• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာစစ်တပ်က တာဝန်ခံရမည်ဟု ရှမ်းလက်နက်ကိုင်ခေါင်းဆောင်ပြော

by Larry Jagan
3 April 2021
in သတင်း
A A
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ဥက္ကဌ ဗိုလ်ချုပ်ကြီး ရွက်ဆစ် / ဧရာဝတီ

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ဥက္ကဌ ဗိုလ်ချုပ်ကြီး ရွက်ဆစ် / ဧရာဝတီ

42.3k
VIEWS
Share on FacebookShare on Twitter

မြန်မာစစ်တပ်အနေဖြင့် ၎င်း၏ လူသားမျိုးနွယ် အပေါ်ဆန့်ကျင်သည့် ရာဇဝတ်မှုများအတွက် တာဝန်ခံရမည်ဟု တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် တဦးက သတိပေးလိုက်သည်။ “မြန်မာစစ်တပ်ကို ဘယ်သူမှ မယုံဘူး” ဟု ရှမ်းလက်နက်ကိုင် အဖွဲ့တခု ဖြစ်သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ဥက္ကဌ ဗိုလ်ချုပ်ကြီး ရွက်ဆစ်က မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သော တပ်မတော်နေ့ မတိုင် တရက်တွင် ပြောကြားခဲ့သည်။ စစ်အစိုးရသည် တရားဝင်အစိုးရမဟုတ်သလို အခြေခံဥပဒေနှင့်လည်း မညီညွတ်ဘဲ အပြစ်မရှိသည့် လက်နက်မဲ့ အရပ်သားပြည်သူများ သေဆုံးခဲ့ရခြင်းတွင် သူတို့၏ ပါဝင်ပတ်သက်မှု အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင် ၁၄ ဦးလုံးကို စွဲချက်တင်သင့်သည်ဟု သူက ဆိုသည်။

ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်က မြန်မာတပ်ဖွဲ့များ၏ အပြုအမူများအပေါ် စက်ဆုပ်မှုကို ဖော်ပြပြောဆိုခဲ့ပြီး ထိုကဲ့သို့သော ရက်စက်မှုမျိုးကို နယ်စပ်ဒေသများတွင် နေထိုင်သည့် တိုင်းရင်းသား အသိုင်းအဝိုင်းများက နှစ်ပေါင်း ၅၀ ကျော် ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်ဟု ထောက်ပြခဲ့သည်။ တနိုင်ငံလုံးတွင် ဖြစ်ပေါ်နေသည့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုများကို RCSS က ထောက်ခံကြောင်း သူကပြောပြီး သူတို့နှင့် အတူ အလုပ်လုပ်ရန် ရှမ်းပြည်နယ်၏ ဆန္ဒကို ဖော်ပြခဲ့သည်။

RelatedPosts

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

22 May 2025
602
မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

22 May 2025
22
မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
228

လက်ရှိ ပြဿနာ၏ အဓိက အကြောင်းရင်းသည် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေဖြစ်သည်ဟု သူက အလေးအနက် ပြောကြားခဲ့ပြီး ၎င်းကို ဖယ်ရှား၍ ဖက်ဒရယ်ဒီမိုကရေစီ အခြေခံ ဥပဒေတခုနှင့် အစားထိုးသင့်သည်ဟု ဆိုသည်။ ထိုသို့ မပြုလုပ်နိုင်သရွေ့ လွတ်လပ်ခွင့် သို့မဟုတ် ကြာရှည်ခိုင်မြဲသော ငြိမ်းချမ်းရေး ရှိနိုင်မည်မဟုတ်ဟု သူက ပြောသည်။ သို့သော်လည်း သူတို့တွင် ယခုအခါ ဘုံရန်သူ ရှင်းရှင်းလင်းလင်း ရှိသည့်တိုင် ဆန္ဒပြလှုပ်ရှားမှုကို RCSS သို့မဟုတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ရုပ်ပိုင်းဆိုင်ရာ ထောက်ခံမှုကို အလျှင်အမြန် ပေးကြလိမ့်မည် ဆိုသည့် မျှော်လင့်ချက်များ မှေးမှိန်လာခြင်းကိုလည်း သူက ဂရုပြုမိသည်။

မြန်မာစစ်တပ်က ၎င်း၏ စစ်မှန်တဲ့ အရောင်ကို ပြခဲ့ပြီးပြီဟု သူကပြောသည်။ သူတို့ကို “အကြမ်းဖက်သမားများ” အဖြစ် ဖော်ပြခဲ့ပြီး စစ်တပ်က ၎င်းနှင့် RCSS ကြားတွင် လက်မှတ်ရေးထိုးထားသည့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ချိုးဖောက်နေသည်ဟု စွပ်စွဲလိုက်သည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းသည့် အချိန်မှစ၍ သူ၏ အဖွဲ့က စစ်တပ်နှင့် သူတို့ကြားမှ အဆင့်မြင့် ဆက်သွယ်မှုများကို ဆိုင်းငံ့ထားလိုက်ပြီး နေပြည်တော်တွင် မတ်လ ၂၇ ရက်နေ့ ပြုလုပ်မည့် တပ်မတော်နေ့ အခမ်းအနားသို့ မတက်ရောက် ခဲ့ပေ။ သူတို့ကို ဖိတ်ကြားခဲ့သော်လည်း “ကျနော်တို့ မအားဘူးလို့ သူတို့ကို ပြောလိုက်တယ်” ဟု ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ဆိုသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ တွင် ဦးသိန်းစိန် အစိုးရနှင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်(NCA) တွင် လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသား အဖွဲ့အစည်းအများစုကလည်း နေပြည်တော်မှ အခမ်းအနားကို ရှောင်ရှားခဲ့ကြသည်။ NCA လက်မှတ်ထိုးထားသည့် အဖွဲ့များထဲမှ အဓိက ကျသည့် အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတခု ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ကလည်း စစ်အစိုးရ၏ ဖိတ်ကြားမှုနှင့် ပတ်သက်၍ ၎င်း၏ တုန့်ပြန်မှုကို ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်က ပိုမို၍ပင် တဲ့တိုးကျပြီး အရပ်သားဧရိယာများမှ တပ်ဖွဲ့ များကို ဆုတ်ခွာပေးရန်၊ အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန်၊ အာဏာသိမ်း ခေါင်းဆောင်များက ပြုလုပ်ခဲ့သည့် လူ့အခွင့်အရေးကို ချိုးဖောက်သော ဥပဒေများနှင့် အပြောင်းအလဲများကို ပြန်လည်ရုတ်သိမ်းရန်၊ စစ်တန်းလျားသို့ ပြန်သွား၍ နိုင်ငံရေးကို စွန့်လွှတ်ရန်၊ ဖက်ဒရယ် ပြည်ထောင်စုတခု ဖန်တီးရေးအတွက် ကတိပြုရန် နှင့် ညီညွတ်သော အစိုးရတခုသို့ နိုင်ငံရေး အာဏာ လွှဲပြောင်းပေးရေးအတွက် ကြားဝင်ညှိနှိုင်းရင် နိုင်ငံတကာ၏ ပါဝင်မှုကို ခွင့်ပြုရန် စစ်တပ်ကို တောင်းဆို ခဲ့သည်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ထိုးမထားသည့် အဓိက အဖွဲ့အစည်းဖြစ်သော ကချင်လွတ်မြောက် ရေး အဖွဲ့ (KIO) ကလည်း မတက်ရောက်ခဲ့ပါ။ ၎င်းသည် သူတို့ကိုယ်သူတို့ တိုင်းပြည်၏ ကယ်တင်ရှင်များအဖြစ် ပုံဖော်ရန် စစ်ခေါင်းဆောင်များ၏ အားထုတ်မှုများအတွက် ပြင်းထန်သော ထိုးနှက်ချက်တခုဖြစ်ပြီး စစ်အစိုးရက တိုင်းပြည်တွင် အရေးပေါ်အခြေအနေ ကြေငြာစဉ်က နောက်လာမည့် ၁၂ လအတွင်း ငြိမ်းချမ်းရေးကို ယူဆောင်ပေးနိုင်မည်ဆိုသည့် သူတို့၏ ပြောဆိုချက်အပေါ်တွင် သံသယများ ပွားစေခဲ့သည်။

မှန်ပါသည်။ စစ်တပ်က ဆင်နွဲရန် စီစဉ်ထားသည့် “ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု” ဆိုသည့် ဇာတ်ညွှန်းထက် အမှန်တရားနှင့် ပိုဝေးသည့်အရာ မရှိနိုင်ပါ။ အာဏာသိမ်းသည့် အချိန်က စ၍ စစ်ကောင်စီ၏ တပ်ဖွဲ့များက အတိုက်အခံများ၊ ဆန္ဒပြပွဲများနှင့် လူထု၏ အာဏာဖီဆန်ရေး လှုပ်ရှားမှုများကို ဖြိုခွဲရန် အညှာအတာမဲ့စွာ အားထုတ်ခဲ့သည့်အတွက် တိုင်းပြည်က ကသောင်းကနင်း အခြေအနေများနှင့် အကြမ်းဖက်မှုများ အတွင်းသို့ ကျဆင်းသွားခဲ့သည်။ စစ်တပ်က အာဏာသိမ်းပြီး ရက်သတ္တ ၉ ပတ်အတွင်း ပြည်သူ ၅၀၀ ကျော် သတ်ဖြတ်ခြင်း ခံခဲ့ရပြီး ဆန္ဒပြသူများနှင့် တက်ကြွလှုပ်ရှားသူများ အပါအဝင် လူ ၂၀၀၀ ကျော် ဖမ်းဆီး ထောင်ချခံခဲ့ရသည်။

“အခုအခါမှာ အဲဒါကို မြန်မာစစ်တပ်ရဲ့ ရှက်စရာအဖြစ် သိကြပါတော့မယ်” ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CPHR) က ခန့်အပ်သည့် နိုင်ငံတကာ ကိုယ်စားလှယ် ဒေါက်တာ ဆာဆာက အင်တာဗျူးတခုတွင် မကြာသေး မီက ပြောကြားခဲ့သည်။ ထိုကော်မတီကို မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်မှ ရွေးကောက်ခံ ကိုယ်စားလှယ်များက ဖွဲ့စည်းခဲ့သည်။ “တပ်မတော်ကို မြန်မာ့တပ်မတော်လို့ မခေါ်သင့်တော့ပါဘူး။ သူတို့က တိုင်းပြည်နဲ့ ပြည်သူတွေကို ကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ အဲဒီအစား သူတို့က အကြမ်းဖက် တိုက်ခိုက်သူတွေ ဖြစ်လာကြပါတယ်။ သူတို့က ပြည်သူတွေရဲ့ ရန်သူတွေ ဖြစ်လာခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့က စလို့ သူတို့က ပြည်သူ ၅၄ သန်းကို အကြမ်းဖက်ခဲ့ကြပါတယ်” ဟု သူကပြောသည်။

“ပြည်သူတွေကို အကြမ်းဖက်နေတယ်၊ ပြည်သူတွေကို စစ်ဆင်နေတယ်၊ ပြည်သူတွေကို သတ်နေပါတယ်” ဟု ဒေါက်တာ ဆာဆာက ပြောသည်။ “ရာဇဝတ်မှုတွေ ကျူးလွန်နေတာ စစ်တပ်ပါ။ ကျနော်တို့ ခေါင်းဆောင်တွေ (ဒေါ်အောင် ဆန်းစုကြည်နှင့် အခြား NLD ခေါင်းဆောင်များကို ရည်ညွှန်းသည်) မဟုတ်ပါဘူး။ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ သူတို့ရဲ့ ရာဇဝတ်မှုတွေ အတွက် သူတို့ တာဝန်ခံရပါမယ်”

မြန်မာစစ်တပ်ကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) နှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး(ICC) တို့တွင် တရားစွဲဆိုခြင်းအားဖြင့် ဆက်လက်ဖိအားပေးရန် စီစဉ်နေသည်။ CRPH က အမျိုးသား ညီညွတ်ရေး ယာယီအစိုးရ တခုကို ဖွဲ့စည်းပြီးနောက် ICC တွင် တရားစွဲခွင့်ရစေရန် ရောမသဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် စီစဉ်နေကြောင်း ဒေါက်တာဆာဆာ၏ အဆိုအရ သိရသည်။

“တပ်မတော်အနေနဲ့ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ သူတို့ရဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံရပါမယ်။ CRPH ရဲ့ ရည်ရွယ်ချက်က ကောင်းပေမယ့် ခက်ခဲ့တဲ့ အပိုင်းက အဲဒါ ဖြစ်လာအောင် ဘယ်လိုလုပ်မလဲ ဆိုတာပါပဲ” ဟု ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောသည်။ သို့သော်လည်း CRPH အပေါ် ယုံကြည်လက်ခံမှုအတွက် အမြန် အကောင်အထည် ဖော်ရန် လိုအပ်သည်ဟု သူက အခိုင်အမာပြောသည်။

RCSS က စစ်အစိုးရနှင့် ဆက်ဆံရေးကို လုံးလုံးလျားလျား ရပ်တန့်ခြင်း မပြုခဲ့ပါ။ တောင်ကြီးမြို့ ရှိ ဆက်ဆံရေးရုံးက ဆက်လက်လည်ပတ်နေပြီး တပ်ဖွဲ့များ လှုပ်ရှားမှု၊ တိုက်ပွဲ အသေးစားများနှင့် နယ်မြေအငြင်းပွားမှုများကဲ့သို့သော နည်းပညာဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ပုံမှန် ၂ ဘက်ပြောဆိုမှုများ ရှိသည်။ သို့သော်လည်း နိုင်ငံရေး ဆွေးနွေးပြောဆိုမှုများကို နောက်ထပ် အသိပေးထုတ်ပြန်သည့် အချိန်အထိ ဆိုင်းငံ့ထားသည်ဟု သူက ပြောသည်။ အဆင့်မြင့် ပုဂ္ဂိုလ်များကြား တယ်လီဖုန်း ခေါ်ဆိုခြင်းများ သို့မဟုတ် အပြန်အလှန်ပြောဆိုမှုများ မရှိတော့ပါ။ စစ်အစိုးရ၏ ထိပ်တန်း ဗိုလ်ချုပ်များ ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ ထံမှ ဖုန်းခေါ်ဆိုမှုများကိုပင်လျှင် ဖြေကြားရန် ရှမ်းခေါင်းဆောင်က ငြင်းဆန်ခဲ့သည်။

မြန်မာစစ်တပ်က NCA ကို ချိုးဖောက်ခဲ့သည့် အချက်မှာ ဆွေးနွေးနေဆဲ ဖြစ်ပြီး တုန့်ပြန်မှုတခု လိုအပ်သည့် အရာဖြစ်သည်ဟု သူက ပြောသည်။ “NCA က မသေဆုံးသေးပါဘူး” ဟု သူက ဆိုသည်။ ချိုးဖောက်မှုများကို ဖြေရှင်းရန်နှင့် အပြစ်ပေးရန် လိုအပ်သည်ဟု သူက ထပ်ပြောသည်။

NCA အပေါ် အဓိက ချိုးဖောက်မှုများကို ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ဆက်ရှင်းပြသည်။ အာဏာကို တရားမဝင် သိမ်းယူပြီးသည့် အချိန်မှ စ၍ စစ်တပ်က လက်နက်မဲ့ အရပ်သားများကို စတင်သတ်ဖြတ်ခဲ့သည်။ ၎င်းသည် NCA ကို ချိုးဖောက်ခြင်း ဖြစ်ပြီး လက်မခံနိုင်စရာဟု ဆိုသည်။ ပြစ်ဒဏ် ကင်းလွတ်ခွင့်လည်း မပြုသင့်ပါ။ ထို့အပြင် ငြိမ်းချမ်းရေး သဘောတူညီချက်တွင် ဘုရားကျောင်းများ၌ တပ်စွဲခြင်း သို့မဟုတ် နေရာချထားခြင်းကို အထူးသဖြင့် တားမြစ်ထားပြီး ထိုအချက်ကိုလည်း တပ်မတော်က ဥပေက္ခာပြုခဲ့ကြောင်း ဆိုသည်။

RCSS ၏ အမြင်တွင် အာဏာသိမ်း စစ်ကောင်စီသည် ဥပဒေနှင့် မညီသည့် တရားမဝင် အစိုးရတခု ဖြစ်ပြီး ၎င်း၏ အမူအကျင့်က လုံးဝ လက်မခံနိုင်စရာဟု သူကပြောသည်။ “အရေးအကြီးဆုံးက သူတို့က ယုံကြည်မှုကို ဖျက်ဆီးခဲ့တယ်။”

ရှမ်းခေါင်းဆောင်က သူနှင့် RCSS တို့၏ (စစ်တပ်ကို ဆန့်ကျင်သည့် ပြည်သူများနှင့်အတူ) ရပ်တည်မှုကို ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့သော်လည်း CRPH အပေါ် ၎င်းတို့၏ ထောက်ခံမှုနှင့် ပတ်သက်၍ စိတ်အားထက်သန်မှု နည်းပါးခဲ့သည်။ အလွန်လူကြိုက်များသည့် အဆိုပြုချက်တခု ဖြစ်သော ဖက်ဒရယ်စစ်တပ် ဖွဲ့စည်းရေး အပါအဝင်ဖြစ်သည်။ “သတိထားပြီး ထောက်ခံရမယ်” ဟု သူက ပြောသည်။

“ကျနော်တို့ အလွတ်သဘောဆွေးနွေးမှုတွေ၊ ဆက်သွယ်မှုတွေနဲ့ သတင်းအချက်အလက် ဝေမျှတာတွေ ရှိပါတယ် ” ဟု သူက ရှင်းပြသည်။ သို့သော်လည်း Facebook မှ ကြေငြာချက်အချို့ အပြင် ညီညွတ်သော အစိုးရတခု၊ အုပ်ချုပ်ရေး ဖွဲ့စည်းတည်ဆောက်ပုံ သို့မဟုတ် ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်တခုအတွက် ၎င်း၏အမြင်နှင့် ပတ်သက်၍ CRPH က အသေးစိတ် အနည်းငယ်မျှသာ ပေးခဲ့သည်ဟု သူက ထပ်ပြောသည်။ ကော်မတီ၏ လှုပ်ရှားမှုများကို RCSS က “စောင့်ကြည့်” နေသော်လည်း “CRPHကို (အနည်းဆုံးတော့ လက်ရှိ အချိန်မှာ) အသိအမှတ်မပြုပါဘူး။ ဒါပေမယ့် ကျနော်တို့ ဆွေးနွေးနေပါတယ်။ ကျနော်တို့ ဆွေးနွေးနေပါတယ်။ ဒါကြောင့် အလွတ်သဘော အသိအမှတ်ပြုမှု ရှိပါတယ်” ဟု သူက ပြောသည်။ “ ဒါပေမယ့် CRPH ရဲ့ အာဏာပိုင်ဆိုင်မှုနဲ့ ယုံကြည် ကိုးစားနိုင်မှု အပေါ် ကျနော်တို့ လက်ခံယုံကြည်စေဖို့ လိုပါတယ်” ဟု သူက ထပ်ပြောသည်။

RCSS ခေါင်းဆောင်အတွက် ဖက်ဒရယ်အရေးက အရေးကြီးကိစ္စတခု ဖြစ်သည်မှာ နားလည်ပေးနိုင်စရာ ဖြစ်သည်။ ဖက်ဒရယ်အခြေခံမူများက မည်သို့ရှိသည်ကို ၂ ဘက်လုံးက သဘောတူရန် လိုအပ်ပြီး ထိုကဲ့သို့သော ဆွေးနွေးမှုများ မရှိသေးကြောင်း သူက ပြောသည်။ “ကျနော်တို့ စိုးရိမ်တာက အဲဒါက ကောက်ရိုးမီး ဖြစ်ပြီးတော့ မြန်မြန်ဆန်ဆန် ပြန်လည် ပျောက်ကွယ်သွားမှာကိုပါ”

ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတခုကို သဘောတူချက်ရရန် CRPH နှင့် RCSS တို့ ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ အတူတကွ ဆွေးနွေးရလိမ့်မည် ဖြစ်ပြီး အကယ်၍ စနစ်တကျ ညှိနှိုင်းမှု မရှိဘဲ ကော်မတီက ကြေငြာချက်တခုကို ကြေငြာခဲ့လျှင် အထောက်အကူ ဖြစ်လိမ့်မည် မဟုတ်ဟု သူက ပြောသည်။ သို့သော်လည်း ပိုမိုဆွေးနွေးမှုများ နှင့် ညှိနှိုင်းမှုများ လိုအပ်သည်ဟု သူက ထပ်ပြောသည်။ “သူတို့ ကြေငြာချက်မထုတ်မီ ကျနော်တို့နဲ့ ဆွေးနွေးသင့်ပါတယ်” ဟု သူက အကြံပြုသည်။ “တကယ်လို့ သူတို့က အခြေခံ ဥပဒေ မူကြမ်းတခုကို ကျနော်တို့နဲ့ ညှိနှိုင်းတိုင်ပင်ခြင်း မရှိဘဲ ထုတ်ပြန်ခဲ့မယ်ဆိုရင် အဲဒါက လက်ခံနိုင်စရာ ဖြစ်မှာ မဟုတ်ပါဘူး။ မထုတ်ပြန်ခင် အားလုံးကို ညှိနှိုင်းဆွေးနွေးဖို့ လိုအပ်ပါတယ်။”
ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီ အခြေခံမူများနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက များစွာလုပ်ဆောင်ခဲ့ပြီး ဖြစ်ပြီး သီးခြားပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေများအပါအဝင် သဘောတူထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း တခုပင် ရှိနှင့်ပြီး ဖြစ်သည်ဟု သူက ရှင်းပြသည်။ ဖက်ဒရယ်နိုင်ငံတခု ဖန်တီးရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများတွင် ၎င်း က အခြေခံဖြစ်သင့်သည်ဟု ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောသည်။ (မကြာသေးမီကမူ CRPH အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာပြီး တိုင်းရင်းသားလူမျိုးစု အခွင့်အရေးများအပေါ် များစွာ အခြေခံထားသော ဖယ်ဒရယ်ပဋိညာဉ်တခုကို ထုတ်ပြန်ကြေညာခဲ့သည်။)

လက်ရှိအချိန်သည် မတည်ငြိမ်မှုများနှင့် ဝရုန်းသုန်းကား (COVID ရောဂါကြောင့် ခရီးသွားလာမှု ကန့်သတ်ချက်များနှင့် စစ်အစိုးရက အင်တာနက်နှင့် မိုဘိုင်းဖုန်း ဆက်သွယ်မှုများကို ဖြတ်တောက်ခြင်းများကြောင့် ပိုဆိုးလာရသည့် အခြေအနေ) ကို သူ နားလည်သော်လည်း ခေတ်သစ်တခုအား စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ တခုသို့ ဦးတည်သည့် အခြေခံဥပဒေတခုကို တိုင်းရင်းသား အဖွဲ့များနှင့် မြန်မာနိုင်ငံမှ ဒီမိုကရေစီ လိုလားသော နိုင်ငံရေးပါတီများက ရေးဆွဲနိုင်ခြင်းဖြင့် စတင်နိုင်လိမ့်မည်ဟု သူက အသိအမှတ်ပြုသည်။

“ယာယီ အစိုးရသစ်တခု ဖွဲ့စည်းရမယ့် အချိန်မဟုတ်ပါဘူး။ ရေရှည် အစိုးရတခု ဖြစ်သင့်တဲ့ အချိန်ပါ” ဟု ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောသည်။ နောက်ထပ် ကြေငြာချက်များ ထုတ်ပြန်ခြင်းမပြုမီ ကျယ်ပြန့်၍ အားလုံးပါဝင်သည့် ဆွေးနွေးမှုများ လိုအပ်သည်ဟု သူက ဆိုသည်။ သူက မျှော်မှန်းထားသည့် လမ်းပြမြေပုံတွင် ပထမ အဆင့်သည် CRPH၊ တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အပါအဝင် တိုင်းရင်းသား အဖွဲ့အစည်းများ ပါဝင်သည့် အဆိုပါ ဆွေးနွေးမှုများက ပထမအဆင့် ဖြစ်သည်။ ထိုအဆင့်က နောက်ထပ် ၃ လ ကြာလိမ့်မည်ဟု သူက မျှော်လင့်သည်။

နောက်တဆင့်က ဖက်ဒရယ်စနစ်နှင့် အခြေခံဥပဒေကို အလေးပေးသည့် (အတူတကွ ဆွေးနွေး၍ သဘောတူညီချက် တခု ရရှိမည့်) ဆွေးနွေးမှုများ ဖြစ်ပါလိမ့်မည်။ ထိုနေရာတွင် ဖက်ဒရယ် စစ်တပ်တခု ဖွဲ့စည်းရေး (သူတို့က မည်သို့ ထူထောင်ချင်သည်၊ အဖွဲ့အစည်းနှင့် ၎င်း၏ တည်ဆောက်ပုံက မည်သို့ ရှိလိမ့်မည်) ကို ဆွေးနွေးရမည် ဖြစ်သည်။ ထို့နောက်မှသာ ဖက်ဒရယ် အစိုးရနှင့် အုပ်ချုပ်ရေး တခု တည်ထောင်ရေး စတင်ဆောင်ရွက်ရမည် ဖြစ်သည်။ ၎င်းတွင် ဒေသတွင်း အစိုးရများနှင့် အသိုင်းအဝိုင်းများကြားတွင် အာဏာခွဲဝေရေး အစီအစဉ်များ ပါဝင်ရမည် ဟု သူက အခိုင်အမာ ပြောသည်။

“ကျနော်တို့က ပစ်ခတ်တာတွေ ရပ်သွားရုံ သက်သက်မဟုတ်ဘဲ စစ်မှန်ပြီး ကြာရှည်ခိုင်မြဲမယ့် ငြိမ်းချမ်းရေး လိုချင်ပါ တယ်” ဟု ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောသည်။ ဖက်ဒရယ် အခြေခံ ဥပဒေတခုက အရေးပါသည့် စမှတ်ဖြစ်ပြီး နောက်မှ တဆင့်ချင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဆိုသည်။

“ဒါပေမယ့် တကယ်လို့ ဖက်ဒရယ်စနစ် မဟုတ်ဘူးဆိုရင် ကျနော်တို့က လွတ်လပ်ရေး အတွက် တိုက်ခိုက်သွားမယ်။ ကျနော်တို့ သေချာပေါက် နိုင်လိမ့်မယ်” ဟု သူက သတိပေးလိုက်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်း၌ မတ်လ ၂၆ ရက်နေ့တွင် ဖော်ပြထားသော Myanmar’s Military Must Be Held Accountable: Shan Armed Group Leader ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

တိုက်ပွဲဖြစ်မည်ကို စိုးရိမ်၍ ရှမ်းဒုက္ခသည်များ ဗုံးခိုကျင်း ပြင်ဆင်နေ

အာဏာသိမ်း စစ်ကောင်စီနှင့် အပစ်ရပ် လက်နက်ကိုင်များ ဘယ်လိုဆက်သွားမလဲ

ဆက်လက် အကြမ်းဖက်သတ်ဖြတ်နေပါက လူထုနှင့် ပူးပေါင်းမည်ဟု မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်

တိုင်းရင်းသားတပ်များက မြန်မာ့ဒီမိုကရေစီအင်အားစုများကို ကယ်ဆယ်နေ

Your Thoughts …
Tags: RCSS/SSAစစ်အာဏာသိမ်းရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီး ရွက်ဆစ်
Larry Jagan

Larry Jagan

Contributor

Similar Picks:

စစ်တပ်ကို ဘယ်လိုပြင်ဖွဲ့ကြမလဲ

စစ်တပ်ကို ဘယ်လိုပြင်ဖွဲ့ကြမလဲ

by ဉာဏ်လင်း
26 February 2024
4.7k

ဥပဒေကို လိုက်နာသော၊ အရပ်သား အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိသော၊ ပြည်သူလူထုကို ကာကွယ်သော၊ နိုင်ငံရေးကင်းရှင်းသော တပ်မတော်တရပ် လိုအပ်သည်

အမေရိကန်ပြည်ထောင်စုက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သားသမီးနှစ်ယောက်၊ ၎င်းတို့ထိန်းချုပ်ထားသော ကုမ္ပဏီ ၆ ခုတို့အပေါ် အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်သည်/ Justice for Myanmar

စစ်ကောင်စီခေါင်းဆောင်၏ သားသမီးများ အမေရိကန် အရေးယူပိတ်ဆို့

by ဧရာဝတီ
11 March 2021
42k

အမေရိကန်ပြည်ထောင်စုက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သားသမီးနှစ်ယောက်၊ ၎င်းတို့ထိန်းချုပ်ထားသော ကုမ္ပဏီ ၆ ခုတို့အပေါ် အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်သည်။

NUG က ဒေါ်လာ တဘီလီယံဖြင့် ကျားကန်ထားသည့် ဒစ်ဂျစ်တယ် ငွေကြေးတခုနှင့် မြန်မာ့ ဗဟိုဘဏ်သစ်တခု ထူထောင်ရေးကို အမေရိကန် ဗဟိုဘဏ်က ထောက်ခံရန် တိုက်တွန်းနေသည် / AFP

အမေရိကန်မှ ဒေါ်လာ တဘီလီယံဖြင့် ဒစ်ဂျစ်တယ်ငွေကြေး ထူထောင်ရန် NUG ကြိုးစားနေ

by ဧရာဝတီ
7 September 2022
7.3k

NUG က ဒေါ်လာ တဘီလီယံဖြင့် ကျားကန်ထားသည့် ဒစ်ဂျစ်တယ် ငွေကြေးတခုနှင့် မြန်မာ့ ဗဟိုဘဏ်သစ်တခု ထူထောင်ရေးကို အမေရိကန် ဗဟိုဘဏ်က ထောက်ခံရန် တိုက်တွန်းနေသည်။

စစ်တပ်နှင့် ထောက်လှမ်းရေးဌာနများသည် ဆင်းကဒ်များကို ခြေရာခံမှုနှင့် ဖုန်းခေါ်ဆိုမှုများကို ကြားဖြတ်နားထောင်မှု တစုံတရာလုပ်နေကြောင်း Reuters သတင်းက ဆိုသည် / ဧရာဝတီ 

ဖုန်းများကို ကြားဖြတ်သတင်းယူရန် စစ်တပ် ဘယ်လိုလုပ်ခဲ့သလဲ

by ဧရာဝတီ
20 May 2021
119.3k

မြန်မာနိုင်ငံတွင် အသုံးပြုသည့် ထိုကြားဖြတ် စပိုင်ဝဲများအကြောင်းသိသူ တဒါဇင်ကျော်ကို Reuters သတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့သည်။

ပျက်စီးသွားရတဲ့ အိပ်မက်များအကြောင်း ရုပ်ရှင်ပြပွဲ (ရုပ်/သံ)

ပျက်စီးသွားရတဲ့ အိပ်မက်များအကြောင်း ရုပ်ရှင်ပြပွဲ (ရုပ်/သံ)

by ဧရာဝတီ
2 March 2024
332

မြန်မာစစ်အာဏာသိမ်းမှုကြောင့် ကျိုးပဲ့သွားရသောအိပ်မက်များ-Broken Dream ရုပ်ရှင်ပြပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရဲ့ အထင်ကရ တက္ကသိုလ်တခုဖြစ်တဲ့ ချင်းမိုင်တက္ကသိုလ်မှာ မတ်လ ၁ရက်နေ့က ပြသခဲ့တာဖြစ်ပါတယ်။

ယခု အာဏာသိမ်းစစ်တပ် တန်ခိုးထွားလာနေချိန်တွင် ယခင်ခရိုနီဟောင်းများ ဖယ်ထုတ်ခံရပြီး ခရိုနီမျိုးဆက်သစ်များ ပေါ်ထွက်လာသည်

ခေတ်ဟောင်း ခရိုနီတွေ အရာကျကုန်ပြီ

by ဧရာဝတီ
27 October 2022
8.6k

ယခု အာဏာသိမ်းစစ်တပ် တန်ခိုးထွားလာနေချိန်တွင် ယခင်ခရိုနီဟောင်းများ ဖယ်ထုတ်ခံရပြီး ခရိုနီမျိုးဆက်သစ်များ ပေါ်ထွက်လာသည်

Next Post
ဧပြီလ ၃ ရက်နေ့ မုံရွာသပိတ်စစ်ကြောင်း / c j

မုံရွာတွင် စစ်တပ်ပစ်ခတ်မှု ၃ ဦး သေဆုံး

မော်ဒယ် သန္တာလှိုင် / Thandar Hlaing's Facebook

“အရေးတော်ပုံအောင်တဲ့အထိ လုပ်စရာရှိတာ ဆက်လုပ်နေမှာပါ”လို့ သန္တာလှိုင် ဆို

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.6k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate