များသည် ၁၉၉၉ ခုနှစ်မှ၂၀၀၇ ခုနှစ်ကြားတွင် လက်နက်ကိုင် ပဋိပက္ခအခြေအနေ အမျိုးမျိုးကြောင့် နေရပ်မှ စွန့်ခွာထွက်ပြေးလာပြီး ဒုက္ခသည် စခန်းများတွင် ခိုလှုံနေကြသူများ ဖြစ်သည်။

၎င်းတို့သည် နယ်စပ်ဒေသ ကူညီပေးရေး ညွှန့်ပေါင်းအဖွဲ့ (TBC) ထံမှ ရိက္ခာနှင့် ဆေးဝါးအကူအညီများ ရရှိသော် လည်း၂၀၁၇ ခုနှစ် နိုဝင်ဘာမှ စ၍ ကူညီမှုများ ရပ်ဆိုင်းခံထားရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ ဦးဆောင်သည့် လက်ထက်တွင် ထိုဒုက္ခသည်များ စားနပ်ရိက္ခာ ခက်ခဲ နေကြောင်း ပြောဆိုသော်လည်း ဒုက္ခသည်များ ကိုယ်တိုင်အစိုးရထံ ရိက္ခာလိုကြောင်း လာရောက် လျှောက်ထားရန် သမ္မတရုံးက ပြောဆိုခဲ့ပြီး အကူအညီပေးခဲ့ခြင်း မရှိပါ။

You may also like these stories:

KNU ရွှေတူးဖော်ရေးလုပ်ကွက်ကို စစ်တပ်ဗုံးကျဲ၊ အရပ်သား ၇ ဦး သေဆုံး

ဆက်လက် အကြမ်းဖက်သတ်ဖြတ်နေပါက လူထုနှင့် ပူးပေါင်းမည်ဟု မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်

Did you find apk for android? You can find new Free Android Games and apps.
Loading