• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကလေးမြို့ စစ်တပ်ပစ်ခတ်မှု သေဆုံးသူ ၁၁ ဦးရှိ

by ဧရာဝတီ
7 April 2021
in သတင်း
A A
ယနေ့ ကလေးမြို့ တာဟန်းခံတပ်ကို ပစ်ခတ်ပြီးနောက် ဖမ်းမိသည့်သူများကို စစ်တပ်နှင့် ရဲက လက်ကို ကြိုးချည်ကာ မျက်နှာအဝတ်အုပ်ထားစဉ် / CJ

ယနေ့ ကလေးမြို့ တာဟန်းခံတပ်ကို ပစ်ခတ်ပြီးနောက် ဖမ်းမိသည့်သူများကို စစ်တပ်နှင့် ရဲက လက်ကို ကြိုးချည်ကာ မျက်နှာအဝတ်အုပ်ထားစဉ် / CJ

31.4k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း ကလေးမြို့၊ တာဟန်းရပ်ကွက် ပင်မသပိတ်စခန်းကို ယနေ့နံနက် စစ်တပ်နှင့် ရဲက ဗုံးသီးများဖြင့် ပစ်ကာ ဖြိုခွင်းသည့် ဖြစ်စဉ်တွင် သေဆုံးသူ ၁၁ဦး ရှိကြောင်း ဒေသခံများက ပြောသည်။

စစ်တပ်နှင့် ရဲ၏ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ယနေ့နံနက်ပိုင်း ဧရာဝတီမှ ရရှိသည့် သေဆုံးသူ အရေအတွက်မှာ ၅ဦးသာ ဖြစ်သော်လည်း နေ့လည်ပိုင်းတွင် သေဆုံးသူ ၁၁ဦးအထိ ရှိလာကြောင်း ထပ်မံစုံစမ်းသိရသည်။

RelatedPosts

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

22 May 2025
99
MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

22 May 2025
86
ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

22 May 2025
909

ကလေးမြို့၏ မြေပြင်အခြေအနေ သတင်းအချက်အလက်များကို စုဆောင်းထားသည့် ဒေသခံတဦးက “သေဆုံးတာ အားလုံး ၁၁ဦးပါ။ အလောင်းမရသေးတာ ၃ ဦးရှိပါတယ်။ ဒါက ကနဦးမနက်က တာဟန်းခံတပ်မှာ ဆုံးတဲ့ ၈ ဦးထဲက ၃ ဦး ဖြစ်ပါတယ်။ သူတို့က ခံတပ်ဖြိုခွင်းခံရစဉ်မှာ လက်နက်ကြီးတွေထိပြီး အသက်လုပြေးရတော့ ကိုယ့်လူကိုယ် ကောက်လို့ မရဘဲ ကျန်ခဲ့တာပါ”ဟု ပြောသည်။

သေဆုံးသွားသူ ၁၁ ဦးအနက် ၈ ဦးသည် တာဟန်းသပိတ်စခန်းကို စစ်တပ်နှင့်ရဲက ဖြိုခွင်းစဉ် ဗုံးသီးများဖြင့် ပစ်ခတ် ခံရခြင်းကြောင့် သေဆုံးသွားသူများ ဖြစ်သည်။

အခြားပစ်ခတ်ခံရသူ ၃ဦးသည် တာဟန်းသပိတ်စစ်ကြောင်းမှ မဟုတ်ဘဲ ရပ်ကွက်တွင်း သွားလာနေခြင်း ပစ်ခတ် သတ်ဖြတ် ခံရခြင်း ဖြစ်သည်။

ရပ်ကွက်တွင်း သွားလာနေစဉ် ပစ်ခတ်သတ်ဖြတ်ခံရသူ ၃ဦးသည် မွန်းလိုင်ရပ်ကွက်တွင်း နေအိမ်တွင် ဝက်စာထွက် ကျွေး စဉ် ပစ်ခတ်ခံရသည့် ဦးငုရှန်ပေါင်၊ ပစ်ခတ်ခံရသူများကို ကယ်ဆယ်ရေးလုပ်ပေးနေသည့် ကိုရှားမာ နှင့် ဆေလမ် နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းအနီး ပစ်ခတ်ခံရသည့် ဦးဗန်ထာထန်တို့ ဖြစ်သည်။

၎င်းတို့ ၃ဦးသည် ပစ်ခတ်ခံရပြီးနောက်တွင် စစ်တပ်က ရုပ်အလောင်းများကို သယ်ဆောင်သွားသည်ဟု မျက်မြင်တွေ့သည့် ဒေသခံများက ဆိုသည်။

လူမှုကူညီရေးဆောင်ရွက်သူတဦးက ၎င်းတို့ ယနေ့ညနေအထိ အလောင်း ကောက်ထားသည်မှာ ၈ လောင်းရှိပြီဟု ပြောသည်။

၎င်းက “ကျနော်တို့ အခုသွားသယ်နေတာနဲ့ဆို ၈ လောင်းက သေချာပါတယ်။ ကျနော်တို့ သိသလောက်တော့ ဆုံးတာ အမျိုးသားတွေပါ။ ကျနော်တို့မှာလည်း အလောင်းကောက်ရတာက ရှင်းလင်းပြီးတဲ့ နေရာတွေမှာ ကောက်ရတာပါ။ ပစ်ခတ် နေတဲ့ နေရာတွေကျတော့ ကျနော်တို့ကလေးတွေလည်း သွားဖို့ အခက်အခဲရှိပါတယ်။ ခက်တဲ့နေရာတွေကျ ကျနော်တို့ သွားလို့ မရပါဘူး”ဟု ဆိုသည်။

စစ်တပ်နှင့် ရဲက တာဟန်းသပိတ်စခန်းနှင့် တာဟန်းခံတပ်ကို ဖြိုခွင်းစဉ် အီနာဂါဗုံးသီးများဖြင့် ပစ်ခတ်သည့် အပြင် RPG အသုံးပြု၍လည်း ပစ်ခတ်သည်ဟု သပိတ်စခန်းတွင် ရှိနေခဲ့သည့် လူငယ်များက ဧရာဝတီကို ပြောသည်။

ဧရာဝတီက လက်လှမ်းမီသလောက် စုံစမ်းထားသည့် အချက်အလက်များအရ ဒေသခံများ ရိုက်ယူထားသည့် ဓါတ်ပုံမှတ် တမ်းများတွင် စစ်တပ်က အီနာဂါဗုံးသီးများ ကိုင်ဆောင်ခြင်း၊ ပစ်ခတ်ခြင်း ရှိသည်ကို တွေ့မြင်ရသော်လည်း RPG အသုံးပြု ခြင်း ရှိမရှိကို ဧရာဝတီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

ပစ်ခတ်ဖြိုခွင်းခံရသည့် တာဟန်းသပိတ်စခန်းသည် ကလေးမြို့လူထု၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ပင်မသပိတ် စခန်း ဖြစ်ကာ ၂၄ နာရီဖွင့်လှစ် စခန်းချကာ ဆန့်ကျင်နေသည့် နေရာဖြစ်သည့်အပြင် လူငယ်များက Kalay Civil Army ဟူ၍ ဖွဲ့စည်းကာ အမဲလိုက်ရာတွင် သုံးသည့် တူမီးသေနတ်၊ လေသေနတ် တို့ဖြင့် စစ်တပ်ကို တန်ပြန်တိုက်ခိုက်နေသည့် နေရာ လည်း ဖြစ်သည်။

တာဟန်းသပိတ်စခန်းနေရာတွင် တာဟန်းခံတပ်ကိုလည်း လူငယ်များကာ တည်ဆောက်ထားကာ လူငယ်များကြားတွင် အဖွဲ့ငယ်များ ခွဲကာ စစ်တပ်နှင့် ရဲကို တိုက်ခိုက်ခြင်းများ ပြုလုပ်လျက် ရှိရာ မတ် ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် လူထုနှင့် စစ်တပ်ကြား အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့သည့် နေရာလည်း ဖြစ်သည်။

ယနေ့မနက်ပိုင်း ၅ နာရီက မာရှယ်လောအချိန်လည်း ကျော်လွန်သွားပြီဖြစ်သဖြင့် တာဟန်းသပိတ်စခန်းအတွင်းမှ လူငယ် များက အနားယူနေကြပြီး အချို့ကလည်း အိပ်နေကြရာတွင် စစ်တပ်နှင့်ရဲက ရောက်ရှိလာပြီး ပေါက်ကွဲအား ပြင်းထန်သည့် ဗုံးသီးများဖြင့် တိုက်ခိုက်ကာ စခန်းကို ဖြိုခွင်းလိုက်ခြင်း ဖြစ်သည်။

ရုတ်တရက် ပစ်ခတ်တိုက်ခိုက်ခံရခြင်းကြောင့် တာဟန်းသပိတ်စခန်းအတွင်းမှ အမျိုးသား ၈ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားပြီး တဦးမှာ လက်ပြတ်ထွက်သွားသည်အထိ ဒဏ်ရာရရှိခဲ့သည်။

သေဆုံးသွားသည့်ထဲတွင် ပါဝင်သည့် လူငယ်များနှင့် ဒဏ်ရာရရှိထားသူတို့ထဲမှ အချို့သည် စစ်အာဏာရှင် ဆန့်ကျင်ရေး တာဟန်းခံတပ်ရှိ အဖွဲ့ငယ်များ၏ ခေါင်းဆောင်များ ဖြစ်သည်ဟုလည်း လူငယ်များထံမှ စုံစမ်းသိရှိရသည်။

စစ်တပ်နှင့် ရဲက မနက် ၅ နာရီမှ မနက် ၇နာရီအထိ တာဟန်းသပိတ်စခန်းကို ပစ်ခတ်ဖြိုခွင်းပြီး ရပ်ကွက်အတွင်း ဆိုင်ကယ်ဖြင့် သွားလာနေသည့် အမျိုးသားတဦး၏ ခြေထောက်ကိုလည်း ပစ်ခတ်ခဲ့သည်။

တာဟန်းသပိတ်စခန်း ဖြိုခွင်းခံရသဖြင့် လူငယ်များက မြို့တွင်း၌ စစ်တပ်နှင့် ရဲ သွားလာ၍ မရစေရန် တန်ပြန်ပိတ်ဆို့သည့် အနေဖြင့် လမ်းမများပေါ်၌ တာယာကွင်းများကို မီးရှို့ခြင်း ပြုလုပ်ရာ စစ်တပ်နှင့်ရဲက လမ်းသွားလမ်းလာ လူငယ် ၁၀ ဦး ထက် မနည်းကို ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူများထဲတွင် ဆန္ဒပြနေခြင်းမဟုတ်ဘဲ ရပ်ကွက်တွင်း သွားလာနေသူများလည်း ပါရှိကြောင်း သိရသည်။

ဒေသခံတဦးက “ဒီနေ့ဖမ်းခံရတဲ့ထဲမှာ ကဗျာဆရာအောင်မူး(ကလေး)ဆိုရင် ဘာမှမဆိုင်ပဲ ဖမ်းဆီးခံရတာ ။ မနက် အစောကြီး ၅နာရီလောက်မြို့ထဲမှာ တန်ပြန်အနေနဲ့ ကားတာယာတွေကို မီးရှို့ကြတော့၊ သူ့အိမ်နားက မီးရှို့ဖို့ ပြင်နေတဲ့ နားမှာ သူရောက်နေတာ၊ သွားကူညီတာလည်း မဟုတ်ဘဲ ထွက်ကြည့်နေတုန်း စစ်တပ်က ကင်းလှည့်လာတာနဲ့ တိုးတော့ သူလည်း ဖမ်းခေါ်သွားခံလိုက်ရတယ်” ဟု ပြောသည်။

တာဟန်းသပိတ်စခန်းမှ လူငယ်များမှာ ပစ်ခတ်ဖြိုခွင်းခံရခြင်းကြောင့် လူစုခွဲကာ ဘေးကင်းရာသို့ ရှောင်နေရသည်ဟု လူငယ်များထံမှ သိရသည်။

ပြိုကွဲသွားသည့် တာဟန်းသပိတ် စခန်း နေရာတွင် စစ်တပ်က နေရာယူထားလိုက်ပြီး တာဟန်းရပ်ကွက်အတွင်း၌လည်း ကင်းပုန်းဝပ်ကာ ဖြန့်ကျက်နေရာယူထားသည့် အခြေအနေရှိနေသည်။

စစ်တပ်နှင့်ရဲက အကြမ်းဖက်ကာ ပစ်ခတ်ဖြိုခွင်းခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်နေသော်လည်း ယနေ့မနက်ပိုင်း ၉ နာရီဝန်းကျင်တွင် လူဦးရေ ၅၀ ထက်မနည်း ပါဝင်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတခုသည် လမ်းပေါ်ထွက်ကာ ဆန္ဒပြခဲ့ ကြသည်။

You may also like these stories:

ပင်လယ်ဘူးမြို့ ဒေသခံများ မြို့လုံးကျွတ်နီးပါး နေရပ်စွန့်ခွာ တိမ်းရှောင်

ကလေးမြို့ တာဟန်းသပိတ်ခံတပ် စစ်တပ်ပစ်ခတ် ၅ဦးထက်မနည်းသေဆုံး

မိုးညှင်းမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းဝင်းများကို စစ်တပ် ဝင်ရှာဖွေ

Your Thoughts …
Tags: ကလေးမြို့စစ်တပ်တာဟန်းရဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

by ကြာဖက်နှင်း
7 April 2024
14.7k

စစ်တပ်က ကြီးကြီးမာစတာဟု ခေါ်သော ဗိုလ်ချုပ် အထက်တွေ အားလုံး သူ့ရဲ့ အိတ်ကပ်ထဲမှာ။ ညနေခင်း ဆိုလျှင် ဂေါက်ရိုက်နေကြ။ ပြီးလျှင် ဈေးကြီးကြီး ဝီစကီ ပုလင်းတွေ ထောင်ကြ။ Louis 13 ဆိုလား။

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

by ဧရာဝတီ
19 May 2024
11.5k

ဘီလီယံနာ အငြိမ်းစား တယောက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂေါက်သွား ရိုက်တာ မဆန်း။ အဲဒီထဲမှာ မြန်မာပြည်က သူဌေးကြီး ဦးအောင်ကိုဝင်းလည်း ပါသည်။

စစ်တပ်လိုလားသူ အမာခံများ တရုတ်ခရီးစဉ်မှာ ပါ

စစ်တပ်လိုလားသူ အမာခံများ တရုတ်ခရီးစဉ်မှာ ပါ

by မောင်ကဝိ
24 July 2024
10.6k

USDP ကိုယ်စားလှယ်တွေမှာ စစ်ကောင်စီအမာခံ သဘောထားတင်းမာသူတွေလို့ ထင်ရှားသူတွေ ပါဝင်ပါတယ်။

နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

by ဧရာဝတီ
19 June 2024
10.5k

ဆရာတော်ကြီး၏ ရုပ်ကလပ်ကို ပဲခူးမြို့သို့ ပြန်လည် သယ်ဆောင်ရန် တာဝန်ရှိသူများက ခွင့်မပြု၍ ဆရာတော် တချို့နှင့် အချေအတင် ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီက ပဲခူးမြို့သို့ ပြန်လည် သယ်ယူခွင့်ပြုလိုက်ကြောင်း သိရသည်။

ဒုချုပ် မုံရွာခရီးစဉ်အပြီး ဘုတလင်ဒေသခံတို့ ရက်စက်စွာ အသတ်ခံရ

ဒုချုပ် မုံရွာခရီးစဉ်အပြီး ဘုတလင်ဒေသခံတို့ ရက်စက်စွာ အသတ်ခံရ

by ဧရာဝတီ
21 October 2024
9.6k

မကြာသေးမီ အောက်တိုဘာ ၁၄ ရက်က စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) သို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း လာရောက်ခဲ့သည့် ခရီးအစဉ်အပြီး အောက်တိုဘာ ၁၇ ရက် (သီတင်းကျွတ်လပြည့်နေ့)...

လူမဆန်တဲ့ လက်ထုတ္တောရွာ လူသတ်ပွဲ

လူမဆန်တဲ့ လက်ထုတ္တောရွာ လူသတ်ပွဲ

by ဧရာဝတီ
23 May 2024
9.1k

ဒီလို အဖြစ်ဆိုးကြီးနဲ့ ကြုံရတဲ့ လက်ထုတ္တောရွာခံတွေအဖို့ အရာရာကို မျက်စေ့သူငယ် နားသူငယ်နဲ့ ကြောက်ရွံနေပြီး အမြဲတမ်းစိုးရိမ်ပူပန်မှုကြီးတခု သူတို့ ရင်ထဲမှာ စွဲကပ်နေသလို ခံစားနေရပါတယ်။

Next Post
တန့်ဆည်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေမှုများ / cj

တန့်ဆည်တွင် ပြည်သူ ၆ ဦး သေဆုံး၊ ပြန်လည်ခုခံမှုကြောင့် စစ်တပ်ဘက်ကလည်း ထိခိုက်မှုရှိ

မီးကူငြှိမ်းပေးခဲ့သူ ကိုအောင်ပိုင်ထွေး၏ ရုပ်အလောင်း / CJ

ရပ်ကွက်ရုံးမီး ကူငြှိမ်း၍ ဖမ်းခံရပြီး သေဆုံးသူကို မီးသတ်ကားတိုက်၍ဟု ဆေးစာရေး

No Result
View All Result

Recommended

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

2 days ago
2.7k
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

1 day ago
2.4k

Most Read

  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate