ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နောင်မွန်ကျေးရွာအုပ်စုရှိ ရဲကင်းစခန်းတခုကို ယနေ့မနက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်များ ဝင်ရောက် တိုက်သဖြင့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးသွားသည်ဟု သတင်း ရရှိသည်။
ရဲအုပ် အောင်သူရ အပါအဝင် ၁၄ ဦး၏ အလောင်းကို ရဲကင်းစခန်းအတွင်းမှ သယ်ထုတ်လာသည်ကို မျက်မြင်တွေ့သူ များက ဧရာဝတီကို အတည်ပြု ပြောဆိုခြင်း ဖြစ်သည်။
ထိုသူက “အလောင်း ၁၄ လောင်းကို ကားတွေနဲ့ သယ်ထုတ်သွားတယ်။ လားရှိုးက တပ်မတော် စစ်ဆေးရုံကို ပို့လိုက်ကြ တယ်” ဟု ပြောသည်။
ယနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်က တိုက်ခိုက်ခံရခြင်းကြောင့် ရဲကင်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးသည့်အပြင် ရဲ ကင်းစခန်း၏ ဝင်းအတွင်း နေထိုင်သည့် ရဲမိသားစုဝင် ၅ ဦးထက် မနည်း ကျည်ထိမှန် ဒဏ်ရာများ ရရှိထားပြီး ၂ ဦးပျောက်ဆုံးနေကြောင်း သည်ဟုလည်း မျက်မြင်တွေ့သူတဦးက ဆိုသည်။
ရဲကင်းစခန်းတိုက်ခိုက်ခံရပြီးနောက်တွင် နောင်မွန်ကျေးရွာတဝိုက်၌ စစ်တပ် ရောက်ရှိလာပြီး စစ်ဆေးခြင်း များ ပြုလုပ်နေသည်ဟုလည်း သိရသည်။
ဒေသခံများက နောင်မွန်ရဲကင်းကို ယနေ့မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်သူများမှာ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)နှင့် ရက္ခိုင်စစ်တပ် (AA) တို့ ၃ ဖွဲ့ပူးပေါင်းထားသည့် ညီနောင် မဟာမိတ်တပ်များ ဖြစ်သည်ဟု ပြောဆိုနေကြသော်လည်း ဧရာဝတီက အတည်ပြုနိုင်ခြင်း မရှိပါ။
TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က မြေပြင်တွင် စစ်ဆင်ရေးလုပ်နေသည့် တပ် မှူးများကို ဖုန်းဖြင့် ဆက်သွယ်နေရာ ဆက်သွယ်မရသဖြင့် နောင်မွန်ရဲကင်းကို ဝင်တိုက်ခိုက်သူများမှာ TNLA တပ်ဖွဲ့ သို့မ ဟုတ် ညီနောင် မဟာမိတ် ၃ ဖွဲ့ ဟုတ် မဟုတ်ကို အတည်ပြုပေးနိုင်ခြင်း မရှိသေးပါဟု ပြောသည်။
ညီနောင်မဟာမိတ် ၃ဖွဲ့အနေဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း ၃ ဖွဲ့ ပူးပေါင်း၍ စစ်ဆင်ရေး ပြုလုပ်ရန် စီစဉ်နေခြင်းများ ရှိမရှိ မေးမြန်းရာ ဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က “စစ်ရေးအသေးစိတ် ကိစ္စက ကျနော်လည်း မသိရဘူး။ အောက်ခြေက ပူးတွဲ လှုပ်ရှားနယ်မြေ အတွင်းမှာ ဒီလိုပဲ သွားလိုက်လာလိုက် လှုပ်ရှားမှုတော့ ရှိတယ်။ ဒီရက်ပိုင်းအတွင်း ပူးတွဲမှု ရှိမရှိကို တော့ ကျနော် မသိပါဘူး” ဟု ပြောသည်။
နောင်မွန် ရဲကင်းစခန်း တိုက်ခိုက်ခံရပြီးနောက်တွင် စစ်တပ်၏ ရဟတ်ယာဉ်နှစ်စင်းက လားရှိုးမြို့ပေါ်တွင် ပျံသန်းနေပြီး လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာအုပ်စု၊ လမ်းခွဲနားတွင်လည်း ပစ်ခတ်သံများ ကြားနေရသည်ဟု ဒေသခံများက ပြောဆို သည်။
နောင်မွန်ကျေးရွာအုပ်စုသည် သီပေါမြို့နယ်မှ လားရှိုးမြို့နယ်ဘက်သို့ အသွား၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည် ရှိသည့် ကျေးရွာ ဖြစ်သည်။
လားရှိုးမြို့နယ်သည် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ တပ်ဖွဲ့များ လှုပ်ရှားသည့် အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့ များလည်း လှုပ်ရှားသည့် နယ်မြေ ဖြစ်သည်။
You may also like these stories:
စစ်ကောင်စီ ငွေရှာတဲ့ ကျောက်မျက်လုပ်ငန်းကို အမေရိကန်ပိတ်ဆို့အရေးယူ
သတင်း အမှောင်ချလိုသဖြင့် PSI စက်များကို စစ်ကောင်စီ လိုက်သိမ်းနေ
အင်အားကြီး တိုင်းရင်းသားတပ်များကို စစ်ကောင်စီ လိုက်စည်းရုံးနေ
သေနတ်နှင့် တကယ်ပစ်ပါက လူ ၅၀၀ ကို နာရီပိုင်းအတွင်း ပစ်သတ်နိုင်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်း ပြော