ရန်ကုန်မြို့ မြောက်ဥက္ကလာမြို့နယ် ကန်သာယာရပ်ကွက်အနီး သုဓမ္မာလမ်းမပေါ်တွင် စစ်ကောင် စီ၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်များက YBS လိုင်းကားများကို ရပ်တန့်ခိုင်းပြီး လိုင်းကားပေါ်ပါ ခရီးသည်များကို ကန်ကျောက် ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယမန်နေ့က ဖြတ်သန်းသွားလာသည့် အမှတ် ၃၅၊ ၄၁၊ ၆၄ စသည့် YBS လိုင်းကားများကို ရပ်တန့်ခိုင်းပြီး ခရီးသည်များကို ရိုက်နှက်နေခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရသူများက ဆိုကြသည်။
မျက်မြင်တွေ့သူ တဦးက “ကားပေါ်က လူတွေကို ဆင်းခိုင်းပြီးတော့ ၃၅ လည်း ဆင်းခိုင်းတယ်။ ၄၁ လည်း ဆင်းခိုင်းတယ်။ ကားပေါ်က လူတွေ ဆင်းခိုင်းပြီးတော့ ဒူးထောက်ခိုင်းတယ်။ ကားပေါ်က ခရီးသည်တွေကိုလည်း ရိုက်တယ်။ ကားသမား တွေကိုလည်း ရိုက်တယ်” ဟု ပြောသည်။
ယင်းသို့ ဖမ်းဆီး ရိုက်နှက်နေသည့်အတွက် YBS ယာဉ်များက အတွင်းလမ်းများမှ ဖြတ်သန်းသွားလာခြင်းကြောင့် ရပ် ကွက်နေ ပြည်သူများက ထွက်ကြည့်ရာ လက်နက်ကိုင် တပ်ဖွဲ့ဝင်များ ရပ်ကွက်အတွင်း ဝင်ရောက်ပြီး သေနတ်ဖြင့် ပစ် ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“လမ်းထဲက လူတွေက လမ်းကြားတွေထဲကနေ ဘာလို့ ကားတွေ ဖြတ်ကြလဲ မသိဘူးဆိုပြီး ထွက်ကြည့်တဲ့အခါ ထွက် ကြည့်ရမလား။ လူတွေ လာရမလား။ မီးရှို့ရမလား ဆိုပြီး ၆ လမ်းထိပ်ထိလာပြီး ပစ်တယ်။ ဆဲတာမှ ရစရာ မရှိဘူး။ မွှန် ထူနေတာပဲ” ဟု ရပ်ကွက်နေ ပြည်သူတဦးကလည်း ပြောသည်။
“YBS ၆၄ ပေါ်တက်ပြီး ကားသမားကို ခြေထောက်နဲ့ကန် ယောကျာ်းတွေကို မင်းတို့ ယောက်ကျာ်း မဟုတ်ဘူးလား ပြန် လုပ်လေ ပြန်လုပ်လေဆို ဖိနပ်နဲ့ကန် သေနတ်နဲ့ ချိန်ပြီး စိန်ခေါ်တာ။ မိန်းမတွေကို တွေ့ကရာ ဆံပင်ဆွဲ ပါးရိုက်တယ်”ဟု ကိုယ်တွေ့ကြုံခဲ့သူ ခရီးသည်တဦးက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
ထို့ပြင် တံဆိပ်ရိုက်လုပ်ငန်း လုပ်ကိုင်သည့် နေအိမ်အပါအဝင် ရပ်ကွက်အတွင်း နေအိမ်အချို့သို့လည်း ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်သွားကြောင်းလည်း ကန်သာယာ ရပ်ကွက်နေသူများထံက သိရသည်။
ပြီးခဲ့သည့်လက မြောက်ဥက္ကလာမြို့နယ်ရှိ သပိတ်စစ်ကြောင်းများကို စစ်တပ်နှင့်ရဲက ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် သေဆုံး ဒဏ်ရာရမှု များခဲ့သလို လက်ရှိတွင်လည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည့်မြို့နယ်တခုလည်း ဖြစ်သည်။
You may also like these stories:
တိုက်ပွဲဖြစ်မည်ကို စိုးရိမ်၍ ရှမ်းဒုက္ခသည်များ ဗုံးခိုကျင်း ပြင်ဆင်နေ
ရရာလက်နက်ဖြင့် ပြန်ခံတိုက်ခဲ့သည့် မဏိပူရ်မြစ်ပေါ်က ကမ်းပါးနီ တိုက်ပွဲ