• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

RCSS နှင့် TNLA ကြောင့် အရပ်သားအိမ်များ မီးလောင်၊ ဒေသခံ ၁ ထောင်ကျော် ထွက်ပြေးနေရ

by ဧရာဝတီ
6 April 2021
in သတင်း
A A
RCSS နှင့် TNLA တိုက်ပွဲကြောင့် ဒေသခံအရပ်သားများ၏ နေအိမ်များ မီးလောင် ဆုံးရှုံးနေရသည့် မြင်ကွင်းများ

RCSS နှင့် TNLA တိုက်ပွဲကြောင့် ဒေသခံအရပ်သားများ၏ နေအိမ်များ မီးလောင် ဆုံးရှုံးနေရသည့် မြင်ကွင်းများ

24.2k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြား စစ်ရေးပဋိပက္ခကြောင့် အရပ်သားအိမ်များ မီးလောင်ပြီး ဒေသ ခံ ၁ ထောင်ကျော် နေအိမ်များကို စွန့်ခွာ ထွက်ပြေးနေရသည် ဟု သတင်းရရှိသည်။

RCSS နှင့် TNLA သည် နမ္မတူမြို့နယ်တွင်း နယ်မြေ အငြင်းပွားမှုကြောင့် စစ်ရေးအရ ပြေလည်ခြင်း မရှိသည့် တိုင်းရင်း သား လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ပြီး မတ် ၂၉ ရက်ကတည်းက နှစ်ဖက်တပ်များကြား တိုက်ခိုက်မှုများ ရှိနေခြင်း ဖြစ် သည်။

RelatedPosts

KIA ထိန်းချုပ် နယ်မြေတချို့ကို စစ်တပ်က နေရာဝင်ယူ (ရုပ်/သံ)

KIA ထိန်းချုပ် နယ်မြေတချို့ကို စစ်တပ်က နေရာဝင်ယူ (ရုပ်/သံ)

18 July 2025
7
အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

18 July 2025
1.6k
အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ (ရုပ်/သံ)

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ (ရုပ်/သံ)

18 July 2025
69

ပန်လုံကျေးရွာမှ ဒေသခံ တဦးက “ပစ်ခတ်တာက သေနတ်နဲ့ပဲ မဟုတ်ဘဲ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ ရွာသား တွေ အကုန် ကစဉ့်ကလျားပြေးရတာ ကျနော်တို့မိသားစုက အခု ဆွေမျိုးအိမ်မှာ သူများတွေက မန်စံရွာကြီးမှာ။ တချို့ က လည်း နီးစပ်ရာမှာ ပြေးနေကြတယ်။ ရွာမှာတော့ အိမ်အလုံး ၂၀ ကျော်လောက် လက်နက်ကြီးကြောင့် မီးလောင်သွားပြီ။ ကျနော်တို့ အရမ်း ဒုက္ခရောက်တယ်ဗျာ” ဟု ပြောသည်။

RCSS နှင့် TNLA တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည့် ဒေသခံ ရွာသူရွာသားများ

ပန်လုံကျေးရွာမှ ဒေသခံ တထောင်ကျော်သည် မန်စံကျေးရွာ၊ ပန်သပြေကျေးရွာ၊ ရေအိုးရွာ နှင့် နားခိုလျံ ကျေးရွာတို့တွင် သွားရောက် ခိုလှုံနေကြသည်ဟု ဒေသခံများထံက သိရသည်။

နမ္မတူမြို့နယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဒေါ်နန်းခမ်းအေးက လက်ရှိတွင် နေရပ်စွန့်ခွာ ထွက်ပြေးလာသည့် စစ်ဘေးရှောင် ဒုက္ခသည်များမှာ ဒုက္ခသည် စခန်းကဲ့သို့ တနေရာတည်းတွင် စုပြုံ ခိုလှုံနေခြင်း မဟုတ်ဘဲ နီးစပ်ရာ ကျေး ရွာများရှိ ဆွေမျိုးအိမ်များ၊ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေခြင်း ဖြစ်သည်ဟု ပြောသည်။

RCSS နှင့် TNLA တိုက်ပွဲကြောင့် ဒေသခံအရပ်သားများ၏ နေအိမ်များ မီးလောင် ဆုံးရှုံးနေရသည့် မြင်ကွင်းများ

ဒေါ်နန်းခမ်းအေးက “ပန်လုံမှာ ဖြစ်သွားတာ အိမ် ၂၀ ကျော်၊ သူတို့က အိမ်ခြေတွေက စုနေတာဆိုတော့ ကျမ ရတဲ့ သတင်း အရ အိမ်ခြေ ၂၀ ကျော်မှာ ရှမ်းအိမ်က ထိတာ ၃ အိမ်၊ ကျန်တာက ပလောင်အိမ်တွေတဲ့။ အိမ်တွေကလည်း ဆက်နေကြ တာ။ ပန်လုံရွာအဝင်မှာ ပစ်နေတော့ ရွာနဲ့ ကပ်လျက် အပြင်ပိုင်းမှာပါ ထိတာ” ဟု ပြောသည်။

နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင် ဒုက္ခသည်များကို ဒေသခံ ရပ်မိရပ်ဖများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေး ပါတီများမှ စားနပ်ရိက္ခာနှင့် တကိုယ်ရည်သုံး အသုံးအဆောင်များ ဝိုင်းဝန်း ကူညီပေးခြင်းများလည်း ရှိနေသည် ဟု ဒေါ်နန်းခမ်းအေးက ဆိုသည်။

ဒေါ်နန်းခမ်းအေးက “ဒီတပတ်အတွင်းမှာဆို EPC ဝင်းထဲလည်း လက်နက်ကြီးကျလို့ အိမ်တလုံး ထိတယ်။ EPC ဝင်းဆိုတာ မဟာဓာတ်အားလိုင်းလေ။ တရုတ်ပြည်ကလာတဲ့ မဟာဓာတ်အားလိုင်းက မန်စံမှာ ခွဲရုံရှိတယ်။ အဲ့ကနေ မန္တလေး၊ ရွှေစာရံ တို့ လားရှိုး၊ နမ္မတူကို မီးပြန်ဖြန့်တာ။ အဲဒီမှာလည်း တလုံးကျတယ်။ ခွဲရုံကို မထိပေမယ့် ဝန်ထမ်းအိမ်ရာတလုံးတော့ ထိသွားတယ်” ဟု ပြောသည်။

RCSS နှင့် TNLA တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည့် ဒေသခံ ရွာသူရွာသားများ

နမ္မတူမြို့နယ်တွင်း စစ်ရေးအခြေအနေမှာ လက်ရှိအချိန်ထိ တည်ငြိမ်ခြင်း မရှိသေးပါ။

နမ္မတူမြို့နယ်၊ ချောင်းဆာကျေးရွာအုပ်စု၊ မန်လီကျေးရွာထဲတွင်လည်း စစ်ရေးအခြေအနေ မတည်ငြိမ်ခြင်းကြောင့်ဟု ဆို ကာ ဒေသခံ ၁၀၀ ခန့် ထွက်ပြေးနေကြသည်ဟု သိရသည်။

RCSS ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးခမ်းစံက RCSS နှင့် TNLA ကြား တိုက်ခိုက်မှုများနှင့် စစ်ရေးတင်းမာမှု များ ရှိနေသည်မှာ ရက်သတ္တပတ်ခန့်ရှိပြီဟု ပြောသည်။

ဗိုလ်မှူးခမ်းစံက “တိုက်ပွဲက ဒီတပတ်အတွင်း ဆက်တိုက် ဖြစ်နေတယ်။ နမ္မတူမြို့နယ်ထဲက မန်စံ၊ မိုင်းမုကျေးရွာအုပ်စု အနီးတဝိုက်ရယ် နောက်ပန်လုံရွာ၊ အဲဒီတဝိုက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာ တပတ်လောက် ရှိပါပြီ။ နောက် သီ ပေါဘက်မှာလည်း သီပေါ၊ နမ့်လန်ရဲ့ တောင်ဘက်မှာရှိတဲ့ ဝမ်လီတဝိုက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေပါတယ်”ဟု ပြော သည်။

RCSS နှင့် TNLA တိုက်ပွဲကြောင့် ဒေသခံအရပ်သားများ၏ နေအိမ်များ မီးလောင် ဆုံးရှုံးနေရသည့် မြင်ကွင်းများ

TNLA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့က ပူးပေါင်း၍ RCSS ကို လာတိုက်ခိုက်နေခြင်းကြောင့် စစ်ရေးပဋိပက္ခ များ ဖြစ်ပွားနေရခြင်း ဖြစ်သည်ဟု ဗိုလ်မှူး ခမ်းစံက ဆိုသည်။

TNLA ဘက်သို့ မေးမြန်းရန် သတင်းနှင့် ပြန်ကြားရေးဌာန၊ တာဝန်ခံထံသို့ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။

TNLA ၏ သတင်းနှင့် ပြန်ကြားရေးဌာနက ပန်လုံကျေးရွာအတွင်း နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးရသည်မှာ RCSS က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ဖြစ်သည်ဟု ဧပြီ ၅ ရက်က သတင်း ထုတ်ပြန်ထားသည်။

RCSS က ၎င်းတို့အနေဖြင့် တိုက်ပွဲတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း မရှိကြောင်း ငြင်းဆိုပြီး ၎င်းတို့ကသာ TNLA ၏ တိုက်ခိုက်ခြင်းကို ခံနေရခြင်း ဖြစ်သည်ဟု ဗိုလ်မှူးခမ်းစံက ဆိုသည်။

TNLA နှင့် RCSS သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၆ ခုနှစ်မှစ၍ နယ်မြေအငြင်းပွားမှုများ ဖြစ်ကာ နှစ်ဖက်တပ် များကြား တိုက်ခိုက်မှုများ ဖြစ်ပွားလျက် ရှိသည်။

TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်လှုပ်ရှားကာ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး စာချုပ် တစုံတရာ ချုပ်ဆိုထားခြင်း မရှိသည့် အဖွဲ့အစည်း ဖြစ်သည်။

RCSS သည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဌာနချုပ် အခြေစိုက်ကာ ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် လှုပ်ရှားသည်။

RCSS နှင့် TNLA တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည့် ဒေသခံ ရွာသူရွာသားများ

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA) ကို အစိုး ရ၊ တပ်မတော်၊ လွှတ်တော်တို့နှင့် RCSS က လက်မှတ်ရေးထိုးထားသည်။

RCSS သည် NCA လက်မှတ်ရေးထိုးပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အင်အားတိုးချဲ့ လှုပ်ရှားလာရာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ နမ့်ဆန်မြို့နယ်အထိ ရောက်လာရာ TNLA နှင့် စတင် တိုက်ပွဲ ဖြစ်ပွား လာခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်လှုပ်ရှားသည့် SSPP သည်လည်း RCSS က ၎င်း၏ နယ်မြေများကို ကျော်လွန် လှုပ်ရှားသည်ဟု ပြောဆိုကာ နမ္မတူမြို့နယ်တွင်း စစ်ဆင်ရေးများတွင် TNLA နှင့် SSPP က ပူးပေါင်းလှုပ်ရှားလျက် ရှိသည်။

ထိုသို့ နယ်မြေအငြင်းပွားမှုများအပေါ် ဖြေရှင်းရန်နှင့် ညှိနှိုင်းရန် TNLA နှင့် RCSS ကြား နှစ်ဖက် တာဝန်ရှိသူများ တွေ့ဆုံခဲ့ ဖူးသော်လည်း TNLA က ၎င်းတို့ လှုပ်ရှားသည့် နယ်မြေများထဲမှ RCSS တပ်အားလုံး ဆုတ်ခွာရေးကို ပြောဆိုပြီး RCSS က အတူယှဉ်တွဲ လှုပ်ရှားရေးကို ပြောဆိုသဖြင့် ပြေလည်ခြင်း မရှိကြပါ။

You may also like these stories:

စစ်ကောင်စီကို ဘယ်အဖွဲ့တွေ တိုက်ပြီး ဘယ်အဖွဲ့တွေ မတိုက်ဘူးလဲ

မြန်မာစစ်တပ်က တာဝန်ခံရမည်ဟု ရှမ်းလက်နက်ကိုင်ခေါင်းဆောင်ပြော

အာဏာသိမ်း စစ်ကောင်စီနှင့် အပစ်ရပ် လက်နက်ကိုင်များ ဘယ်လိုဆက်သွားမလဲ

ဆက်လက် အကြမ်းဖက်သတ်ဖြတ်နေပါက လူထုနှင့် ပူးပေါင်းမည်ဟု မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်

Your Thoughts …
Tags: RCSSTNLAတိုက်ပွဲနမ္မတူမြို့နယ်နယ်မြေအငြင်းပွား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.4k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.5k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.2k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.4k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
၅၀၅ (က) ဖြင့် အမှုဖွင့်ထားသူများကို စစ်ကောင်စီက ကြေညာထားစဉ်

၅၀၅ (က) ဖြင့် အမှုဖွင့်ခံရသည့် အနုပညာရှင်နှင့် အွန်လိုင်းကျော်ကြားသူ ၁၂၀ ခန့် ရှိလာ

အိန္ဒိယ နိုင်ငံသား ဘီလီယံနာ ဂေါတမ်အဒါနီ

အိန္ဒိယ Adani အုပ်စုက ဆိပ်ကမ်းငှားခ စစ်တပ်သို့ ဒေါ်လာ သန်း၃၀ ပေး

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.3k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate